Tag: Red News Agency

  • AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းတို့ နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

    အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂၀ ဦးကျော် ထွက်ပြေးနေကြောင်း သိရသည်။

    အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်လိုမှုမရှိသည့်အတွက် ထွက်ပြေးသည့် ဝန်ထမ်းများတွင် အမျိုးသမီးအပါအဝင် ၂၀ ဦးကျော်ရှိကြောင်း၊ အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီးတွင် ထွက်ပြေးသူများစာရင်းကပ်ထားပြီး ဝန်ထမ်းအိမ်ယာပြန်လာပါက အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။

    (more…)

  • မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

    မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်မိသားစုလုံခြုံရေးနှင့်ကိုယ်ရံတော်လုပ်ခဲ့သူ တပ်ရင်းမှူးအဆင့်နှင့်ရှေ့တန်းထွက်ရစဉ် ယမန်နေ့က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
     
    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက် တောထဲတွင် နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှညနေပိုင်းအထိ ၃ ကြိမ် ဖြစ်ပွားသည့် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ နှစ်ပွင့်ဗိုလ်နှင့်အခြားအဆင့်ပါ ၂၀ ဝန်းကျင်သေဆုံးပြီး၊ KIA ရဲဘော်တဦး ကျဆုံးခဲ့ရသည်ဟု Indaw Revolution-IR က ထုတ်ပြန်ထားသည်။

    (more…)

  • ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

    ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
     
    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။
     
    မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ လာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များကို ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် (၄) ဦးသေဆုံးကာ အများအပြား ထွက်ပြေးကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများထွက်ပြေးကြရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ၅.၅၆ (ကပစ) ကျည်ဆန် (၃၇၀)တောင့်၊ (၄၀) မမ ဗုံးသီး (၈) လုံး၊ RPG ဗုံးသီး (၃)တောင့်၊ ၎င်းပို့ယမ်းတောင့် (၃) တောင့်၊ (၅.၅၆)ကျည်ဘောက် (၈)ခု၊ MA – 2 ကျည်ဘောက်(၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ စစ်သုံးမြေပုံ (၁)ချပ်၊ ကျည်ကာ ဦးထုပ် (၁)လုံး၊ စစ်သုံး လွယ်အိတ် (၁)လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် (၁)လုံး၊ ပေါက်တူး (၁)လက်၊ စက်အားသွင်းခုံ (၁)ခု၊ ရေဘူး(၁) လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ(၂)ပုံ တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုဝင်စီးစဉ် ပြည်သူများကို သတ်ဖြတ်ပြီး လေဖြတ်နေသည့် ပြည်သူတဦးနှင့် ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။

    ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများအတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ထန်းကြီးကျေးရွာဝင်စီးစဉ် ဒေသခံပြည်သူ အနည်းဆုံး (၅) ဦးကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့သွားခဲ့သည်။

    (more…)

  • နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

    နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
     
    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု – SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။
     
    မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force – အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို ဝင်ဖမ်းရန်ပြုလုပ်သည့်အတွက် ည ၇ နာရီ ၃၀ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ရပ်ကွက်အုပ်ကြီးသား ဒလန် ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အင်အား ၃၀၀ ဝန်းကျင်က ရပ်ကွက်ကို ပိတ်ဆို့ကာ လက်နက်ကြီး လက်နက်ငယ်များစွာဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ရဲဘော် ၁ ဦးပါအဝင် (၅) ဦးမှာ ဖမ်းဆီးခံလိုက်ရသည်ဟု SUMF က ထုတ်ပြန်ထားသည်။
     
    စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ရဲဘော် (၅) ဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး “ အစဉ်လေးစားလျှက်ပါ ရဲဘော်တို့ မကြာခင်အကြွေးပြန်ယူမယ်” ဆက်လက်တော်လှန်သွားမည်ဟု Special Underground Movement Force က ပြောကြားထားပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေရဲစခန်းအတွင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့ကြသည်။
     
    #RedNewsAgency

  • “တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

    “တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

    ပျော်စရာရှိရင်လည်း ပျော်ပါပျော်ရင်းနဲ့ပဲ သတိလေးထားပြီးအပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါငိုရင်းနဲ့ပဲ သတိလေးထားပြီးတော်လှန်ရေးရဲ့ ပန်းတိုင်ကိုဆက်လျှောက်ပါ

    ချစ်ဝင်းမောင်

    အကြည်ဓာတ်လေးဆိုတဲ့ စကားကို လူအတော်များများက ပြောဆို သုံးစွဲလာတာ သတိထားမိပါတယ်။ လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာက ဘယ်နေရာမှာ ဖြစ်နိုင်ပါသလဲ။ နှစ်ပိုင်းရှိမယ်တော့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြည်ဓာတ်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်လို့ သရုပ်ခွဲလို့ ရနိုင်ပါတယ်။

    ရုပ်ကို ကြည်အောင် ခေတ်မီ အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပြင်ဆင်လို့ ရနိုင်ပါတယ်။ စိတ်ကို ကြည်အောင်တော့ဖြင့် ပြင်ပ အကူအညီ တစ်ခုတည်းနဲ့တင် ပြင်ဆင်လို့မရနိုင်ပါဘူး။ နဂို ပကတိစိတ်ကကို ကြည်လင်နေမယ်၊ ကြည်လင်စေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ကြည့်ရှု သုံးသပ် နှလုံးသွင်းတတ်မယ်ဆိုမှ စိတ်ရဲ့ အကြည်ဓာတ်ကို ရနိုင်ပါလိမ့်မယ်။ ဒါကတော့ တစ်ကိုယ်ရည် ဆင်ခြင်မိတဲ့ ယေဘုယျ သရုပ်ခွဲ သုံးသပ်မှုပါ။

    (more…)

  • “ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

    “ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ရွယ်ပြီး ” ခွေးပု”၊”ဂျပု ဂျပု အို့ …အို့” စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားပါ စကေကာများကပ်ကာ ယနေ့ ရန်ကုန်မြို့အတွင်း Shwe Pyi Thar Strike Committee(SPTSC)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်‌ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

    မူဆယ်မြို့ ဗုံးပေါက်ကွဲမှု (၅) နှစ်ကလေးငယ်အပါအဝင် (၈) ဦးဒဏ်ရာရ

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

    ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ် လမ်းမကြီး၊ မြစ်ရွှေလီလမ်းမနှင့် လင်းရောင်ခြည်လမ်းမကြား ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွာခဲ့ရာ (၅) နှစ်အရွယ် ယောက်ျားလေးတဦးနှင့် အမျိုးသမီး(၃)ဦးအပါအဝင် (၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

    ” ဗုံးပေါက်ကွဲမှု ကျားရှစ်ယောက်အနက် ငါးနှစ်ကလေးငယ်ယောကျာ်လေးတစ်ယောက်ပါဝင်ပြီး မသုံးယောက်ဒဏ်ရာရရှိခဲ့ပါသည်။ကျား (1)မန္တလေးဆေးရုံသို့ လွှဲပြောင်းကူညီပေးခဲ့ပါသည်။လမ်းမကြီးဘေးမှ ဆိုင်ခန်းတချို့နှင့် လမ်းဘေးရပ်ထားသောကားသုံးလေးစီးခန့် အနည်းငယ်ပျက်စီးထိခိုက်” ဟု “နှလုံးလှ”လူမှုကူညီရေးအသင်း(မူဆယ်)က အသိပေးထားသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း 

    ဗုံးပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့အထက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ : “နှလုံးလှ”လူမှုကူညီရေးအသင်း

    #RedNewsAgency