Tag: မင်းအောင်လှိုင်

  • အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

    အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

    ” ကဲ..အခုတော့ ရွှေသမင်ဘယ်ကထွက်သလဲ၊ အကြမ်းဖက် စစ်ကောင်စီက သိပြီ၊ အရေးယူပစ်မယ်၊ ပိုင်ဆိုင်မှုသိမ်းမယ်ဆိုတာမျိုး အသံထွက်လာပါပြီ။ စီးပွားရေး လုပ်ငန်းရှင်တွေပြီးတဲ့နောက် မိုးမြင့်ထွန်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ အကြီးပိုင်းတွေကို မေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူတာ၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစား လုပ်ခဲ့တာပေါ်ပေါက်လို့ အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားပါပြီ”
    *********************************
    ငြိမ်းမောင်

    ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်လို့ ဖမ်းဆီးအရေးယူခံထားရတဲ့ အကြမ်းအုပ်စုက ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ မိုးမြင့်ထွန်းကို အဂတိအမှုနဲ့ စပြီးစစ်ဆေးနေပြီ၊ မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကိုလည်း အကြမ်းအုပ်စုက နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြထွန်းဦး ကို ပြောင်းလဲတာဝန်ယူပေးလိုက်ပါပြီဆိုတဲ့ သတင်းများ ဒီရက်ပိုင်းမှာ ကြားလာရပါပြီ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား အကြမ်းဖက် စစ်ကောင်စီရေ။

    စစ်အုပ်စုက ကြာသာပတေးနံတွေဖြစ်တဲ့ မိုးမြင့်ထွန်းနဲ့ မြထွန်းဦးကို အပြောင်းအလဲဗလောင်းဗလဲ လုပ်လိုက်တဲ့ ကော်မတီ ၃ ခုဆိုတာကတော့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန် ရေးဗဟိုကော်မတီတွေဖြစ်ပါတယ်။ ဒီတာဝန်ကို ယူခဲ့ရပြီး အဂတိမှုနဲ့ ရာထူးကဖယ်ရှား ဖမ်းဆီးခံရ ဒီလို စစ်ဆေးခံနေရတဲ့  မိုးမြင့်ထွန်းဟာ သူ့ရဲ့ များပြားတဲ့ ရာထူးတွေကြောင့် “စူပါဗိုလ်ချုပ်’’ လို့ တင်စား ခံထားရတယ်လို့ ရေးသားနေကြပါတယ်။ စူပါဂျိုကုတ်ထဲက ဒီပုတ်ထဲက ဒီပဲတွေပဲမို့ အကြမ်းဖက် ဖက်ဆစ်တပ်ရဲ့ စူပါဂျိုကုတ်တွေလို့ပဲ ကင်းပွန်းတပ်ကြရမှာပါ။

    ဒေါ်လာကိစ္စနဲ့ ကုန်သွယ်မှုကိစ္စတွေမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့အထဲမှာ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော် မတီမှာ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ စစ်ကောင်စီရဲ့ဗိုလ်ချုပ်အဆင့်ဆိုသူ ရန်နောင်စိုးနဲ့ စစ်ကောင်စီခန့် စီးပွားကူးသန်း ဒုဝန်ကြီးဆိုသူ ညွန့်အောင်တို့လည်း ပါနေပါတယ်။ အလားတူ အကြမ်းဖက်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဟောင်း  စိုးထွဋ်ကိုလည်းအဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရပါတယ်။

    (more…)

  • မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

    မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

    RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
     
    တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=8CR_KLPEdkA[/embedyt]
     
    #RedNewsAgency

  • နေပြည်တော် မကြာမီ မျှော်

    နေပြည်တော် မကြာမီ မျှော်

    “နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်”

    ငြိမ်းမောင်

    အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ “မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို “xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ် ကြောက်ရွံ့တုန်လှုပ်နေပါပြီ။

    မင်းအောင်လှိုင်လည်း ဘာမှမတတ်နိုင်ခဲ့သလို မလုပ်ရဲတာဘာမှ မရှိ ဆိုတဲ့ဒီစကားကို သယ်ဆောင်လာပြီး ဂုဏ်ယူပြောကြားလာခဲ့တဲ့ မင်းအောင်လှိုင်နောက်လိုက်တွေလည်း ဘာမှပြန်ပြီး မချေပနိုင်ကြတော့ပါ။ ဒီလို အဓိပ္ပါယ် မရှိ၊ ဂုဏ်သိက္ခာမဲ့ ပြောကြားခဲ့ပေမယ့် ဒီအပေါ် စကားစစ်ထိုးပြီး အနိုင်ယူခဲ့ရလို့ လူတိုင်းကျေနပ်ပီတိဖြစ်စေခဲ့တယ်။ ဒီနေရာမှာတော့ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ စကားကိုတော့လုပ်တတ်တာလည်း ဘာမှမရှိဘူး၊တိုင်းပြည်ဖျက်ဆီးတာကလွဲပြီး ဖြစ်မြောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ဘူးလို့သာ သုံးလိုပါတယ်။

    ထပ်ပြီးပြောလိုတာက တော်လှန်ရေးအင်အားစုတွေအတွက် ဂုဏ်သိက္ခာရှိတဲ့၊တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားပါ။ လူတိုင်းလက်ခံကြတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားပါ။

    တော်လှန်ရေးက အင်အားစုတွေဘက်က ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ “လမ်းများအားလုံး နေပြည်တော် ဆီ သို့လှုပ်ရှားမှု ” နဲ့ပတ်သက်ပြီး  စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက လွန်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ခုမှ ရိသလို သဲ့သလို ​​ပြောသွားပါသေးတယ်။ နေပြည်တော်သို့ လမ်းများဆီတဲ့၊ ဒါမှန်တယ်ပေါ့။ အခုပဲ ဘုရားကြီးဆီကို အနယ်အရပ်ရပ်က လာဖူးကြတယ်ဆိုပြီး ပြောသွားပါသေးတယ်။ လမ်းများအားလုံး နေပြည်တော်ဆီသို့ဆိုတာကို ဇော်မင်းထွန်း က နေပြည်တော်သို့ လမ်းများဆီဆိုပြီး မှားပြောတာတွေ့လိုက်ရတယ်။

    (more…)

  • ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

    ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

    စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန် အမိန့်ပေးထားသည်”

    ငတွန်

    လှေခွက်ချည်းကျန် အလံမလှဲအားလုံးနှင့် ရင်းနှီးသည့် ဗမာစကားပုံ တစ်ခုဖြစ်ပါလိမ့်မည်။ ထိုစကားပုံကိုကြားသည်နှင့် အနက်အဓိပ္ပါယ်ကိုလည်း တန်းသိကြပါလိမ့်မည်။ မိမိတို့ဘက်မှရှုံးနိမ့်နေပြီး  လှေပေါ်၌ တိုက်ခိုက်နိုင်သည့် စစ်သည်များမကျန်တော့သော်ငြား အလံကိုမလှဲဘဲ အဆုံးထိတိုက်ပွဲဝင်ကြဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ ဇွဲရှိကြရန်တိုက်တွန်းထားခြင်းဖြစ်သည်။

    သို့သော် အခြားအနက်အဓိပ္ပါတစ်ခုရှိပါသေးသည်။ စာပေချစ်မြတ်နိုးသူတစ်ယောက် စုစည်းထားသည့် စာစုတစ်ခု၌ မောင်မြေနီ (တမာတော) ၏ ဆောင်းပါးကို ကိုးကား၍လှေခွက်ချည်းကျန် အလံမလှဲ၏ အနက်တစ်မျိုးကို ဖော်ပြဖူးသည်။ ထိုဆောင်းပါး၌ ဦးသုခနှင့် ပခုက္ကူဦးအုန်းဖေတို့ တွေ့ဆုံချိန် ဦးအုန်းဖေက ထိုစကားပုံ၏ အနက်ကို ဦးသုခအား မေးမြန်းခဲ့သည်ဟု ဆိုသည်။

    ဦးသုခက အများနားလည်ထားသည့်အတိုင်းပင် မဆုတ်နစ်သည့် ဇွဲကိုဖော်ညွှန်းကြောင်း ယူဆသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ပခုက္ကူဦးအုန်းဖေက ထိုစကားပုံသည် ပခုက္ကူဒေသမှစတင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အကျယ်ရှင်းရလျှင် ရှေးအခါက အညာကုန်လှေများနှင့် အောက်ပြည်မှကုန်လှေများ ပခုက္ကူဒေသ၌ ဆုံကြသည်။ ကုန်များကို ကုန်းပေါ်သို့မတင်ဘဲ လှေပေါ်၌ပင် အရောင်းအဝယ်လုပ်ကြသည်။ ရောင်းလှေနှင့် ဝယ်လှေများကွဲပြားအောင် ကုန်ရောင်းသည့်လှေများက အလံထောင်ထားရသည်။ ကုန်စည်များ ရောင်း၍ကုန်လျှင် အလံကိုလှဲထားရသည်။

    (more…)

  • နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

    နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

    “မင်းအောင်လှိုင်တပ်တွေ ကချင်ပြည်နယ်ထဲ လမ်းပျောက်ကုန်တယ်ထင်ပါရဲ့။ ကြားထဲ AA တပ်သားတွေကပါ စစ်ကောင်စီတပ်လမ်းပျောက်အောင် ကချင်ပြည်နယ်မှာ ကူညီပေးနေကြ”

    ငတွန်

    ဒီရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လုပ်နေတဲ့ပုံစံတွေကိုတွေ့တော့ ဖတ်ခဲ့ဖူးတဲ့စာတချို့ထဲက အဖြစ်အပျက်တွေနဲ့ ထပ်တူကျနေပါလားလို့တောင် တွေးမိတယ်။ အကျဉ်းချုပ်ပြောပြရရင် ၁၇၅၀ ခုနှစ်ကာလတွေတုန်းက အင်းဝနန်းဆက်ပျက်သုဉ်းပြီး ဟံသာဝတီထီးနန်း ပြန်ခေါင်းထောင်လာချိန် မုဆိုးဖိုဦးအောင်ဇေယျဆိုတဲ့ နာမည်ဟာလည်း တဖြည်းဖြည်းထင်ရှားလာတယ်။

    နောက်တော့ တဖြည်းဖြည်းနဲ့ မုဆိုးဖိုဦးအောင်ဇေယျဟာ ဟံသာဝတီကသိမ်းထားတဲ့ အင်းဝကိုပြန်သိမ်းပြီး ဟံသာဝတီဘုရင်နန်းစိုက်တဲ့ မြို့တော်အထိကိုပါ စစ်ချီပါလေရော။ ပြောရရင် ဦးအောင်ဇေယျရဲ့ မုဆိုးဖိုတပ်တွေက အဖက်ဖက်မှာ အနိုင်ရပြီး ဟံသာဝတီမြို့တော်နားထိရောက်လာတယ်။ အဲဒီမှာ ဟံသာဝတီဘက်က အတွေ့အကြုံရင့်တဲ့ တလပန်းဆိုတဲ့ စစ်သူကြီးဟာ သူ့တို့တပ်တွေ နေရာစုံမှာရှုံးနေပေမဲ့ ဦးအောင်ဇေယျ ယာယီစခန်းချနေတဲ့မြို့ကို ဇွတ်တိုးတိုက်ဖို့ စီစဉ်တယ်။

    ဦးအောင်ဇေယျရဲ့သားတစ်ယောက်ကတော့ ဟံသာဝတီတပ်တွေ ကမူးရူးထိုးဝင်လာကြတဲ့အတွက် အပိုင်ပဲဆိုပြီး တန်ပြန်တိုက်ဖို့ ကြံတယ်။ ဒါပေမဲ့ ဦးအောင်ဇေယျရဲ့ လက်ရုံးဗိုလ်ချုပ်ကတော့ အဲဒီအကြံဟာမကောင်းဘူး တဲ့တိုးတက်လာတဲ့ ဟံသာဝတီတပ်ကို တဖြည်းဖြည်းဝိုင်းပြီး အင်အားချည့်နဲ့အောင်လုပ်မယ်လို့ ဆိုတယ်။ ဘာလို့လည်းဆိုတော့ ဦးအောင်ဇေယျဆီ တက်လာတဲ့ ဟံသာဝတီတပ်က စစ်သူကြီး တလပန်းဟာ အရင်အင်းဝနန်းတော်ကိုသိမ်းတုန်းကလည်း အဲဒီဗျူဟာသုံးပြီးတိုက်ခိုက်ခဲ့တာကြောင့်ပါ။

    (more…)

  • အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

    အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

    RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။

    ” ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့” ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=nsW6_6sxthI[/embedyt]

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်ဟုပါ ပြောဆိုနေကြသည်။

    #RedNewsAgency

     

  • ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ” နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ” 

    နောင်ရိုး

    အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့ ပရဟိတသင်တန်းကျောင်း တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ပြီး ရန်ပုံငွေတွေကိုခိုးယူခဲ့ကြပါတယ်။

    ထင်ရှားတဲ့သာဓကတွေအနေနဲ့ စုအသက် မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာမြို့နယ်) ရဲ့ ကျောင်းအုပ် ဦးဇော်သက်လင်းကို စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့ပြီး မတ်လ ၉ ရက်နေ့မှာတော့ လူရုပ်တောင်မပေါ်တော့တဲ့အထိ နှိပ်စက်ထားတဲ့ ရုပ်အလောင်းကိုသာ မိသားစုတွေထံ ပြန်ပေးခဲ့ပါတယ်။အာဏာစသိမ်းစဉ်က လူထုသဘောဆန္ဒကို ပေါ့တန်တန်သဘောထားခဲ့တဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာတဲ့အထိ နိုင်ငံတဝှမ်းကို သေချာမအုပ်ချုပ်နိုင်သေးပါ။

    (more…)

  • စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

    စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

    လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည်

    လင်းယုန်

    ၁၉၄၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၃) တွင်လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ အပိုဒ်(၅) တွင် သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့တည်းမဟုတ်) ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ (သို့မဟုတ်)အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ်(၂၁)တွင် လူတိုင်းတွင်မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ “ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်အာဏာ၏ အခြေခံဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။

    လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းပိုင်ဆိုင်သည့်ရပိုင်ခွင့်ဖြစ်သည်။ လူ့အခွင့် အရေးများကို အရေးမထား၊ မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့ခြင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှုမရှိခြင်း၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု မရှိခြင်း၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့ ဖြစ်စေသည်။

    ရန်ုကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ၂၀၂၁ ခုနှစ်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုအတွင်း သူရဲကောင်းတဦး ကျဆုံးသွားခဲ့ရသည့် နေရာတခုဖြစ်သည်။

    (more…)

  • စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

    စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

    “ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေအနေမှာ ဘာကြောင့် PDF တွေကိုတားဆီးစေချင်တာလဲ ၊ အကြမ်းဖက်တပ်တွေ သွေးပျက်နေပြီလား မေးခွန်းထုတ်ရမှာပါ။ နောက်တစ်ချက်က ဒီအခြေအနေမှာ သူတို့ရဲ့ ထွက်ပေါက်အရ ဓားစာခံသဖွယ် ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတာမျိုးထက်  ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်သလို နိုင်ငံရေး စစ်ရေးနဲ့ စီးပွါးရေးအပါအဝင် နယ်ပယ်စုံမှာ  ကျရှုံးနေတဲ့  စစ်ကောင်စီဟာ  ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချရန်ကြိုးစားလာ”

    ငြိမ်းမောင်

    အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ခေါင်းဆောင်တစ်ချို့ကနေပြည်တော်အကျဥ်းထောင်မှာရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဆီကိုဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ပါတဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေသွားတွေ့ခဲ့တာလို့ဇွန်၁၂မှာသတင်းတွေမှာတွေ့ရပါတယ်။

    ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ကို တားဆီးပေးဖို့ ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ  ပါဝင်ကူညီလုပ်ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကို တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို လာရောက်တွေ့ဆုံပြောဆိုမှုနဲ့ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်ဘက်ကဘာသဘောထားမှတ်ချက်မှပြန်မပေးခဲ့ဘူးလို့လည်းသိရပါတယ်။အမှန်တကယ်တွေ့ဆုံခဲ့တာဟုတ်မဟုတ်၊အဲဒီအချက်တွေတကယ်ဆွေးနွေးခဲ့တာမှန်မမှန်အတည်မပြုနိုင်သေးပါ။ လက်ရှိအချိန်ဟာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ယှဥ်ပြိုင်တိုက်ခိုက်နေကြတဲ့ PDF တပ်ဖွဲ့တွေဟာအင်အားအများအပြားကြီးထွားလာနေတဲ့အချိန်ပါ။

    (more…)

  • အရှုံးပေါ်မယ့် နိုင်ငံတော်

    အရှုံးပေါ်မယ့် နိုင်ငံတော်

    ပဇီကြီးရွာ ဖြစ်စဉ်မျိုးမှာတောင် ကုလလုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် မြန်မာစစ်တပ်ဖက်က ကာကွယ်ရပ်တည်ပေးခဲ့တယ်။ လက်ပံတောင်းလို တရုတ်ရဲ့ စီမံကိန်းနေရာတွေ မှာလည်း စစ်ကောင်စစ် စစ်ကြောင်းတွေကို တပ်စွဲနေရာချခွင့်ပေးထားတယ်။ လက်ခံထားတဲ့ စစ်ကြောင်းတွေက ကျေးရွာထဲက ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့နေတာကို တရုတ်က သိသိလျက်ခွင့်ပြုထားတာဖြစ်တယ်။ နိုင်ငံမတည်ငြိမ်လေ တရုတ်အတွက်က အခွင့်ကောင်းရလေပါပဲ

    မေဇော်

    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကူညီမယ်ဆိုတဲ့တရုတ်နိုင်ငံဟာအခုနှစ်ဦးပိုင်းကစလို့မြန်မာနိုင်ငံတွင်းကလက်နက်ကိုင်အင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပိုနီးကပ်လို့လာပါတယ်။ဒါကိုအကောင်းဘက်ကလို့ထင်ရင်မှားသွားတိုင်ပါတယ်၊တရုတ်ရဲ့အကျိုးစီးပွားနဲ့လူသတ်စစ်တပ်ကိုဘာ့ကြောင့်ထောက်ခံနေကာကွယ်နေသလဲဆိုရင်တရုတ်အကျိုးစီးပွားတခုထဲနဲ့မြန်မာနိုင်ငံကိုကံဆိုးမိုးမှောင်ကျဖို့ဖြစ်ပါတယ်။

    ၂၀၂၃၊မေလပထမပတ်မှာပဲတရုတ်ရဲ့နိုင်ငံခြားရေးသံတမန်တန့်ရှီကျန်ဟာစစ်ခေါင်းဆောင်တွေဖြစ်တဲ့သန်းရွှေ၊မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။မတိုင်ခင်၂ပတ်လောက်အလိုမှာလည်းတရုတ်အစိုးရရဲ့နိုင်ငံတကာဆက်ဆံရေးကညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်မြန်မာနိုင်ငံကိုတိတ်တဆိတ်လာရောက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအပြင်စီးပွါးရေးအကျိုးတူကိစ္စတွေကိုလည်းနှစ်ဖက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

    မရှေးမနှောင်းမှာပဲ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူဆွေးနွေးခဲ့ပါသေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ NDAA နဲ့ဆက်စပ်တဲ့အမေရိကန်ရဲ့ကာကွယ်ရေးအထောက်အပံ့တွေလက်မခံဖို့တရုတ်ကတိုက်တွန်းခဲ့ပါတယ်။အခြားထွက်မလာတဲ့တိုက်တွန်းမှုတွေရှိပါသေးတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူမှာဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးဘယ်တွေမှာဘာတွေဖြစ်ဖြစ်လူတွေဘယ်လောက်သေသေသဘာဝပတ်ဝန်းကျင်တွေဘယ်လောက်ပျက်စီးစီးသူတို့အကျိုးအတွက်မလုပ်ရဲ့တာ ဘာမှမရှိပါဘူး။

    (more…)