ဖမ်းဆီးခံရသူ

ဖားကန့်မြို့နယ်က ဖမ်းဆီးခံ ပြည်သူများကို တရားရုံးမထုတ်၊ အချုပ်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုမရှိ နေထိုင်ရ 

ဖားကန့်မြို့နယ်က ဖမ်းဆီးခံ ပြည်သူများကို တရားရုံးမထုတ်၊ အချုပ်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုမရှိ နေထိုင်ရ 

RNA_မတ် ၂၊၂၀၂၂ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ သတင်းထောက် ကိုနောင်ရိုးပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဉ်က ဖမ်းဆီးထားသည့် ပြည်သူ (၅၀) ဝန်းကျင်ကို ၅၀၅ ဖြင့်တရားစွဲဆိုပြီး ရုံးထုတ်စစ်ဆေးမှုမရှိကြောင်း၊ ရဲစခန်း အချုပ်တွင် ကျန်းမာရေးဆိုးရွားမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ "အခုက အချုပ်ထဲမှာ ကျန်းမာရေးမကောင်းကျဘူး၊ တချို့ဆို အဖမ်းခံရတာ ၁ နှစ်ပြည့်တော့မယ်၊ ရုံးထုတ်တာမရှိဘဲ ဒီလို ဖမ်းဆီးခံရ အပြစ်မရှိ အချုပ်ထဲမှာနေရတာထက် တရားရုံးက အမိန့်ချပြီး ထောင်ထဲသာ နေချင်နေကြတယ်၊ မတရားဖမ်းခံထားရပြီး ရဲအချုပ်မှာက ဆိုးဆိုးရွားရွား နေကြရတယ်၊ သန့်ရှင်းမှုမရှိဘူး၊ အခုဖျားတဲ့သူတွေပါရှိတယ်" ဟု ဖမ်းဆီးခံရသူမိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။ ဖားကန့်မြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြစဉ်က ဖမ်းဆီးခံရပြီး အချုပ်ထဲ…
Read More