RNA_မေ(၁၁)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့် အာရက္ခတပ်တော် AA တို့အကြား လူမျိုးရေး ဘာသာရေး အခြေခံပြီး ပဋိပက္ခဖြစ်ပွားအောင် စစ်ကောင်စီက ပြုလုပ်နေချိန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်မှတဆင့် အစ္စလာမ်ဘာသာဝင်များကို ကယ်ထုတ်နေသည့် ပုံများကို ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီက မောင်တောမြို့နယ်အတွင်းမှ အစ္စလာမ်ဘာသာဝင်များက အဓမ္မစုဆောင်းပြီး AA အလိုမရှိ၊ စစ်ပွဲအလိုမရှိဆို ဆိုင်းဘုတ်များကိုင်ဆောင်ကာ အဓမ္မဆန္ဒပြခိုင်းမှုများကို ပြုလုပ်ခဲ့ခြင်း၊ စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင်လည်း ရိုဟင်ဂျာများကို သတ်ဖြတ်နေပြီဆိုသည့် အကြောင်းအရာနှင့် လူမျိုးရေး ဘာသာရေးခြေခံပြီး ဝါဒဖြန့်ချိန်မှုများကို ရခိုင်ပြနည်အတွင်း AA ထိုးစစ်စတင်ချိန်ကတည်းက လုပ်ဆောင်နေကြသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေပြီး တပ်သားလိုအပ်ချက်များအရ အစ္စလာမ်ဘာသာဝင်များကိုလည်း အဓမ္မစစ်သင်တန်းများပေးပြီး ရှေ့တန်းစစ်မျက်နှာများတွင် အသုံးပြုနေသည့်အတွက် တိုက်ပွဲများအတွင်း ကျဆုံးနေသူများရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အခြေခံပြီး ပဋိပက္ခဖြစ်အောင် လုပ်နေသည့်ကြားမှ AA အနေဖြင့် ရခိုင်တပြည်နယ်လုံးလွတ်မြောက်ရေးကို ဦးတည်ပြီး ထိုးစစ်အရှိန်မြှင့်နေကြောင်း၊ ဘူးသီးတောင် တပ်မဌာနချုပ်အား စကခ (၁၅) အားလည်း မေလ ၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ဟု သိရသည်။
#RedNewsAgency