18
Jul
RNA- ဇူလိုင် ၁၈ ရက်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက အရပ်သားပြည်သူ (၁၆) ကို အစုလိုက်ဖမ်းဆီးပြီး ရက်ရက်စက်စက် အသတ်ခံရကြောင်း ယနေ့ ( ဇူလိုင်လ ၁၈ ရက်) တွင် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံရှာဖွေရာ ဖမ်းဆီးခံရသူများထဲက အသတ်ခံရသူများ၏ Dead Body (၁၆) ခုရှာဖွေတွေ့ရှိကြောင်း၊ ဖမ်းဆီးခံရပြီး Dead Body မတွေ့ရှိမှုများလည်း ရှိသေးနိုင်ကြောင်း၊ အသတ်ခံရသူများတွင် ခန္ဓာကိုယ်၊ မျက်နှာ၊ လည်ပင်း၊ ဝမ်းဗိုက်၊ ဦးခေါင်းတို့ကို ဓားဖြင့်မွှန်းထားကြောင်း၊ လက်ပြန်ကြိုးတုပ်ခြင်းနှင့် တချို့မှာ လက်နှင့်ချေထောက်များကို ဖြတ်ထားခြင်း၊ ဦးခေါင်းနှင့် နဖူးတွင်…