ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

RNA_ဖားကန့်၊ဧပြီ(၇)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြေမြင့်ရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ဦးနှင့် KIA ရဲဘော် ၂ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

ဆယ်ဇင်းကျေးရွာနှင့် မြေမြင့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို KIA နှင့် PDF တို့ ပူးပေါင်းပြီး ဧပြီလ (၆) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကျဆုံးခဲ့ရသည့် PDF ရဲဘော် (ကိုရဲ) သည် ဖားကန့်၌ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စတင်ရာတွင် အစောဆုံးအုပ်စုထဲတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်မျာထံမှ သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်နေရာသည် စစ်ကောင်စီကိုထောက်ခံသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့များကြီးစိုးထားကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီနှင့် ရှမ်းနီလက်နက်ကိုင်များပူးပေါင်းကာ ဆယ်ဇင်းကျေးရွာ တစ်ရွာလုံးကို မီးရှို့ခြင်း၊ ပြည်သူများကိုပစ်သတ်ခြင်း၊ ပစ္စည်လုယူခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများဆောင်ရွက်ခဲ့ကြ‌ကြောင်း၊ ယခုအခါ KIA နှင့် PDF များက နယ်မြေစိုးမိုးနိုင်ရေး တိုက်ပွဲဝင်နေကြောင်း သိရသည်။

#RedNewsAgency

By Editor