Tag: နွေဦးတော်လှန်ရေး

  • စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

    စစ်တပ်က ဗိုလ်မှူးအဆင့်အငြိမ်းစား၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သေနတ်ပစ်ခံရပြီး သေဆုံး

    RNA_ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းအဖြစ် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်တပ်က ဗိုလ်မှူးအဆင့် (ဒုတပ်ရင်းမှူး) အငြိမ်းစား ဦးအောင်နိုင်ဝင်း ယနေ့ နံနက်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    ဦးအောင်နိုင်ဝင်းသည် စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဗိုလ်လောင်းသင်တန်း းကို ၁၉၉၃ ခုနှစ်မှာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ သင်တန်းပြီးကာ ဒုတိယဗိုလ် အဆင့်မှ ဗိုလ်မှူးအဆင့်၊ ဒုတိယတပ်ရင်းမှူးရာထူးအထိ တာဝန်ကျရာ တပ်အသီးသီးမှာ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ရာမှ အငြိမ်းစားယူခဲ့ကြောင်း သိရသည်။ (more…)

  • လက်နက်မဲ့ ပြည်သူကို အကြမ်းဖက် စစ်တပ်က ခေါင်းပစ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

    လက်နက်မဲ့ ပြည်သူကို အကြမ်းဖက် စစ်တပ်က ခေါင်းပစ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

    ဇင်လင်းနိုင်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။

    ၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူတစ်ဦးကို အကြမ်းဖက် စစ်တပ်က ခေါင်းစပစ်ခဲ့တာဟာ ဒီနေ့က ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်ကနေပြည်တော် သပြေကုန်းအဝိုင်းမှာ ထောင်နဲ့ချီတဲ့ လုအုပ်ကြီးက အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

    အဲ့ဒီအချိန်မှာ အကြမ်းဖက်ရဲအရာရှိတစ်ဦးက ဆန္ဒပြတဲ့ လူအုပ်ထဲကို ကျည်ဆန်နဲ့ ပစ်ခတ်ခဲ့လို့ မြသွဲ့သွဲ့ခိုင်ရဲ့ ဆိုင်ကယ်စီးဦးထုပ်ကိုထိမှန်ခဲ့တယ်။ မြသွဲ့သွဲ့ခိုင်ခိုင်လည်း လဲကျသွားပါတယ်။ (more…)

  • အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

    အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

    RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

    အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)

  • စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

    စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

    RNA_ဖေဖော်ဝါရီ ၆ ရက်၊၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းယားကန် ဘောင်တွင် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသားလူငယ် ၁ ဦးကျဆုံးသွားကြောင်း သိရသည်။

    ကျဆုံးသွားသည့်ကျောင်းသားလူငယ်မှာ Yangon International Schools Students’ Union (YISUU) ကအလုပ် အမှုဆောင် ရဲဘော်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် လူငယ်လေးဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းတက်ရောက် ချိတ်ဆွဲစဥ် စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီး ပစ်ခတ်သဖြင့် ဆန္ဒပြလူငယ် ၁ ဦးကို ကျည်မှန်ပြီး ကျဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

    Red News Agency

  • PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

    PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

    RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

    ဓာတ်ပုံများကို ပေးပို့ CJ သည်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။

     

     

    Red News Agency

  • ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

    ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

    RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းရွာအောက်ဘက်အနီးတွင် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅)မှ တပ်သားများကို PDF များက ယနေ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ (၁၆) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် (၅၀) ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

    ယနေ့တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကသာPDF၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)၊ မြို့လှPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ကသာ PDF မှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး၊ ကသာထောက်ပို့အဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့ရာ ဆေးဝါးကုသမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း ကသာ PDF က ထုတ်ပြန်ထားသည်။

    Red News Agency

  • ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

    ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

    RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒတွင် ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အစိတ်အပိုင်း(၁)၊ အခန်း(၄) အပိုင်း(၃)၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ်ခွဲ(၁၈)၊ (၁၉) အရ မူဝါဒ ချမှတ်ခြင်းဖြစ်ကြောင်း၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် မဖြစ်မနေ အခွန်ကောက်ခံခြင်းနှင့် မျှဝေ သုံးစွဲခြင်းဆိုင်ရာ မူဝါဒတစ်ရပ်ဖော်ဆောင်ရန် လုပ်ငန်းတာဝန်ကို အပိုင်း (၂) ပိုင်း ခွဲ၍ ဖော်ဆောင်သွားမည်ဟု သိရသည်။ (more…)

  • ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

    ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

    RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။

    ” တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ ၊ KLPDF မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။ ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်၊ လက်နက်ခြင်းမမျှတာတောင် သည်လိုတော်လှန် နေကြတဲ့ရဲဘော်တွေကို ကျွန်တော်တို့ KR-Team မှ လေးစားဦးညွှတ်ပါတယ်ရဲဘော်တို့၊ခင်ဗျားတို့ သိပ်ကို ရဲရင့်ခဲ့ပါတယ်၊ ငြိမ်ချမ်းရာမှာအနားယူပါတော့ ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်” ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။ (more…)

  • လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

    လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

    RNA ၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၂၂ ခုနှစ်။

    လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပြီး လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွတ်တော် တတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။

    ” ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကို ခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်ဖို့ ပြည်ထောင်စုလွှတ်တော်ရှိပါမယ်။ ဒီမိုကရေစီ တရားဝင်ဖို့ လွှတ်တော် ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆိုတာ ဆက်လက် ကျင်းပနေဖို့လိုပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။ (more…)

  • ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

    ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

    RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

    အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” တစ်ဦးအဖြစ် မော်ကွန်းတင်ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်ဟု ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    Red News Agency