Editor

1366 Posts
KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

RNA_ဇူလိုင် ၁၉၊၂၀၂၂ ခုနှစ်။ ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ ချီတက်အလေးပြုခဲ့ကြသည့် အခမ်းအနားတွင် KPDF များက ပြည်သူများနှင့်အတူ ဝန်းရံချီတက်ခဲ့ကြကြောင်း သိရသည်။ Red News Agency
Read More
၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ Red News Agency
Read More
ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။ ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Red News Agency
Read More
လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။ ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

RNA_ဇူလိုင် ၁၅၊၂၀၂၂ခုနှစ်။ ဖယ်ခုံမြို့နယ် ၊ ပိန္နဲကုန်းရွာနှင့်မခေခမ်းရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို ဇူလိုင်လ ၁၄ ရက်နေ့က အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ )၊ အင်း PDF ၊ နေပြည်တော် PDF ပူးပေါင်းအဖွဲ့တို့မှ RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ပူးပေါင်းအဖွဲ့များမှ ရန်သူတို့၏ ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရန်သူစကစ ( ၁၁ ) ဦးထက်မနည်းသေဆုံးခဲ့ပါသည်" ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ကင်းစခန်းများကို ရှမ်း-ကယား အစပ်တွင် နေ့စဉ်နီးပါးတိုက်ခိုက်ခံနေရကြောင်း၊…
Read More
တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

RNA_ဇူလိုင် ၁၄၊၂၀၂၂ခုနှစ်။ အင်တာနက်ဖြတ်တောက်ခံထားရသည့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ကန့်ဒေါင့်အုပ်စု၊တောင်ရွာသစ်ကျေးရွာမှ အ​ပြစ်မဲ့ကျေးရွာသူရွာသားတချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သိရသည်။ "ဆက်သွယ်ရေးဆိုးဆိုးဝါးဝါးအဖြတ်ခံထားရလို့ မီဒီယာမှာမပေါက်ရောက်တဲ့ခုလိုဖြစ်ရပ်တွေ ကျနော်တို့စစ်ကိုင်းမှာ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်ရိုက်ယူလာကြလို့သာ သိရတာပါ။2Gအင်တာနက်လေး ရဖို့ဆိုရင်တောင် ခွေးတွေနဲ့မလှမ်းမကမ်း(ဒါမှမဟုတ်) တောင်ကြိုတောင်ကြားတစ်နေရာ၊တစ်ခါတလေ တခြားမြို့နယ်ထိ ထွက်ရပါတယ်" ဟု တော်လှန်ရေးရဲဘော် ကဗျာဆရာ နှင်းရိပ်နွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။ ကဗျာဆရာ နှင်းရိပ်နွေ ရေးသားထားသည့် "စစ်ပွဲဧရိယာ" တော်လှန်ရေးကဗျာစာအုပ် (E-Book) ကို ရောင်းချနေပြီး လူမသိသူမသိဒုက္ခရောက်နေတဲ့ပြည်သူတွေသည့် မြေပြင်မှာအသက်ပေးတော်လှန်နေရပြီး နာမည်ယူရကောင်းမှန်းမသိသူများ ၊ မီဒီယာပေါ်မရောက်သည့်အတွက် နာမည်မရသည့်အဖွဲ့အစည်းတွေကို ပိုကူနိုင်ဖို့အတွက် ရောင်းချနေကြောင်း သိရသည်။ Red News Agency
Read More
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။ စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။ အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။ ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊…
Read More
၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး RNA_ဇူလိုင်၁၄၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ရန်ကြီးအောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား(၁၂ဝ)ခန့်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ (၃) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄၀) ကျော်သေဆုံးသည်ဟု ဇူလိုင် ၁၃ ရက်နေ့က ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်(၁၁)ရက်မှစတင်ပြီး ကလေးတောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF ၊ PDF kalay ၊ CDF-KKG ၊ RKDF ၊ UGF Kalay နှင့် ပ.က.ဖ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ PDF-Kalay မှ…
Read More
ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ 

ကရင်နီပြည် KNDF BO -1 ရဲဘော်များ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ 

RNA_ဇူလိုင်၁၃၊၂၀၂၂ခုနှစ်။ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က ဘုရား‌ဝတ်ပြုကျောင်းများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးခဲ့ရသော်လည်း KNDF BO-1 ရဲဘော်များ ဇူလိုင် ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် တောတွင်းစခန်းတနေရာတွင် ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ " အဓမ္မတိုက်ပွဲမှာ ကျွန်တော်တို့ ဓမ္မဘက်တော်သားများက စစ်မိစ္ဆာတွေကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ရန် ဘုရားသခင်သည် ကျွန်တော့်တို့နဲ့အတူအစဉ်အမြဲရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ထာ၀ရအသက်ချမ်းသာပေးတော်မူသော ကိုယ်တော်ရှင်အဖဘုရားသခင်ထံ လိုရာကျေဇူးတောင်းလျှောက်ရင်း အမှန်တရားအတွက်၊ လှပသောအနာဂတ် အေးချမ်းသောနိုင်ငံ ဖြစ်ဖို့ရန်အတွက် ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ဒီတိုက်ပွဲအောင်မြင်သည့်တိုင် အတူတကွ ဆက်လက်တွန်းလှန်သွားကြရအောင်" ဟု KNDF BO-1 မှ ရဲဘော် Khun John Paul က ပြောကြားထားသည်။   အာဏာသိမ်းစစ်ကောင်စီတပ်သည်…
Read More
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

RNA_ဇူလိုင်၁၂၊၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်​ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့ ယနေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်ရင်းဖွဲ့စည်းပုံပျက်လောက်သည်အထိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အရာရှိများ၊ တပ်သားအများအပြားသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်သည် (၃)ဦးသာ " ပွန်းပဲ့ဒဏ်ရာ " ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခလရ (၈)မှ တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးပြီး RPG အသီး -၂၆…
Read More