ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
 
တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊ G3 သေနတ် ၃လက်၊ MA1 သေနတ် ၁ လက်စသည်တို့ကို သိမ်းဆည်းရမိပြီး ကင်းတဲ့စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့ဝင်တဦးထံမှ သိရသည်။
 
စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုပါဝင်သည့် ရုပ်သံ အပြည့်အစုံကြည့်ရန် >>> https://t.me/rednewsagency/7190
 
#RedNewsAgency
By Editor