NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်လာသည်။
 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ (၂.၂) သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိကြောင်း၊ ရရှိထားသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ကြောင်း၊ ​Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေးအရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
 
ဓာတ်ပုံ – စစ်ကောင်စီလေတပ်
 
#RedNewsAgency
By Editor