Red News Agency

Independent Journalism for Justice and Human Rights.

“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့

Written by

in

RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိိ စစ်ကောင်စီလက်အောက်ခံများကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက Myingyan District Special Operation (MDSO) “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် ဩဂုတ်လ ၁၀ ရက်မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲများ ဆင်နွှဲခဲ့ကြောင်း Myingyan Black Tiger (MBT)ထံမှ သိရသည်။
 
“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အတွင်း မြင်းခြံမြို့ ခမရ- ၁၅ တပ်ရင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံပျူစခန်း၊​ သစ်ပင်ရှည်ကျေးရွာအနီး တိုက်ပွဲ၊ ပျော်ဘွယ် စံပြကျေးရွာအနီး တိုက်ပွဲ၊ ရွာကြီးကျေးရွာအနီးတိုက်ပွဲနှင့် နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ကျေးရွာအနီး တိုက်ပွဲတို့အား များဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိအပါအဝင် အနည်းဆုံး (၉) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း၊ မဟာမိတ်တပ်ဖွဲမှ ရဲဘော်တဦး ကျဆုံးခဲ့သည်ဟု သိရသည်။

မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီကို တိုက်ထုတ်သည့် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” တွင် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၈)၊ မြင်းခြံခရိုင် Drome တပ်ရင်းနှင့် အခြား LPDFများ၊ ပကဖရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
#RedNewsAgency #RNA