PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”

RNA_ဧပြီ(၁၄)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်လွင်ပြင် PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”ကို တော်လှန်ပြည်သူများအတွက် ဖော်ပြလိုက်ပါသည်။

“‌အိုးစည်လည်းမပါသလို ဒိုးပတ်လည်းမပါပါဘူး ပုဆိုးတွေလည်းမကောင်းသလို ဆင်တူအင်္ကျီမပြောနဲ့ စတစ်အကျီဖြူကိုတောင် ပြည်သူဆီက ငှားပြီး ဆိုရတဲ့ သံချပ်မို့ လိုအပ်မှုတွေက အများကြီးပါ။ အသံသာသာ မကြားရပေမယ့် တော်လှန်ရေးရဲ့ အဖြစ်သနှစ်တွေကို လူငယ်တွေပီပီ တည့်ရေးပြီး တည့်ပြောထားတာမို့ ဖြောင့်မှန်သူတွေ နားဝင်ပီယံ သာစေကြောင်းနဲ့ပါ။ ပျက်နေတာတွေပြင်ပြီး လွဲနေတာတွေ တည့်စေချင်လို့ပါ” ဆိုသည့် ရည်ရွယ်ချက်ဖြင့် အားမနာ သံချပ်ကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး၊ ပြည်သူများအနေဖြင့် အမှားပါရင် ခွင့်လွှတ်ရန် အနောက် မြောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

#rednewsagency #rednews #myanmar #burma #springrevolutionmyanmar #spring #pdf

By Editor