ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း NUG ကြေညာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း NUG ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်‌ကြေညာခဲ့သည်။ Red News Agency
Read More
စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG ကထုတ်ပယ်

စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG ကထုတ်ပယ်

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး Civil Disobedience Movement (CDM) ပါဝင်နေ သည့် ဝန်ထမ်းတွေကို တရားမဝင် ခြိမ်းခြောက် ၊ ဖိအားပေး အလုပ်ထုတ်ပယ်ခြင်း များလုပ်ဆောင်နေသည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။ Red News Agency
Read More
မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် ကားများအတွက် KIA တပ်မဟာ ၂ က သတိပေးချက် ထုတ်ပြန်

RNA – ဧပြီ ၂၇ ရက်။ မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် အိမ်စီးကား၊ ခရီးသည်တင်မော်တော်ယာဥ်စသည်တို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ပစ္စည်းလက်နက် စားနပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုလုပ်ရန် KIA အမှတ် ( ၂) လှုပ်ရှားပ်မဟာက ယနေ့တွင် ထုတ်ပြန်ထားသည်။ မော်တော်ယာဥ်များအနေဖြင့် မှန်အလုံပိတ်၊ မိုးကာများ အုပ်သွားတာမျိုး မပြုလုပ်ရန်နှင့်၊ ယနေ့မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန် ထုတ်ပြန်ထားပြီး၊ မလိုက်နာကပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Red News Agency
Read More
ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

နေပြည်တော် ၊ ဧပြီ ၂၇ ရက်။ ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက် အပြည့်အစုံမှာ -၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ် နေမှုများကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်…
Read More
KIA တပ်မဟာ ( ၃)၊တပ်ရင်း ၁၅ စစ်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

KIA တပ်မဟာ ( ၃)၊တပ်ရင်း ၁၅ စစ်ရေးနယ်မြေအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

ကချင် လွတ်လပ်ရေးတပ်မတော် ( KIA) တပ်မဟာ ( ၃)- မိုးမောက်မြို့နယ်အတွင်း တပ်ရင်း ( ၁၅) စစ်ရေးဆိုင်ရာကန့်သတ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း၊ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ( ဧပြီလ ၂၆ ရက်) တွင် ထုတ်ပြန်ထားသည်။ Red News Agency
Read More
CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

CRPH တွင် ဦးအောင်ကြည်ညွန့် ဥက္ကဌအဖြစ် ဦးဆောင်ပြီး ကော်မတီ ၈ ခုဖြင့် ဆောင်ရွက်မည်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် တာဝန်ယူသွားမည်ဖြစ်ပြီး ကော်မတီ ၈ ခု ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အတွင်းရေးမှူး အဖွဲ့ဝင်တွေ အဖြစ် (၁) ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့်၊ (၃)ဦးလမင်းထွန်း (ခ) အဖြိုး တို့ကို ခန့်အပ်ထားပြီး ကျန်ကော်မတီဝန်တွေနဲ့ တာဝန်ခွဲဝေ လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။ ကော်မတီ ၈ ခုမှာ ၁။ ဥပဒေရေးရာကော်မတီ ၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ၃။ ဘဏ္ဍာရေးရာကော်မတီ ၄။ ပြည်သူ့ရေးရာကော်မတီ ၅။ ဖက်ဒရယ်ရေးရာကော်မတီ ၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ ၈။…
Read More
ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ၃ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း

ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) ၃ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း

RNA ၊ ဧပြီ ၂၆ ရက်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည့်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦလမာနော်အောင်နှင့် ဦးစည်သူမောင်တို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ( ဧပြီလ ၂၆)တွင် ထုတ်ပြန်ကြေညာခဲ့သည်။ Red News Agency
Read More
စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်

စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်

စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်ကြောင်း လာရှိုးမြို့ ပညာရေးကောလိပ် ကျောင်းသား ကျောင်းသူများက သဘောထား ထုတ်ပြန်ထားသည်။ Red News Agency
Read More
မင်းအောင်လှိုင်ကို ဖမ်း ဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံ NUG က အ ကြောင်းကြားစာပေးပို့

မင်းအောင်လှိုင်ကို ဖမ်း ဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံ NUG က အ ကြောင်းကြားစာပေးပို့

RNA – ဧပြီ ၂၂ ရက်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ယနေ့တွင် NUG က ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင်…
Read More