မကွေးတိုင်

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"၊ "ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး" စသဖြင့် ကလေး လူကြီးအကုန် လမ်းပေါ်ထွက်ကာ ယနေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More
မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် People's Revolution Alliance ( PRA - Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်း‌နေကြောင်း သိရသည်။ People's Revolution Alliance ( PRA - Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို…
Read More
နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်သစ်ကူးလက်ဆောင်အဖြစ် စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းက ဝေဟင်ဗုံး (၄) လုံးကျဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းနှင့် စလင်းမြို့နယ် ကံပြားရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းအတွင်း ရှော့တိုက်ဒုံးများဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ကံပြားရှိ စစ်ကောင်စီတပ်စခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မဲဇလီကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှာ သေဆုံးမှုများရှိကြောင်း၊ ကံပြားကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း အသေအဆုံးများ ရှိ မရှိအတိအပျ မသိရှိရသေးကြောင်း သိရသည်။ #RedNewsAgency
Read More
ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ #RedNewsAgency
Read More
ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်လက်အောက်ခံများနှင့်လေယာဉ်သုံးပစ်ခတ်မှုများအပြီီး ရှောင်တိမ်းနေကြရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူများကို ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ် - People's Defence Force Pwintbyu က စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။   ကိုယ်လယ်ကျေးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များက နိုဝင်ဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံများ ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူခဲ့သည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ (more…)
Read More
NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

ပွင့်ဖြူမြို့ NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်   RNA_ဒီဇင်ဘာ(၆)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီဝင် ဦးဝင်းဌေးကို ကြံ့ခိုင်ရေးပါတီဝင် ကျောင်းကုန်းကြီးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။   ဦးဝင်းဌေးနှင့်မိသားစုသည် ဒီဇင်ဘာလ ၄ ရက်နေ့က မကွေး-မင်းဘူးသွားပြီး ဆေးခန်းပြအပြန် ပွင့်ဖြူမြို့အဝင် ထွေအုပ်ရုံးရှေ့ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံပြီးနောက် သစ်ချိုကုန်းရွာထိပ်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက စောင့်ဆိုင်းကာ မိသားစုကို ပြန်လွှတ်ပြီး ဦးဝင်းဌေးကိုသာ ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းကုန်းကြီးရွာ မြောက်ဘက်တောတွင်းမှာ အလောင်းတွေ့ရှိခဲ့ရကြောင်း၊ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။…
Read More
ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People's Defence Force- Pwintbyu) တွင် တာဝန်‌ ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ "ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား" ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

ခလရ(၅၀) လက်အောက်ခံ တပ်သားနှင့်ပျူအဖွဲ့က ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့   RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ နေအိမ် (၁၆၈) လုံးကို စစ်ကောင်စီတပ် စစ်ကောင်စီတပ် ခလရ(၅၀) လက်အောက်ခံ တပ်သားများ၊ ပျူစောထီများက နှစ်လအတွင်းလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (more…)
Read More
ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက်၊ ဇာဟော-အုတ်လှလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၅၀) မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများကို ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်များ ကယ်ထုတ်ရင်း ပစ်ခတ်ခံရကာ ရဲဘော်တဦးကျဆုံးကာ ရဲဘော်တဦးပျောက်ဆုံးနေကြောင်း သိရသည်။   "YDF တပ်ဖွဲ့ဝင်များဖြစ်သော ရဲဘော်အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနှင့် ‌ရဲဘော်အောင်ကိုကိုတို့ ထိမှန်ခဲ့ပြီး ရဲဘော်အောင်နိုင်သည် ရင်ညွန့်နှင့် နံကြားတွင် ကျည်ထိမှန်၍ နေရာတွင် ကျဆုံးခဲ့ပါသည်။ ရဲဘော်အောင်ကျော်မိုးသည် ဘယ်ဘက်လက်မောင်းတွင် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်အောင်ကိုကိုမှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်" ဟု YDF က ထုတ်ပြန်ထားသည်။ (more…)
Read More