Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

    ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

    RNA-ဒီဇင်ဘာ ၁၅၊ ၂၀၂၂ ခုနှစ်။
     
    မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ မင်းကွန်းမြသိန်းတန်စေတီနှင့် မင်းကွန်းပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီးအပါအဝင် ဘုရားစေတီ ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

    (more…)

  • ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

    ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

    RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

    ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။

    ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=ycQFwAoPRHY[/embedyt]

    ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း သိရသည်။

    #RedNewsAgency

  • TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

    TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

    RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း) ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင်သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံခဲ့ရကြောင်း သိရသည်။

    Photo : TNLA ရဲဘော်များ ရိုက်ကူးထားသည်။

    စစ်ကောင်စီတပ် အင်အားအများအပြားနှင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် ကုန်းသာကျေးရွာ ဝန်းကျင်မှာ TNLA နှင့် ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည်မှစတင်ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်ကောင်စီတပ် လေကြောင်းမှတဆင့် ပျံသန်းကြည့်ရှုမှုများရှိကြောင်း သိရသည်။

    ” တိုက်ပွဲကြီး အောင်မြင်စွာပြီးဆုံး စကစ အလောင်း ၄၇ လောင်း အရှင်ဖမ်းဆီးထားသူ ၂၇ ဦးရှိ အကုန်သေးဘူး ကောက်တုန်း” ဟု TNLA ရဲဘော်တဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။

    (more…)

  • မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

    မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

    RNA_ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၂။

    စစ်ကော်စီလက်အောက်ခံ မြန်မာ့မီးရထားသည် မော်လမြိုင်ဘူတာမှ ပြေးဆွဲရန် စီစဉ်ထားသည့် လေအိတ်အမြန်ရထားကို အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်ဟု အကြောင်းပြကာ လက်မှတ်ခများ ပြန်လည်အမ်းပေးနေကြောင်း ‌သိရသည်။

    “ယနေ့ ( 13.12.2022) နေ့ မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ်(၈၂)အစုန် မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထားသည် အကြောင်းအမျိုးမျိုးကြောင့် မော်လမြိုင် ဘူတာမှထွက်ခွာနိုင်ခြင်း မရှိတော့ပါ၍ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများ ပြန်လည်အမ်းပေးနေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။” ဟု မော်လမြိုင်ဘူတာကြီး Page က ကြေညာထားသည်။

    #RedNewsAgency

  • မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

    မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်နှင့် မြို့နယ် နေရာအချို့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာရှင်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။

    စစ်အာဏာရှင်စနစ်မလိုမရှိ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ PTT အားသပိတ်မှောက်၊ လိပ်ပြာလုံပါစေ  စသည့် စာသားများဖြင့် ဆန္ဒပြခဲ့ကြကြောင်း Red News Agency ကို သတင်းပေးပို့လာသည်။

    #RedNewsAgency

  • စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

    စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။

    PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw – CDF- KKG က ထုတ်ပြန်ထားသည်။

    PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊ ထူးကြီး PDF ဟု ညှဉ်းပမ်းနှိပ်စက်ခံနေရသည့်ကြားမှ ဖြေနေရသည့်အတွက် Red News Agency အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထူးကြီး PDF ဖြစ်မည်ဆိုပါကစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်တိုက်နယ်၊ ထူးကြီးကျေးရွာတည်ရှိကြောင်း၊ ယင်းဒေသတဝိုက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

    ရုပ်သံအား ကြည့်ရှုရန် နှိပ်ပါ

    #RedNewsAgency

  • “အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

    “အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။

    ” သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်” ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=4tp5EgIVkwo[/embedyt]

    (more…)

  • စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

    စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

    စစ်ကောင်စီလက်အောက်ခံများက လမ်းသွားလမ်းလာများအပေါ် အမြဲရမ်းကားနေကြသည်။ တားဆီးထားသည့် အကာအရံများကို မတော်တဆ တိုက်မိသည့် ကားသမားများမှာ စစ်ဆေးခံရမှုနဲ့အတူ ရိုက်နှက်ခံရမှုများပါ ကြုံနေကြရသည်

    ဇော်နိုင်

    နေပြည်တော်မှသည် ကျေးလက်တောရွာအလယ် ရန်ကုန်မြို့တော်အဆုံး တနိုင်ငံလုံးနီးပါးရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များ၊ ထောက်ခံအားပေးသူများ၊ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များသည် ဒီမိုကရေစီရေးအင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးသမားများကို ကြောက်အားပိုနေရသည့်အနေအထားဖြစ်နေသည်။

    ကျေးလက်တောရွာများတွင် စစ်ကောင်စီလက်အောက်ခံများကို လက်နက်များတပ်ဆင်ကာ ပျူစောထီးအဖွဲ့များရှိသော်လည်း အချိန်ပြည့် ကြောက်လန့်နေရသည့်အနေအထားဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မမြေအထိ တော်လှန်ရေးတပ်သားများက အခွင့်ရတိုင်းတိုက်ခိုက်နေသည့်အတွက် နေပြည်တော်က စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများမှာလည်း စိုးရိမ်ထိတ်လန့်စွာ သွားလာနေထိုင်ရသည်။ တနိုင်ငံလုံးမှာ အကြီးဆုံးမြို့ဖြစ်သည့် မဟာရန်ကုန်တွင်ကား ထင်ရာစိုင်းနေသည့် စစ်ကောင်စီလက်အောက်ခံများကို နေ့စဉ်နှင့်အမျှ ဆုံးမနေကြသည့်အတွက် အခိုင်အမာ အကာအရံများ၊ လက်နက်ကိုင် အကာအရံများ၊ လက်နက်ရှိယုံမျှဖြင့် မလုံခြုံတော့သည့် အုပ်ချုပ်ရေးမှူးအဖွဲ့များသည် နေ့စဉ်နှင့်အမျှ ထိတ်လန့်တုန်လှုပ်နေကြရသည်။

    ရန်ကုန်မြို့ ပြည်သူပိုင်နေရာများတွင် စစ်ကောင်စီလက်အောက်ခံများသည် အတင်းအဓမ္မနေရာယူထားပြီး အတားအဆီးအခိုင်အမာနှင့် ခြံရံမှုများပြုလုပ်ကာ စစ်အာဏာရှင်တို့၏ အမိန့်များကိုနာခံကာ ပြည်သူများကို အချိန်ပြည့် သေနတ်ဖြင့် ချိန်ထားကြသည်။ စိတ်အခန့်မသင့်ရင်ဖြင့် PDF စွပ်စွဲကာ ဖမ်းဆီးမှုများ ပစ်သတ်မှုများပါ ပြုလုပ်နေကြသည်။ ထို့ကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ ဘယ်နေရာ သွားသွား ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ အမြဲစိုးရိမ်ထိတ်လန့်နေကြရသည်။ အာဏာရှင်တို့သည်ကား လက်နက်အားကိုးဖြင့် ပြည်သူများကို အမြဲညှင်းပန်းနှိပ်စက်နေကြသည်။

    (more…)

  • ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

    ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

    RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကလေးခရိုင် အမှတ် (၆) PDF တပ်ရင်းမှ မချောစုအောင်၏ ကလေးမြို့မှ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်သိမ်းဆည်းရန် လာသည့် ယမန်နေ့( ဒီဇင်ဘာလ ၇ ရက်)က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
     
    မချောစုအောင် PDF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သိရှိပြီးနောက် အိမ်ချိပ်ပိတ်နိုင်ရေး ဆောင်ရွက်နေစဉ်အတွင်း မချောစုအောင်က “ အိမ်မီးရှို့ခံရမဲ့ အတူတူမိုင်းထောင်လိုက်မယ်” ဟုဆုံးဖြတ်ကာ အိမ်မှာ မိုင်းထောင်ခိုင်းထားပြီး လာချိပ်ပိတ်ချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချိပ်ပိတ်လာသည့် စစ်ကောင်စီဘက်တော်သားများ သေဆုံးအရေတွက်ကို ကလေး PDF ဌာနချုပ် ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဟု မချောစုအောင်၏ အမျိုးသား PDF ရဲဘော် ကိုဂျပန်ကြီးက ပြောသည်။
    “ကျနော်အမျိုးသမီးရဲ့စွန်လွှတ်ရဲတဲ့သတ္တိကိုတော့ လေးစားတယ်၊ ဒီတိုင်းပြည်အတွက် သူအကုန်စွန်လွှတ်ထားတယ်ဆိုတာကို ပြည်သူလူထုကို သက်သေချပြလိုက်တာဘဲ” ဟု PDF ရဲဘော် မချောစုအောင်၏ အမျိုးသား ကိုဂျပန်ကြီးက Red News Agency ကိုပြောသည်။

    (more…)

  • စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

    စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

    စစ်တိုင်းသုံးခုမှာ စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
     
    RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းတို့တွင် စစ်ရုံးချုပ်များ ရှိလာပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး Chain of Command ( အမိန့်ပေးစနစ်ယန္တရား) တည်ဆောက်မှု စနစ်တကျရှိလာပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က ပြောသည်။
     
    NUG ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်း ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူနှင့်ပူးပေါင်းလာသည့် တပ်မတော်သားများအနေဖြင့်လည်း ကျွမ်းကျင်မှုနှင့်အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြောင်း စသည်တို့ကို ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီဇင်ဘာလ ၇ ရက်နေ့ NUG ရေဒီယို အသံလွှင့်အစီအစဉ်ကနေ ပြောကြားလိုက်ခြင်း ဖြစ်သည်။
     
    “ PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့ တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီး စနစ်တကျရှိလာပြီလို့ ဆိုရမယ်၊ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဉ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီးထိရောက် အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်” ဟု ဦးရည်မွန်က ပြောကြားထားသည်။

    (more…)