Tag: နွေဦးတော်လှန်ရေး

  • မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

    မြို့ပြစစ်ဆင်ရေး နှစ်ထောင်ကျော်တွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံး

    RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်တိုင်းအတွင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်း စစ်ဆင်ရေး နှစ်ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးအဆင့်အပါအဝင် (၆၀၀) ကျော်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။

    ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေး အင်အားစုများမှ မြို့ပြစစ်ဆင်ရေးများဆင်နွှဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော် (၈၀) ကျော်ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁,၀၀၀) ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

    လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တိုက်ပွဲတွင် KNDF ရဲဘော် (၃) ဦး ကျဆုံးခဲ့ရ

    RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ တပ်ရင်း (၂) မှ ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့သည် မေလ (၂၇) ရက်နေ့က ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

     

    စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော်များဖြစ်သည့် ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနှင့် ရဲဘော်ဖရန်စစ္စကိုတို့အား အာဇာနည်ဗိမ္မာန်သို့ပို့ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ သူရဲကောင်းသုံးဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၂) အနေဖြင့် အာဇာနည်များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

    စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

    RNA_မေ(၃၀)၊၂၀၂၃ ခုနှစ်။

    ယနေ့ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သည့် “စစ်ကိုင်းဖိုရမ်” သို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်မှ ပေးပို့သည့်သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။

    “နွေဦးတော်လှန်ရေး၏ ပထမဆုံးသောလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သောခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်း ချက်ခိုင်မာမှု၊ အမျှော်အမြင် ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်းတိုက်တွန်းပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ပါကြောင်း မိမိတို့၏သဘောထားကို ဖော်ပြအပ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

    (more…)

  • သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

    သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

    RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။
     
    ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း ထောင်အာဏာပိုင်နှင့်နီးစပ်သော အသိုင်းအဝန်းမှ သိရသည်။
     
    “ဒီညီလေးက ကျန်းမာရေးအရမ်းကောင်းတာဗျ ထောင်ထဲမှာ အားကစားလည်း လိုက်စားတယ်၊ ရောဂါကြောင့်သေတာမဟုတ်တာ သေချာတယ်၊ နောက်ပြီး ထောင်ဝန်ထမ်းအသိုင်းအဝန်းက ကြားရတာတော့ ဒဏ်ရာတွေနဲ့သေသွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ထောင်ဝန်ထမ်းမိသားစုတွေနဲ့ ရင်းနှီးနေလို့ ပြန်ကြားရတာပါ၊ မဲကြီးနဲ့က အင်းစိန်မှာလည်း တစ်ခန်းတည်းနေခဲ့တာ သာယာဝတီပြောင်းတော့လည်း အတူတူဆိုတော့ကြားကြားချင်း အရုပ်ကြိုးပြတ်ပါပဲ” ဟု သာယာဝတီထောင်မှလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

    (more…)

  • ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

    ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

    RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=zjB_L-p299w[/embedyt]

    Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

    ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

    RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ မေလ (၂၄) ရက်နေ့ နံနက်(၆) နာရီ (၁၅) မိနစ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    မိနစ် (၃၀) ဝန်းကျင်ကြာ ရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် (၄) ဦးသေဆုံးပြီး၊ BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၆၅၀ နှင့် လက်ပစ်ဗုံး ၃ လုံးအပါအဝင် ရဲ အသုံးအဆောင်ပစ္စည် များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စခန်းအတွင်းရှိ အမျိုးသမီး (၃) ဦးနှင့် ကလေး (၂) ဦး ကို ပြန်လွှတ်ပေးခဲ့သည်ဟု Nothern ABSDF မှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

    စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

    ” နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်”
    အောင်ဇေ
     
    စစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို ပြောင်းလဲ ကျင့်သုံးလာသည်ကို တွေ့ရှိရသည်။
     
    စစ်ကောင်စီတပ် တိုက်ပွဲပုံသဏ္ဍာန် ဘာ့ကြောင့် ပြောင်းလဲလားသလဲဆိုတော့ ဒေသကာကွယ်ရေးတပ်များနှင့် PDFတိုက်ခိုက်ရေးရဲဘော်များ၏ ဘယ်အချိန် ဘယ်နေရာမှပေါ်ပေါက်လာပြီး တိုက်ခိုက်လာမည်ကို မသိရှိရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ စစ်ကြောင်းနှင့်ယာဥ်တန်းများအား ချုံခိုတိုက်ခိုက်ခြင်းနှင့် Drone များအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခြင်းများကို ခံလာရပြီး ထိခိုက်ကျဆုံးမှု များလာခြင်းကြောင်းဖြစ်သည်။ ရှမ်း- ကယားအစပ်က တိုက်ပွဲများတွင်လည်း နေ့လည်ခင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Droneဖြင့် ဗုံးသီချတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ထိုးနှက်တိုက်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်းစီတပ်မှ အရာရှိအပါဝင် စစ်သည်အများအပြားသေဆုံးထိခိုက်မှုများရှိခဲ့ပါသည်။
     
    ထို့ပြင်ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလားသော သံချပ်ကား(၂)စီးပါသော စစ်ကောင်စီစစ်ယာဥ်တန်းတခုကို ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်တို့က Dromeအသုံးပြုပြီး ဗုံးသီချတိုက်ခိုက်ပြီး ယာဥ်တန်းတခုလုံးကို အလစ်အငိုက် တိုက်ခိုက်လိုက်သောကြောင့် ယာဥ်တန်းတွင်ပါလာသော သံချပ်ကား(၂)စီးနင်း စစ်ယာဥ်တန်းတခုလုံး ဖျက်ဆီးခံရသည့်အပြင် ပါလာသောစစ်ကောင်စီတပ်သားအများအပြား ထိခိုက်ချဆုံးပြီ လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုပါ သိမ်းဆည်းရမိသည်အထိ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှု များလာသောကြောင့် စစ်နည်းဗျူဟာများကို ပြောင်းလဲအသုံးပြုလာရခြင်းဖြစ်သည်ဟု ခန့်မှန်ုးမိပါသည်။

    (more…)

  • မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

    မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

    RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။

    စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။

    ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့ဖြင့် ထောင်ဒဏ် အနှစ် (၂၀) မတရား ချမှတ်ထားရသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ရှိဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

    (more…)

  • တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

    တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

    ” ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မ‌မေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုး” 

     

    လင်းယုန်

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက် မပြတ်ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းလူမျိုးအားလုံးနီးပါး စစ်အာဏာရှင်ကို ရွံ့ရှာမုန်တီးတဲ့စိတ်က မွေးကတည်းကပါလာပြီးသားဖြစ်သလို မတရားအာဏာလု မင်းအောင်လှိုင်၏ လုပ်ရပ်ကြောင့်လည်းပို၍ ချင်းပြည်သူလူထု သွေးဆူလာစေသည်ဟု သုံးသပ်မိပါသည်။

    တူမီးသေနတ်နှင့်ချင်း

    တူမီးသေနတ်သည် ချင်းလူမျိုးများ၏ ရှေးယခင်ဘိုးဘွားခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာသည့် ရိုးရာလက်နက်တစ်ခုဖြစ်သလို ချင်းယောက်ျားလေးရှိသည့်အိမ်တိုင်းနီးပါး တူမီး သေနတ်ရှိကြသည်။ လူတစ်ဦးတစ်ယောက်ကိုအသက်အန္တရာယ်ပြုရန်ကိုင်‌ဆောင်ခြင်းမဟုတ်ပါ။ ချင်းပြည်နယ်သည်တောတောင်ထူထပ်ပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းစုံပေါများသည့်ဒေသဖြစ်သည့်အလျောက် တောရိုင်းတိရိစ္ဆာန်များ၏အသက်ဘေးရန်ကနေကာကွယ်ဖို့အဓိက ကိုင်ဆောင်ကြသော်လည်း ယခုအခါမှာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် မတရားအာဏာလု မင်းအောင်လှိုင်နှင့်သူ၏ အပေါင်းအပါစစ်ခွေးများအား တစ်ဖြုတ်ဖြုတ်ခြွေနိုင်သည့် လက်နက်အဖြစ်နေရာယူလာခဲ့ပါသည်။

    အရွယ်ရောက်ပြီး ချင်းယောက်ျားလေးတိုင်းနီးပါး တူမီးသေနတ်ပစ်တတ်အောင်လူကြီးမိဘများမှသင်ပေးသည့်အပြင် လေး၊ မြှား၊ လှံ၊ ဓါး၊ တူးလေးနှင့် အခြားအခြားသောတိုက်ခိုက်ရေးနည်းများစွာလည်း ကျွမ်းကျင်အောင်သင်ပေးကြသေးသည်။ သင်ပေးရခြင်း၏ အကြောင်းအရင်းမှာ တောထဲတောင်ထဲသို့သွားလာရတော့မည်ဆိုလျှင် တောရိုင်းတိရိစ္ဆာန်များ၏တိုက်ခိုက်ရန်ပြုခြင်း၊ အသက်အန္တရာယ်ပေးနိုင်ခြင်းမှခုခံကာကွယ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်တိုက်ခိုက်ရေးသည်ယောက်ျားလေးတိုင်း၏တတ်သင့်တတ်အပ်သည့် ပညာရပ်တစ်ခုအနေဖြင့်လည်း ရှုမြင်သင်ယူရပါသည်။ တူမီးသေနတ်အပြင် လေး၊ မြှားပစ်ခတ်မှု အတတ်ပညာကိုလည်း တစ်ဘက်ကမ်းခတ်တတ်မြောက်ကြသည့် ချင်းလူမျိုးများဖြစ်ကြောင်းကိုလည်း ဖော်ပြလိုပါသည်။

    (more…)

  • အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

    အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

    RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။

    ယနေ့ နေ့လည်ပိုင်းက တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် (၁၀) ဦးသည် စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်လုတိုက်ခိုက်ကာ လက်နက်များနှင့်အတူ ယနေ့ည (၈) နာရီထိ လွတ်မြောက်နေကြောင်း သိရသည်။

    “အခုညထိ သူဆို့ကို ဖမ်းမိတယ်မကြားသေးဘူး၊ စခဘော်ဘီအကောင့်တွေက ဓာတ်ပုံတွေနဲ့တင်ပြီး အမြန်ဖမ်းဆီးရမိဖို့ အင်တိုက်အားတိုက်လုပ်နေတယ်၊ ဒေသခံတွေဆီရောက်လာရင် ဒါက မဖြစ်မနေကူညီပေးသင့်တယ်၊ နောက်ပြီးတော့ တညလောက်သာ လွတ်ရင် KNU ဆီမှာ ရောက်ပြီ အဲနယ်က KNU နယ်နဲ့ နီးတယ်၊ အခုညလဲ ရောက်သွားနိုင်တယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

    (more…)