၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း

RNA_ဩဂုတ်(၃၁)၊၂၀၂၄ခုနှစ်။
 
မြဝတီစစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုများ၊ လူငယ်ထိန်းသိမ်းရေးစခန်းအတွင်း မိမိကိုယ်မိမိ သတ်သေဖို့အထိ ကြံစည်ခဲ့မိသည့်ဖြစ်ရပ်များကို မအိစန္ဒာကျော်က ပြောပြထားပါတယ်။
 
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သော မအိစန္ဒာကျော်ကို ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့က မြဝတီမြို့၌ ဖမ်းဆီးခံရစဉ် အသက် ၁၆ နှစ်ကျော်လေးသာ ရှိသေးသည့်အတွက် ကလေးထောင်ဟု အများခေါ်ဝေါ်သည့် တွံတေးမြို့နယ်အတွင်းက လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပုဒ်မ ၅၀ (ဈ)ဖြင့် အသက် ၂၀ အထိ နေခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာတဲ့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါပြီ ဖြစ်ပါတယ်။
 
#RedNewsAgency #RNA
By Editor