Tag: မင်းအောင်လှိုင်

  • စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

    စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

    “တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါ”

    မောင်ဝိ

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်နောက်မှာတော့ စစ်တပ်ထံမှ တကြိမ်မှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်ကို မြင်တွေ့လာရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ “နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့” စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်ကနေ ထွက်လာတဲ့သူတွေမှာ အကြောင်းပြချက်မျိုးစုံရှိကြပါတယ်။ စစ်တပ်ရဲ့ မတရားမှုကို သိရှိလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေကို (CDM) အဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် (CDM) အဖြစ်မခံယူဘဲ စစ်တပ်ထဲမှာမနေလိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ၊ လက်နက်ချ၊ အလင်းဝင် စသဖြင့်​ရှိပါတယ်။ အဲ့ဒီလို စစ်တပ်မှာ မနေချင်လို့ ထွက်လာသူတွေကို စစ်တပ်ပိုင် မြဝတီ၊ မြန်မာ့အသံတွေက တကူးတက ထုတ်ပြန် စည်းရုံး နေရတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။

    နောက်ထပ်လည်း ဖြစ်စဥ်တခု ရှိပါသေးတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းက နောက်ဆက်တွဲ ဖြစ်စဥ်တစ်ခုပါ။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်က စစ်ကောင်စီအလံကို ဖြုတ်ချပြီး၊ချင်းအမျိုးသား အလံတော်ကို လွှင့်ထူနိုင်ခဲ့ပါတယ်။ ရိခေါဒါရ်မြို့သိမ်း တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်မှ စစ်သား (၄၀)ကျော် နိုဝင်ဘာ ၁၃ နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်နယ်စပ်ရွာဖြစ်တဲ့ ဇိုခွာထာရ်ရွာဘက်ကို လက်နက်ချထွက်ပြေးသွားတယ်လို့ ကြားသိရတယ်။

    (more…)

  • စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    “စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”

    ငြိမ်းမောင်

    တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။

    ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။

    KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့​အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။

    (more…)

  • စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

    စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

    RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။
    စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=4piLXCoGucw[/embedyt]
    ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။
    Red News Agency

  • စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

    စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

    “စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ”

    မောင်ဝိ

    ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။

    တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။

    တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန် သိသာစေတဲ့ အရာတွေ ရှိပါတယ်။ မြန်မာတနိုင်ငံလုံးမှာ စစ်ကောင်စီအခြေစိုက်ထားတဲ့ လေတပ်တွေက ၁၅ တပ်နဲ့ အထက်မှာ ရှိပါတယ်။ အနီးစပ်ဆုံးဆိုရင် စစ်ကိုင်းတိုင်းထဲမှာကိုပဲ ဟုမ္မလင်း လေတပ်ဆိုတာရှိတယ်။

    ဟုမ္မလင်းလေတပ်မှာဆိုရင် Bell-206 ရဟတ်ယာဥ် ၆ စီးလောက်ရှိတယ်။ ဒါကိုပဲ သူ့တပ်ဖွဲ့တွေ အကျအရှုံးများနေတဲ့အချိန် ပစ်ကူလာမပေးနိုင်တာပါ။ ဆက်ပြောရရင် မင်းရွာရဲစခန်းထက် ရှမ်းမြောက်က မြို့သိမ်းတိုက်ပွဲတွေ၊ စစ်တပ်စခန်းကုန်းတွေကို လေတပ်က ဦးစားပေးနေရတဲ့ အခြေအနေဖြစ်နေတယ်။ ပြောရရင် တနိုင်ငံလုံး စစ်မျက်နှာ များလာတဲ့အချိန် ဗျာများလာတဲ့ လေတပ်အခြေအနေပါ။

    (more…)

  • မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

    မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

    “စစ်ခေါင်းဆောင်လုပ်ပြီ သူတို့က ဘယ်လိုတစ်ပြိုင်တည်း ဘယ်လို ထိုးဖောက်တိုက်ခိုက်တာတို့  ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်လိုဖြတ်တောက်တာတို့ အမည်ခံကာလုံအစည်းအဝေးမှာ တင်ပြနေတော့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးဗျူဟာ မဟာဗျူဟာတွေအပေါ် အတော်အံ့သြနေပုံပဲ”

    ငြိမ်းမောင်

    စစ်ဆင်ရေး ၁၀၂၇ (Operation 1027) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတိုက်ပွဲတွေ အရှိန်အဟုန်မြှင့်တက်နေပြီး အကြမ်းဖက်စစ်ကောင်စီ တပ်အရှုံးများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ နေပြည်တော်က ထိုင်ခုံပေါ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမည်ခံ ကာလုံအစည်းအဝေး လုပ်ခဲ့တယ်။

    ဒီပွဲကို ယာယီသမ္မတဆိုသူ ရုပ်​သေး မြင့်ဆွေ၊ ဒုသမ္မတဆိုသူ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမည်ခံ တီခွန်မြတ်တို့တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်း ၊ကာကွယ်ရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား ရေးဝန်ကြီးဆိုသူသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဆိုသူဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စစ်ကောင်စီအတွင်းရေးမှူးဆိုသူ အောင်လင်းဒွေး၊ တွဲဖက်အ တွင်းရေးမှူးဆိုသူ ရဲဝင်းဦးနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။

    ဒီပွဲမှာ မင်းအောင်လှိုင်က အခုဖြစ်ပွားနေတဲ့  ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်တွေကို စာရွက်ကြည့်ပြီး ရှင်းပြခဲ့တယ်။ အောက်တိုဘာ ၂၇ ရက်မှာ လောက်ကိုင်ဒေသ၊ ချင်းရွှေဟော်ကို အဓိကထားပြီး  MNDAA အဖွဲ့များက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ သာမန်အားဖြင့် MNDAA က တိုက်ခိုက်ခြင်းဖြစ်သော်လည်း သမိုင်းအရ ဆက်စပ်မှုများရှိတယ်လို့ ဆိုတယ်။

    ၂၀၀၉ ခုနှစ်ကနေစလို့ လွန်လေပြီးသောကာလက အကြောင်းတွေ မင်းအောင်လှိုင် စမြုပ်ပြန် ချေးခြောက်ရေနှူးစကားဆိုတယ်။ နိုင်ငံအဝှမ်း ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်ချေမှုန်းရေး ခုခံတော်လှန်မှုတိုက်ပွဲတွေနဲ့ စစ်ဆင်ရေး ၁၀၂၇ တိုက်ပွဲတွေကိုခွဲပြီး မြင်နေပုံရတယ်။ ခွဲခြားပြီးလည်း ပြောနေတာသတိထားမိတယ်။

    (more…)

  • တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

    တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

    “နိုင်မြင်းကိုသိလာတဲ့ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ကို တဖြည်းဖြည်း ဖယ်ကျဉ်လာပါတယ်”

    လှဆောင်

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမေရိကန်ကို နာမည်တပ်ပြီး မကောင်းကြောင်းပြောနေတဲ့အချိန်မှာပဲ သူအားကိုးတဲ့ တရုတ်က အာဏာသိမ်းစစ်တပ်ကို ဥပက္ခာပြုလိုက်ပါပြီ။

    အောက်တိုဘာလ တတိယပတ်ထဲ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့် မကျင်းပခင် တရုတ်နိုင်ငံကို မင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်စေလွှတ်ခဲ့ပါတယ်။ ဒါဟာ စီမံကိန်း ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်ရရေးအတွက် ကြိုးပမ်းမှုအဖြစ် ပုံဖော်ကြည့်လို့ရပါတယ်။

    ဒါပေမဲ့လည်း အဲဒီ ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်မရခဲ့ပါဘူး။ အကြောင်းက တရုတ်ဘက်က မဖိတ်ကြားခဲ့လို့ပါ။ အဲဒီပွဲကိုတော့ စစ်ကောင်စီရဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်တာ မကြာသေးတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့အဖွဲ့ပဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ “ရှီကျင်းဖျင်က မင်းအောင်လှိုင်ကို ဂါရဝပြု” ဆိုပြီး စစ်တပ်လော်ဘီသတင်းစာတွေမှာ အထည့်ခံရမှာ ကြောက်လို့လားဆိုပြီး အရွှန်းဖောက်တွေးကြည့်ရင်လည်း တွေးကြည့်နိုင်ပါတယ်။

    (more…)

  • မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

    မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

    RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် – AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

    ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

    “ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ”

    ငြိမ်းမောင်

    KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ ” ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် ဘာသက်ရောက်မှုမှ လည်းမရှိဘူး။ တပ်ထု၊ လူထုကလည်း လိုက်ပါနိုင်စရာမရှိတဲ့အတွက် အစိုးရိမ် မလွန်ကြဖို့ ပြောချင်ပါတယ်” လို့ ဆိုထားပြီးသားပါ။

    ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုး ၊ CEC ဟောင်း စောရာဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဌ တာဝန်မှ အနားယူထားသူ  စောရွှေမောင်း တို့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ  စက်တင်ဘာ ၃၀ ရက်က  တွေ့ဆုံခဲ့မှုဟာ လုံးဝမရှိကြောင်း KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအနေနဲ့လည်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားမဝင်တဲ့  တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်းကိုလည်း KNU က ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီက KNUအတွင်း ရှုပ်ထွေးစေအောင်ပြုလုပ်တဲ့ လုပ်ရပ်ဖြစ်ပြီး တိုက်ပွဲဝင်နေတဲ့  မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေး လုပ်ဆောင်တဲ့  စစ်တပ်ရဲ့ အစီအစဉ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

    Photo : KNU

    KNU ဟာ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရေး ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ အတိအလင်း သတင်းထုတ်ပြန်ခဲ့မှုတွေကို ကြည့်ရင် KNU က ရပ်တည်ချက်သဘောထား ခိုင်မာကြောင်း ပြသခဲ့တာတွေ့ရပါတယ်။ ပြီးတော့ လက်တလောမှာ NUG လက်အောက်က PDF တွေကိုလည်း အကူအညီအများကြီး​ ပေးထားတဲ့အဖွဲ့အစည်းကြီးဖြစ်တယ်။ 

    (more…)

  • အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

    အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

    “ICC က ကိုင်တွယ်ပြီဆိုရင်တော့ မင်းအောင်လှိုင်တို့အနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားရတာတွေ ကြပ်တည်းလာမှာဖြစ်သလို စစ်ခေါင်းဆောင်တွေအနေနဲ့ တရားစွဲခံရဖို့ သေချာနေပါပြီ။ ဘာလို့လည်း ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရဲ့ တိကျတဲ့သက်သေပေါင်းအမြောက်အများဟာ ကုလသမဂ္ဂလိုအဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေဆီမှာ အခိုင်အမာရှိနေပါပြီ”

    လှဆောင်

    ပြည်တွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ခပ်စိတ်စိတ်နဲ့ ခြေလှမ်းတွေရှေ့တိုးနေသလို နိုင်ငံတကာမှာလည်း ခြေလှမ်းတွေက ခပ်စိတ်စိတ်ပါ။ စစ်ကောင်စီလော်ဘီတွေကတော့ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂမှာသွားပြီး ပြည်သူတွေလှူတဲ့ပိုက်ဆံနဲ့ ဟေးလားဝါးလား သွားလုပ်နေတယ်လို့ ဝါဒဖြန့်ကြပါတယ်။

    လူပိန်းလို ပြန်ပြောရမယ်ဆိုရင်တော့ အဲဒီလို ဟေးလားဝါးလားလုပ်ဖို့တောင် စစ်ကောင်စီဘက်က အဆင့်ရှိမနေပါဘူး။ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံတကာကကိုယ်စားလှယ်နဲ့ သွားတွေ့နေကြတယ်ဆိုတာလည်း ဟေးလားဝါးလားလုပ်ဖို့မဟုတ်ဘူးဆိုတာ တော်ရုံနိုင်ငံရေးအခြေခံလောက်ရှိတဲ့သူတွေတောင် ရှင်းရှင်းလင်းလင်းသိနေတဲ့ကိစ္စပါ။ 

    NUG ကို လက်ခံတွေ့ဆုံတဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေဆိုတာလည်း အရမ်းအားနေလို့ လက်ခံတွေ့ဆုံနေတာမဟုတ်ဘူးဆိုတာကို အားလုံးသဘောပေါက်ကြပါတယ်။

    လက်တွေ့ကျတဲ့ ကိစ္စတစ်ခုကိုပြောပါဆိုရင် ခုလောလောဆယ်တော့ အဲဒီကုလသမဂ္ဂအစည်းအဝေးတွေထဲက တစ်ခုကနေ စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနှက်လိုက်ပါပြီ။ အဲဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ခါတာခ့်က မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က လွှဲပြောင်း ကိုင်တွယ်ပေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းလိုက်တာပါ။

    (more…)

  • စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

    စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

    “ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူး တာဝန်ပေးခံရသူဖြစ်ခဲ့သလို လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူ”

    ငြိမ်းမောင် 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့မပါတော့ပေ။ ထိုစစ်ကောင်စီအပြောင်းအလဲပြုလုပ်ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်သို့ ရောက်ရှိနေလေသည်။

    စစ်အုပ်စုက ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနှင့်ပတ်သက်၍ ပြန်ဆက်ရမည်ဆိုလျှင် စစ်ကောင်စီသည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှု၊ ဒေါ်လာအရောင်းအ၀ယ် မသမာမှု၊ ပို့ကုန်သွင်းကုန်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးကာ နေအိမ်နှင့်ပိုင် ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီ အဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်သည်။ အလားတူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ခေါ်ယူစစ်‌ဆေးပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးရာထူးမှ ဖယ်ရှားကာ စစ်ဘက်သို့ပြန်လည်ခေါ်ယူခဲ့သည်။

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်၏ ယုံကြည်အားထားရသူဖြစ်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းသောညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးကို သွားရောက်ဖမ်းဆီးသည့် အဖွဲ့ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူဒုဗိုလ်ချုပ်ကြီးစိုးထွဋ်သည်လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားနှစ်ဦးတို့ကို ကြိုးပေးကွပ်မျက်ခဲ့ရာတွင် အနီးကပ်ကြီးကြပ်ခဲ့သူဖြစ်သည်။ 

    (more…)