18                                    
                                    
                                        Oct 
                                    
                                
                            
                        
                        
                    
                        RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုး (ပညာမိုးဘော်ဒါအုပ်)ကို စစ်ကောင်စီတပ်သားများက လူမဆန်စွာ ရက်ရက် စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် အတွက် အထူးဝမ်းနည်းကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ဆရာဦးစောထွန်းမိုးသည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့်အပြင် ကြားကာလပညာရေးကို အကောင် အထည်ဖော်ဆောင်ရွက် ပေးနေသော ဆရာတစ်ဦးဖြစ်ကြောင်း၊ ဆရာဦးစောထွန်းမိုး ကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာ ရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုထားပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)                    
                                            
                                    