Editor

1366 Posts
ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

RNA_ဇူလိုင် ၇၊၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ပြည်သူများ၏ လှူဒါန်းမှုများနည်းပါးလာသည့်အတွက် ကံစမ်းမဲများရောင်းချကာ " ပေါက်ရင်ယူ မပေါက်ရင်လှူ" အစီအစဉ်အတိုင်း အမျိုးသားကာကွယ်ရေးကွန်ယက်မှ သေနတ်အတိုတလက်စသည်တို့ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထပ်မံပြီး မဲများဝယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို လှူဒါန်းကြရန် ရဲဘော် ကိုလင်းသူရထွန်းက တိုက်တွန်းထားသည်။ Red News Agency  
Read More
လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

RNA_ဇူလိုင် ၆၊၂၀၂၂ခုနှစ်။ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံနေသည့် လူငယ်တော်လှန်ရေးတပ်ဦး-YRF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၂) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ RedNewsAgency
Read More
ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် (၁၁).ဦးဈာပန ယနေ့ပြုလုပ်

RNA_ဇူလိုင် ၆၊၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်က (၄၀) ဝန်းကျင် သေဆုံးခဲ့သည့် ဖယ်ခုံ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF ရဲဘော် ကရင်နီသူရဲကောင်း (၁၁) ဦး၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ " တော်လှန်ရေးဆိုတာ ကလေးကစားစရာမဟုတ်သလို တိုက်ပွဲဆိုတာ ပန်းနဲ့ပစ်ပေါက်ကြတာ မဟုတ်ဘူ။ ပို့ဆောင်ခြင်းလမ်းတစ်လျှောက်လုံး ငိုကြွေးနေတဲ့ ငါတို့ပြည်သူ၊ ၀မ်းနည်းနေတဲ့ငါတို့ပြည်သူ၊ ဆုတောင်းပေးနေတဲ့ ငါတို့ပြည်သူတွေ အခေါင်းဖက်ပြီး၀မ်း‌နည်းနေတဲ့ ငါတို့ရဲဘော်တွေရဲ့ အဖြစ်ကို ဘယ်သူသိနိုင်မလဲ? ဒါဟာ ငါတို့ ကရင်နီပြည်သူအတွက် ပြန်မရနိုင်တဲ့အစားထိုးမှု၊ ကြီးမားတဲ့ ဆုံးရှုံးမှုပဲ" ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက အသိပေးထားသည်။   ဇူလိုင်လ ၄ ရက်နေ့ နံနက်…
Read More
ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။ KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် - ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင်…
Read More
စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

RNA_ဇူလိုင် ၅၊၂၀၂၂ခုနှစ်။ မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA)၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်ရဲဘော် (၆) ဦးကျဆုံးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

RNA_ဇူလိုင် ၃၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်နှင့် အပါအပေါင်းအပါ အင်အား ၁၃၀ ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သူရဲကောင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ " အင်းအား ၁၃၀ ကျော် ခွေးစစ်ကြောင်းကို ကျွန်တော်တို့တောကြီးမြွေပွေးတပ်ဖွဲ့ အပါဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ ပြောက်ကျား တပ်ဖွဲ့များ၊ ပ. က .ဖ များ တော်လှန်ရေးညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သူရဲကောင်းရဲဘော် ( ၁၁ )ဦး ကျဆုံးခဲ့ပြီး ထိခိုက်မှုများပြား။ စစ်ခွေး (၂) ကောင်သေ" ဟု တောကြီးမြွေပွေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ ဒေသခံ…
Read More
တော်လှန်ရေးမှာ ရုန်းကန်ရင်းနှင့် တော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာအသက် ဖြစ်နေဟု သရုပ်ဆောင် အဆိုတော်် ချစ်သူဝေပြော

တော်လှန်ရေးမှာ ရုန်းကန်ရင်းနှင့် တော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာအသက် ဖြစ်နေဟု သရုပ်ဆောင် အဆိုတော်် ချစ်သူဝေပြော

RNA_ဇွန် ၃၀၊၂၀၂၂ ခုနှစ်။ ကျောင်းသား၊မိဘ၊ဆရာ အားလုံးစုပေါင်းထားသော "Ayeyarwaddy Federal School " ဖွင့်ပွဲအခမ်းအနား ယနေ့ နံနက်ပိုင်းက Zoom ဖြင့် ကျင်းပခဲ့ရာမှာ သရုပ်ဆောင်နှင့် အဆိုတော် ချစ်သူဝေ တက်ရောက်ခဲ့ပြီး တော်လှန်ရေးမှာ ရုန်းကန်ရင်းနှင့် တော်လှန်ရေးဟာဘဝ၊ တော်လှန်ရေးဟာ အသက် စသဖြင့် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ မိဘများအတွက် အားပေးစကားများ ပြောကြားခဲ့သည်။ "ဒီတော်လှန်ရေးမှာ ရုန်းကန်ရင်းနဲ့ ဒီတော်လှန်ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်၊ တော်လှန်ရေး အသိသတိနဲ့နိုးထ၊ တော်လှန်ရေး အသိသတိနဲ့ အိပ်စက် ရှင်သန်နေကြရတာပေါ့။ အဲဒီအတွက် ကိုယ်ပိုင်ဘဝတွေ ပျောက်ဆုံးနေတယ်" ဟု ချစ်သူဝေက ပြောကြားခဲ့သည်။ "Ayeyarwaddy…
Read More
မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

RNA_ဇွန် ၃၀၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့သော တိုက်ခိုက်ရေးလှုပ်ရှားသူများက NUG ကာကွယ်ရေးဝန်ကြီးဌာန ( MOD) နှင့် လက်တွဲဆောင်ရွက်နိုင်ရေး လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE-YRF ) ဖွဲ့စည်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။ အညာမြေထူးပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်၊ Future Generation၊ PRA ခွဲ ၃၁ ၊မြိုင်PDF၊ နောက်မြောက်တိုင်း PDF တပ်ဖွဲ့ များနှင့်အတူ လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE -YRF ) တို့က ဇွန်လ ၁၅…
Read More
“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။ KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် "အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် "ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။ အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။ " စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်" ဟု PDF ရဲဘော်တဦးက ပြောသည်။…
Read More
ညောင်ဦးမြို့နယ်၊ NLD အမျိုးသမီးလုပ်ငန်းကော်မတီဝင်တစ်ဦး အကျဉ်းထောင်တွင်း ကွယ်လွန် 

ညောင်ဦးမြို့နယ်၊ NLD အမျိုးသမီးလုပ်ငန်းကော်မတီဝင်တစ်ဦး အကျဉ်းထောင်တွင်း ကွယ်လွန် 

RNA_ဇွန်လ ၃၀၊ ၂၀၂၂ခုနှစ်။ မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊တိုက်ကုန်းရပ်အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ(ရပ်ကျေး အတွင်းရေးမူး) ဒေါ်ခင်ညို သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် ရက် ၃၀ တွင်ထောင်တွင်းကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန် သွားကြောင်း သိရသည်။ NLD အမျိုးသမီးလုပ်ငန်းကော်မတီ(ရပ်ကျေး အတွင်းရေးမူး) ဒေါ်ခင်ညိုသည် မေ၃၀ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရပြီး ဇွန်၂၈ရက်နေ့ နံနက်၅နာရီခွဲခန့်က ထောင်တွင်းကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။ Red News Agency
Read More