Tag: နွေဦးတော်လှန်ရေး

  • မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီဖုံးကွယ်ရန် ကြိုးစားနေသည့်အတွက် သက်သေအထောက်အထားများကို BACS က ထုတ်ဖော်

    မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီဖုံးကွယ်ရန် ကြိုးစားနေသည့်အတွက် သက်သေအထောက်အထားများကို BACS က ထုတ်ဖော်

    RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၄ခုနှစ်။

    YDF ရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သော်လည်း စစ်ကောင်စီနှင့်အတူ လော်ဘီများက ဖုံးကွယ် (ငြင်းဆို) ရန်ကြိုးစားနေသည့်အတွက် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ – BACS က အချက်အလက်များနှင့်တကွ ထုတ်ဖော်ထားသည်။

    မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာ၊ ရွာမြောက်ဘက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ YDF ရဲဘော် (၂) ဦးဖြစ်သည့် ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ (၂) ဦးကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (ပျူ) များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့က နှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    မီးရှို့သတ်ဖြတ်သည့် ရုပ်သံကြည့်ရန်  >>>> နှလုံးရောဂါရှိသူများ၊ အသက်ငယ်သူများနှင့် ကျန်းမာရေးမကောင်းသူများ အရှင်လတ်လတ်မီးရှို့နေခြင်းဖြစ်သည့် အကြည့်ကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

    (more…)

  • အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

    အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။

    အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် “အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး” ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

    မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ : PPNM – မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး/

    (more…)

  • စစ်တောင်းမြစ်၏ အရှေ့ခြမ်း အနောက်ခြမ််းအားလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပြီ

    စစ်တောင်းမြစ်၏ အရှေ့ခြမ်း အနောက်ခြမ််းအားလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပြီ

    RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ ခုနှစ်။
     
    တောင်ပိုင်းတိုင်းစစ်ဒေသ အပါအဝင် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအခြေအနေများ၊ နယ်မြေစိုးမိုးမှုအခြေအနေများနှင့် ပတ်သက်သောအကြောင်းအရာများ၊ မြို့ပြစစ်ဆင်ရေးတွင်လည်း “ရွှေလက်ပိုင်ရှင်” စသည့် စစ်ဆင်ရေးများစွာ ဖော်ဆောင်ထားနိုင်သည့် NUG/MOD PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force – S.O.F)၏ တပ်မှူး ကိုအောင်စံရှားကို ပြည်သူများ သိချင်နေသည့် မြေပြင်တော်လှန်ရေးအခြေအနေများနှစ်ပတ်သက်ပြီး Red News Agency က ဆက်သွယ်မေးမြန်းထားသည်။
    [embedyt] https://www.youtube.com/watch?v=u8q8IGhtiiM[/embedyt]
    #RedNewsAgency

  • ၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

    ၆ နာရီကြာ နဂါးတွင်းတိုက်ပွဲအတွင်း BNRA နှင့်ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့

    RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၄ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူ အင်အား (၇၀) ခန့်ပါ စစ်ကောင်းကို BNRA စေတန်တပ်ဖွဲ့နှင့် ဒေသခံတပ်ရင်းများ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ဖေဖော်ဝါရီလ (၃) ရက်နေ့က နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြား တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများ အသာစီးရခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
     
    ဖေဖော်ဝါရီလ ၂ ရက်နေ့က မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီလက်အောက်ခံပူးပေါင်းစစ်ကြောင်းသည် မအူကျေးရွာကိုဆင်းပြီး တောပုရွာ(ပျူရွာ) ဝင်ပြီး ပျူများနှင့်ပူးပေါင်းရာ ညောင်ဖြူပြင်စစ်ကောင်စီစခန်းညအိမ်နားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့ မအူသို့ပြန်လည်ထွက်ခွါချိန် နဂါးတွင်းနှင့်ညောင်ဖြူပင်၊ တောပု(ပျူရွာ)ကြားတွင် တော်လှန်ရေးအင်အားစုများက နံနက် ၉ နာရီ ၂၀ မိနစ် ဝန်းကျင်မှ နေ့လယ် ၃ နာရီ ၂၀ မိနစ်ဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိသည်ဟု BNRA စေတန်တပ်ဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

    (more…)

  • ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

    ဖားကန့်နှင့် ကာမိုင်းတကြော မဟာဗျူဟာလမ်းမကြီးပေါ်ရှိ နမ့်တိန်းစခန်းအားလုံးကို KIA/KPDF ထိန်းချုပ်နိုင်ပြီ

    RNA_ဖားကန့် ဖေဖော်ဝါရီ၂၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဖားကန့်နှင့် မိုးကောင်း၊ လဝါးလမ်းပေါ်ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ အဓိကစခန်းများဖြစ်သည့် နန့်ယားစခန်းကုန်း၊ နမ့်တိန်းစခန်းကုန်းနှစ်ခုအနက် နမ့်တိန်းစခန်းကုန်း၏ တပ်စွဲထားသော ဧရိယာအကုန် သိမ်းပိုက်နိုင်ပြီဟု KIA/KPDF သတင်းရင်းမြစ်ကပြောသည်။

    “သိမ်းမိပါပြီဗျ၊ နမ့်တိန်းကို ထိန်းချုပ်နိုင်ပြီ ပြောလို့ရတယ်၊ အခုနောက်ဆုံး ဒီနေ့ နေ့လယ် ၁၂ နာရီက နောက်စခန်းကို သိမ်းလိုက်ပြီ၊ လက်နက်ကြီးပစ်ကူတွေ တအုန်းအုန်းကြားက ရခဲ့ပါပြီ”ဟု ပြောသည်။

    နိမ့်တိန်းနယ်မြေ ထိန်းချုပ်နိုင်ရေး ‌ဇန်နဝါရီ ၆ ရက်နေ့ ဝှေခါ ဗျူဟာကုန်းစတိုက်ကတည်းက ပြိုင်တူကြိုးစားခဲ့ကြသော်လည်း နိမ့်တိန်းကို အပြီးသတ် မထိန်းချုပ်နိုင်ပဲ ယနေ့ နေ့လယ်မှသာ အပိုင်ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

    နမ့်တိန်း‌ဒေသ၏ တောင်ကုန်းအချို့ကို သိမ်းနိုင်သော်လည်း အင်အား (၅၀)ဝန်းကျင်သာရှိသည့် နမ့်တိန်းအထိုင်စခန်းကို မသိမ်းနိုင်သေးပဲ ဖြတ်တောက်စစ်ဆင်ရေးပြုခဲ့ရသည်ဟု KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

    တံတားဦီး‌မှ လေယာဉ်ပစ်ကူ၊ ဖားကန့်ဗျူဟာ၊ လုံးခင်းယမ်းချက်စက်ရုံနှင့် မဇွပ်ယန် အကျဉ်းထောင်တို့မှ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခဲ့သော်လည်း နမ့်တိန်းဒေသရှိ တောတောင်တခွင် စစ်ကောင်စီ တပ်စခန်များအား ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

    ဖားကန့်ဒေသ၏ အဝင်အထွက် မဟာဗျူဟာ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွား အချက်အချာ နမ့်တိန်း‌ဒေသနှင့် ဖားကန့်မြို့နှင့် ဟိုပင်၊ မိုးညှင်းမြို့သွား ဝှေခါဒေသအား တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားနိုင်ပြီ ဖြစ်သည်။

    ဖားကန့်ဒေသသည် ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပြီး အဝင်အထွက် လမ်းကြောင်း သုံးခုရှိသည့် အနက် နှစ်ခုကို လုံးဝထိန်းချုပ်နိုင်သည့် အနေအထားဖြစ်ပြီး နောက်ဆုံးတစ်ခုဖြစ်သည့် ရှမ်းနီ(SNA)ကြီးစိုးရာဒေသ တာမခံ၊ ဆယ်ဇင်းတစ်ဝိုက်ကို ပိတ်ဆို့ထားနိုင်ရန်သာ ကျန်တော့သည့် အခြေအနေဖြစ်သည်။

    #RedNewsAgency

  • ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ချင်းပြည်ကောင်စီကြေညာ

    ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရဖွဲ့စည်းကြောင်း ချင်းပြည်ကောင်စီကြေညာ

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၄ခုနှစ်။

    ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ နှင့် ပုဒ်မ ၃၂ (က) အရ ချင်းပြည်ကောင်စီမှ ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဖော်ဖော်ဝါရီလ (၁) ရက်နေ့က ချင်းပြည် (Chinland) ကောင်စီ ဥက္ကဌ Pu Zing Cung လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

    ချင်းပြည်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် Pu Pa Thang ဖြစ်ပြီး အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစသည်တို့ ပါဝင်သည်။


    (more…)

  • နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု

    နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ အမျိုးသမီး မဟာမိတ်အင်အားစု WAB၊ မကွေးလူထုတိုက်ပွဲ​ကော်မတီ၊ ကနီမြို့နယ် သပိတ်ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဥဦးဆောင်ကော်မတီတို့နှင့် ဒေသတွင်း သပိတ်အင်အားစုများနှင့် ပူးပေါင်းကာ ယနေ့ကျရောက်သည့် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် နံနက်ပိုင်းက ငြိမ်းချမ်းစွာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့သည်။

    #RedNewsAgency

  • နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

    နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။

    နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။

    ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)၊ “အဖြူရောင် လှုပ်ရှားမှု” (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

    (more…)

  • နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

    နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

    RNA_ဇန်နဝါရီ(၃၁)၊၂၀၂၄ ခုနှစ်။

    စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ၏ ဘုံသဘောထားရပ်တည်ချက်ကို NUG မှ ယနေ့ ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်ဟု သိရသည်။

    နိုင်ငံရေး ဦးတည်ချက် (၆) ရပ်မှာ ၁။ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။ ၂။ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။ (၄)။ သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။ (၅) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။ (၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်တို့ဖြစ်သည်။

    (more…)

  • ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

    ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

    RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။
     
    လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=jR94_an6zKQ[/embedyt]
    #RedNewsAgency