Tag: နွေဦးတော်လှန်ရေး

  • “ချန်ဂင်တို့စခန်း “(၉)

    “ချန်ဂင်တို့စခန်း “(၉)

    ” ခုနောက်ပိုင်း စစ်တပ်က သူ့ဘာသာ မတိုက်တော့ဘူး။ အဲ့ဒါတွေကို လက်နက်ထုတ်ပေးပြီး ချိုကြွအောင် မြှောက်ပေးထားတာ။ ဒီလိုအချိန် ဒီလိုနေရာမျိုးထိအောင်တောင်မှပဲ စစ်တပ်ထောက်ခံသူ လက်ပါးစေတွေက ရှိနေတုန်းပဲလားဆို မအံ့ဩပါနဲ့ “

    ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား)

    “ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို ကိုယ်တွေထက်ပိုပြီး မြန်မြန်ရောက်ချင်တဲ့သူ ရှိပါဦးမလား။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် မဟုတ်ဘူး။ မနေ့ကတည်းကကို ရောက်နှင့်နေချင်သူ။ ဘာအကြောင်းကြောင့်ပဲ နှောင့်နှေးသည်ဖြစ်စေ၊ ကိုယ့်အတွက်တော့ ခရီးမဖင့်စေချင်လို့ နေ့စဉ်နေ့တိုင်း မိုးလင်းကမိုးချုပ် အလုက်နဲ့လက်နဲ့ မပြတ်အောင် လှုပ်ရှားနေတာပါပဲ။ ထိုင်ငိုင်ငေးငူနေတယ်လို့ကို မရှိတာ။ အရောက်နှေးချင်နှေးလိမ့်မယ်။ ရပ်တော့မနေဘူး။ တစ်နေ့ကို တစ်လံပဲရွေ့ရွေ့ ရွှေ့မှာ။

    (more…)

  • ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

    ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

    RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    Photo: BEGSC-MYAING

    မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF)မှ ပြည်သူ့ရဲဘော်များ ပူးပေါင်းပါဝင်ဝန်းရံပေးမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၇)နှစ်ပြည့်မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    Photo: BEGSC-MYAING

    “အောင်ဆန်းသွေးဟေ့ရဲရဲနီတယ် နောက်မတွန့်ဘူးအဆုံးထိတိုက်မယ်” ဟု ဘန်နာများကိုင်ဆောင်ပြီး ကြွေးကြော် သံများ၊ ကာကွယ်ရေးခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြကြောင်း သိရသည်။

    Photo: BEGSC-MYAING

    Red News Agency

  • KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

    KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

    RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army – KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။

    KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။

    ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ ပြည်သူ့ရှေ့မှ မားမားမက်မက်ရပ်တည်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောက်ရှောက်ရန် KNA (Kani Army) အဖွဲ့ကို စတင်တည်ထောင်လိုက်ပါသည်ဟု သိရသည်။

    Red News Agency

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

    RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။

    ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။

    Red News Agency

  • “ချန်ဂင်တို့စခန်း “(၈)

    “ချန်ဂင်တို့စခန်း “(၈)

    ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို

    ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား)

    ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲပြေးပုန်းရရင် အိပ်ပျက်တယ်။ ချမ်းကလည်းချမ်းသနဲ့။ ကြာတော့လည်း ရိုးသွားပြီလေ။ သေစရာရှိ အစောကြီးကတည်းက သေနှင့်မှာပဲဟာ။ သေကံမရောက်သ၍ အသက်မပျောက်ဘူး။ ကိုယ့်မှာ အသက်အပိုမပါပေမယ့်လည်း ခုချိန်ထိအောင်တော့ ဂိမ်းအိုဗာ ဖြစ်မသွားသေးဘူး။ သေဖို့ကိစ္စဆိုတာ သူတို့လက်အောက် သက်ဆိုးရှည်ရတာလောက် အဖြစ်မဆိုးဘူး။ ကြောက်စရာမကောင်းဘူး။ တော်လှန်ရေးအတွင်းမှာ အသက်နဲ့ရင်းပြီး စွန့်စားသူမှန်သမျှ အဲ့သလို သဘောပေါက်ထားပြီးသား။ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဇာတ်လမ်းကလည်း အတော်ကြီး ကိုရီးယားဆန်ပါပေတယ်။ ဒါကြောင့်မို့ ဓါတ်သက်ပါပြီး ချန်ဂင်တို့စခန်း မှည့်မိတာ ထင်ပါရဲ့။

    ဇာတ်လမ်းရဲ့အစ နန်းတွင်းကိုလုပ်ကြံသူတွေ ဝင်စီးတဲ့အခန်းဆို ကိုယ်ကိုယ်တိုင် ပြန်တွေးကြည့်ရင်တောင် အသည်းတုန်အူတုန် ရှိလှတယ် မဟုတ်လား။ မီးတွေဖြတ်၊ မှောင်အတိကျ၊ ဖုန်းလိုင်းတွေမရ၊ အင်တာနက်တွေပါဖြတ်။ လောကကြီးတစ်ခုလုံး ဘာတွေဖြစ်ကုန်ပါလိမ့်လို့ သိချင်စိတ်တွေ ပြင်းပြနေဆဲမှာ စစ်ကားတွေက မြို့ထဲလှည့်။ တီဗီလိုင်းတွေတစ်ခုမှမလာပဲ မြဝတီတစ်ခုတည်းက စစ်ချီတေးတွေ အဆက်မပြတ်လွှင့်နေ။ “ငါ အိပ်ပျော်နေတုန်း အိပ်မက်ဆိုးတွေ မက်နေတာလား။” လို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်တဲ့ အထိပါပဲ။

    ဒါ အိပ်မက် မဟုတ်ဘူး။ လက်တွေ့ကို ငရဲကျတာ ဆိုတာကိုတော့ ဖုန်းလိုင်းတွေ ခနပြန်ပွင့်တဲ့အချိန်မှာ ကိုယ့်ဆီကို စိတ်ပူလို့ ဖုန်းဆက်ကြတဲ့သူတွေဆီက သိရပါတယ်။ “လုံခြုံရဲ့လား။ ဘေးကင်းရဲ့လား။”“ပန်ဆယ်လို အရည်ကြို မောင်မောင်အေးတို့တောင်ဖမ်းသွားပြီ။ ဒီတခါဆွဲစိတာ ဆယ်လီတွေပါပါတယ်။ လစ်တော့ လစ်တော့။” နဲ့ တိမ်းဖို့ရှောင်ဖို့ သတိပေးတာပါ။ ဘယ်တတ်နိုင်မလဲ။ ဖမ်းချင်လည်း လာဖမ်းလှည့်ပေါ့။ ကိုယ့်ကိုဖမ်းချင်ရင် PPE လေးတော့ ဝတ်ခဲ့မှရမယ်။ ကိုယ်နေတာ ကိုဗစ်လူနာဆောင်ထဲမှာလေ။ ဘယ်မှလိုက်ရှာစရာမလိုဘူး။ အပြင်လည်း လျှောက်သွားလို့မရဘူး။ ဧရာဝတီစင်တာမှာ မရှိရင် YGH က ကိုဗစ်ခွဲစိတ်ဆောင်မှာ ရှိတယ်။ ကိုဗစ်ဖြစ်ကတည်းက အိမ်တောင်ပြန်လို့မရ။ နေ့ရောညရော မော်နီတာတွေကြည့်လိုက် မှန်ခန်းထဲကအော်လိုက်နဲ့ နေတာ။ ဒါကြောင့်မို့ သူတို့ ကိုယ့်ကို ရှာမရတာ နေပါလိမ့်မယ်။ (more…)

  • ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

    ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

    RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSSDF) ကအကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိရသည်။

    Photo: NSSDF မွန်းမံသင်တန်း အပတ်စဉ် (၃) ရဲဘော်များ။ 

    ” အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးတွင် အခက်ခဲများစွာကြောင့် တိုက်ပွဲဝင်ရန်နှောင့်နှေးနေပေမယ့် မကြာခင်အချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အသေခံကျွန်တော်ကြီးများ အားတိုက်ခိုက်‌ ချေမှုန်းနိုင်မည့် အချိန်ကိုရောက်ရှိလာတော့မည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးတင်ပြအပ်ပါသည်” ဟု NSSDF ကထုတ်ပြန်ထားသည်။

    Photo: NSSDF မွန်းမံသင်တန်း အပတ်စဉ် (၃) ရဲဘော်များ။ 

    ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ချက်တူသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

    အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

    ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။

    အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။

    Photo-CJ

    ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

    Photo_CJ

    Red News Agency

  • ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့ကပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ပါရန် ဖိတ်ကြား

    ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့ကပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ပါရန် ဖိတ်ကြား

    RNA၊ ဖေဖော်ဝါရီ ၁၁ ရက်၊၂၀၂၂ ခုနှစ်။

    စစ်ကောင်စီက “စိန်ရတု” ပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန် နှင့် တက်ရောက်စဉ်ကာလအတွင်းထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ကြပါရန် အထူးဖိတ်ကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီနှင့်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့က စစ်ကောင်စီလက်အောက်ခံ သတင်းစာမှတစ်ဆင့် မေတ္တာရပ်ခံပန်ကြားစာလွှာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဘာသာအသီးသီးကိုယုံကြည်ကိုးကွယ်ကြသော ဘာသာဝင် ညီအစ်ကိုမောင်နှမ များတို့သည်လည်း ပြည်ထောင်စုကြီး “ထာဝရငြိမ်းချမ်းရေးရရှိစေရန်” အလွန်မျှော်လင့်စောင့်စား လျက်ရှိနေကြသည့်အကြောင်း၊ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်းကိစ္စများတွင် သက်ဆိုင်သူ ခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ် ပန်ကြားပါကြောင်း ဖော်ပြထားသည်။

    ထို့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်တို့ကလည်း ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်၍ ကန့်သတ်ချက်မထားဘဲ လွတ်လွတ် လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားခြင်းသည် မြန်မာနိုင်ငံတော်ကြီး အမြန်ငြိမ်းချမ်းလျက် ထာဝရ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ စတင်လျှောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်အနေဖြင့် ယုံကြည်မျှော်လင့်သည့်ကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းအစည်းအသီးသီးအနေဖြင့် ထားဝရငြိမ်းချမ်းရေးအတွက် ရှေးရူဆွေးနွေးနိုင်ရေး ယင်းအခမ်းအနား ၊ဆွေးနွေးပွဲများကို တက်ရောက်ပါရန် မေတ္တာရပ်ခံထားသည်။

    Red News Agency

  • NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

    NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

    RNA ၊ဖေဖော်ဝါရီ ၁၀ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၂) မှာ ပြောကြားလိုက်သည်။

    ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးခိုင်မာ အားကောင်းစေရန် ကဏ္ဍစုံပေါင်းစပ်ဆောင်ရွက်နိုင်ရေးနဲ့ အုပ်ချုပ်ရေး ၊ကာကွယ်ရေးကိစ္စရပ်တွေလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ရေးလိုအပ်တယ်လို့ ပြောကြားခဲ့သည်။ (more…)

  • စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

    စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

    RNA_ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများတွင် ခံစစ်ပြင်ဆင်ရာတွင် ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ ထောင်ထားကြရန် ညွှန်ကြားထားကြောင်း သိရသည်။

    ရန်သူဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် မိုင်းထောင်ကြရန်၊ လိုအပ်သည့် မိုင်းများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြမယန်လည်တင်ပြကြရန် စစ်ကောင်စီတပ်က ညွှန်ကြားစာတစောင်တွင် တွေ့ရှိရသည်။

    တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနချုပ်များ၊ ရဲစခန်း၊ ရဲကင်းစခန်းများ၏ ခုခံစစ် လုပ်ငန်းများတွင် ဘန်ကာများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ ခြံစည်းရိုးများ၊ ဆက်သွယ်ရေးမြောင်းများ၊ ရင်တားများ၊ ငြှောင့်ကျင်းများနှင့် မိုင်းထောင်ထားမှုများ ရှိ မရှိ စစ်ဆေးကြရန် တိုင်းစစ်ဌာနချုပ်များက ညွှန်ကြားထားသည်။

    Red News Agency