သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
သပိတ်ကျင်းမြို့နယ်အတွင်းမှ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်အများအနေဖြင့် မဟာမိတ် TNLA နှင့်အတူ ရှမ်းမြောက်တိုက်ပွဲများတွင်လည်း ဆင်နွှဲနေပြီး မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကိုသိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်စသည်တို့တွင်လည်း တိုက်ပွဲများဆင်နွှဲနေကြောင်း သိရသည်။
#RedNewsAgency
By Editor