Tag: Red News Agency

  • လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

    လူမဆန်စွာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် CDM ဆရာ ဦးစောထွန်းမိုးအတွက် အထူးဝမ်းနည်းကြောင်း NUG ထုတ်ပြန်

    RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်)ကို စစ်ကောင်စီတပ်သားများက လူမဆန်စွာ ရက်ရက် စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် အတွက် အထူးဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ဆရာဦးစောထွန်းမိုးသည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့်အပြင် ကြားကာလပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက် ပေးနေသော ဆရာတစ်ဦးဖြစ်ကြောင်း၊ ဆရာဦးစောထွန်းမိုး ကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာ ရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုထားပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

    ရဲ (၄) ဦး အသတ်ခံရပြီး ကျေးရွာ (၁၁) ရွာကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရ

    RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် (မြောက်ခြမ်း) ညောင်ပင်ကြီးကျေးရွာမှ ရဲ (၄) ဦး အသတ်ခံရပြီးအနီးနားရှိ ကျေးရွာ (၁၁) ရွာမှ ပြည်သူများ ယနေ့ နေ့လည်ပိုင်းမှစတင်ကာ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။

    ယနေ့နေ့လည် (၁) နာရီ မိနစ် (၃၀) ခန့်က ညောင်ပင်ကြီး ရဲစခန်းမှ စျေးထွက်ဝယ်သည့် ရဲ (၄) ဦးကို အမည်မသိအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ၊ ၄ ဦးလုံးသေပြီး လက်နက်လည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ : ယနေ့ ညောင်ပင်ကြီး ကျေးရွာအနီးဝန်းကျင်ရွာမှ စစ်ဘေးရှောင်များ မြင်ကွင်း/ Aung Khant Zaw 
    ဓာတ်ပုံ : ယနေ့ ညောင်ပင်ကြီး ကျေးရွာအနီးဝန်းကျင်ရွာမှ စစ်ဘေးရှောင်များ မြင်ကွင်း/ Aung Khant Zaw 

    (more…)

  • မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

    မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

    စစ်ကောင်စီက PDF တွေကို EROs တွေ အကူအညီမပေးနိုင်ရေးနဲ့ PDF ၊ NUG အင်အားလျော့နည်းလာအောင် အချင်းချင်းသွေးကွဲလွဲအောင် နည်းမျိုးစုံသုံးပြီး အချိန်ဆွဲနေတာပါပဲ။ ဒါကြောင့် သန္ဓေမမှန် ရိုးသားမှု မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုပြီး ဟန်ပြလုပ်နေတာဖြစ်ပါတယ်

    ဇင်လင်းနိုင်

    ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်တဲ့နေရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးမယ်လို့ နေ ပြည်တော်မှာ စက်တင်ဘာ ၂၇ ရက် မနေ့က လုပ်တဲ့ အစည်းအဝေးမှာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ 

    ဒါ့အပြင် ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဝိဝါဒကွဲပြားမှုတွေရှိနေတယ်လို့ သူက ဆိုပြန်ပါတယ်။ ဒီပြောဆိုမှုဟာ သူတို့နဲ့ မဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ရည်ညွှန်းတာလို့ ထင်ပါတယ်။ ဒါပေမယ့် ပြည်ပက ဘယ်လိုပယောဂလဲ၊ ဘယ်လို ဝိဝါဒကွဲသလဲဆိုတဲ့ စကား (သတင်းထုတ်ပြန် ဝါဒဖြန့်တဲ့အထဲမှာတော့) တစ်စွန်းတစ်စမျှ မပါပေ။ 

    အဲဒီလို အာဏာသိမ်းခေါင်းဆောင် ပြောကြားချက်တွေဟာ ဗမာပြည်နယ်ဖွဲ့စည်းဖို့ SSPP က စစ်ကောင်စီ ဥက္ကဌကိုတိုက်တွန်းခဲ့တာ၊UWSP  “ဝ” ပြည်နယ် သတ်မှတ်ဖို့နဲ့ NDAA  မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ရေး မူအာဖြင့် သဘောတူတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  ဖြစ်နေပါတယ် ။စက်တင်ဘာ ၂၆ ရက်နေ့မှာ SSPP/ SSA၊ UWSP ၊ NDAA တို့နဲ့ စစ်ကောင်စီ ခေါင်းဆောင် တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံစဥ်မှာ အကျေအလည် မဖြစ်ခဲ့လို့လား၊ညှိနှိုင်းမှု အဖုအထစ်ဖြစ်သွားခဲ့တာလားဆိုတာ တွေးစရာတွေလည်း ရှိနေပါတယ်။ 

    (more…)

  • အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

    အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

    RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။

    Photo : CJ
    Photo : CJ
    Photo : CJ
    Photo : CJ

    (more…)

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

    ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

    အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။

    စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ : ယနေ့ သဲကောကြီးရွာမီးရှို့ခံနေရသည့်မြင်ကွင်း။ 

    (more…)

  • မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

    မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း

    ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

    (more…)

  • အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

    အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်‌ငံ‌ရေးအကျဉ်းသား (၂၅၀) ယနေ့ နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ကြောင်း သိရသည်။

    “အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စ‌နေ‌နေ့ ယနေ့မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦးနှင့် အမျိုး သမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း သတင်းရရှိသည်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)က ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၁၂) နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးခဲ့

    စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၁၂) နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးခဲ့

    RNA_စက်တင်ဘာ (၂၄)၊၂၀၂၂ခုနှစ်။

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေပေါ်ကျွန်းစေတီပေါ်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စက်တင်ဘာ ၂၂ ရက်နေ့က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် မိုးစစ်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲကာ အသက် (၁၂) နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးခဲ့ရပြီး အမျိုးသမီးတဦး ခြေထောက်ပြက်ကာ အခြားရွာသားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ အကြမ်းဖက် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့အထိ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၁၆) ဦး ရှိခဲ့ပြီး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၄၆၄) ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

    တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။

    [embedyt] https://www.youtube.com/watch?v=LCZg5GwClVg[/embedyt]

    စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။

    Red News Agency

  • AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

    AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးမှ ‌AAအား ထောက်ပံ့ပေးနေသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူရန် စက်တင်ဘာလ (၂၀) ရက်နေ့က Video Conferencing ဖြင့် နပခကွပ်ကဲမှုအောက်ရှိ တမခမှူး၊ စကခမှူး၊ ရေတပ်ဌနခမှူး၊ နဖ(၁)မှူး၊ စဗာမှူး၊ နဗဟမှူး၊ လကရကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့မှူးများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အတွင်းရှိကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားထားရန်နှင့် ကုန်လမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးသွားရန် ညွှန်ကြားထား သည်။

    (more…)