Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

    စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

    တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည်

    အောင်ဇေ

    အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊ ချင်း၊ ကရင်စသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ် ရာထူးကြီးတွေပါ သေနေသည်မှာ အားလုံးအသိဖြစ်သည့်အတိုင်း တပ်တွင်းမှာလဲ ရှေ့တန်းမထွက်ရရေး ဖရိုဖရဲဖြစ်နေကြသည်။

    ထိုသို့ထိခိုက်ဆုံးရှုံးမှုများလာပြီးအင်အားနည်းပါလာသောပြဿနာကိုဖြေရှင်းရန်အတွက်လည်းတပ်သားသစ်စုဆောင်းမှုကိုစစ်ဆင်းရေးတရပ်အနေဖြင့်ပြုလုပ်လာသည်ကိုလည်းတွေရှိရပါသည်။အာဏာမသိမ်းမှီကာလတွင်တပ်မတော်သို့ဝင်ရောက်စစ်မှုထမ်းလိုသူများရှိခဲ့ပါသည်။ထိုအချိန်တွင်တပ်မတော်သို့ဝင်လိုလျင်ပညာအရည်အချင်းအသက်မှတ်ပုံတင်အစရှိသောစာရွက်စာစာတမ်းများကိုစိစစ်ပြီးမှသာလက်ခံခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။ယခုအာဏာသိမ်းပြီနောက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ဖြစ်နေသည့်အတွက်ဝင်ရောက်လိုသူမရှိဖြစ်နေပြီးတပ်သားသစ်အတော်ရှားသွားခဲ့သည်။

    (more…)

  • ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

    ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လအတွင်း တပ်ရင်းမှူး (၄) ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးပါအဝင် (၁၇၃၆) ဦးသေဆုံးခဲ့ဟု KNU ဗဟိုထုတ်ပြန်

    RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။
     
    ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F)တို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဧပြီလအထိ (၄) လအတွင်း တိုက်ပွဲ (၁၆၄၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်လက်အောက်ခံ တပ်ရင်းမှူး (၄)ဦး၊ ဒုတပ်ရင်းမှူး (၅) ဦးအပါအဝင် (၁၇၃၆) ဦးသေဆုံးကာ KNLA၊ KNDOနှင့် မဟာမိတ်များတို့မှ (၅၉) ဦးကျဆုံးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
    ဓာတ်ပုံ – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က (၇၄) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား မြင်ကွင်း။
     
    ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၄ လတာအတွင်းနှင့် ပတ်သက်ပြီး KNU ဗဟို၏ ထုတ်ပြန်ချက်တွင် “နေ့စဉ်နေ့တိုင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၁၆၄၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (B.G.F) များ ဘက်မှ (၁၇၃၆) ဦးသေဆုံးခဲ့ပြီး (၁၁၈၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (၄)လတာ တိုက်ပွဲများ အတွင်းအာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်၏ တပ်ရင်းမှူး (၄) ဦး၊ ဒု−တပ်ရင်းမှူး (၅) ဦးသေဆုံးခဲ့သည်။ (၄) လတာ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၅၉) ဦးအသက်ပေးလှူခဲ့ရပြီး (၁၉၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” ဟု ဖော်ပြထားသည်။

    (more…)

  • နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

    နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

    RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။

    ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK 47-၁လက်၊ 5.56 ကျည် – ၁၅ တောင့်၊ ကျည်ဘောက် (၃) ခု စသည့် ပစ္စည်းများ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့ကြောင်း ခင်ဦး ပ.က.ဖ ကထုတ်ပြန်ထားသည်။

    #RedNewsAgency

  • တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

    တရုတ်အကျိုးစီးပွားနဲ့ တပ်တွင်းအားပြိုင်မှု ပြင်းထန်တော့မှာလား …….

    မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်……

    ရေဂါ – ရေးသားသည်။

    တရုတ်အစိုးရဟာ ၂၀၂၃  နှစ်ဦးပိုင်းကနေ ဒီနေ့အထိ ကို မြန့်မာအရေးနဲ့ပါတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှုမမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ဒုက္ခတွေကိုလုံးလုံးစိတ်မဝင်စားပဲ ၎င်းတို့ရဲ့အကျိုးစီးပွားတွေမထိခိုက်ဖို့နဲ့အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာဖြစ်ပါတယ်။

    မြန်မာပြည်ဟာတရုတ်ရဲ့ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ပင်လယ်ထွက်ပေါက်နဲ့သဘာဝဓာတ်ငွေ့သိုက်တွေ ဟာလဲ တရုတ်ရဲ့မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက်နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ ဖို့ အိပ်မက်အကောင်အထည်ဖော်ရမှာအရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကိုသူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်းစည်းလုံးနေမှာမျိုးကိုလဲသူမလိုလားပါဖူး။ဒါကြောင့် ရှုံးနိုင်ချေများနေတဲ့ စစ်တပ်ကို နိုင်မြင်းအဖြစ်မဟုတ်ရင်တောင် Win-Win အခြေအနေဖြစ်အောင်လုပ်ပြီး မြန်မာပြည်ရဲ့အာဏာမသိမ်းခင် အခြေအနေကိုပြန်ရောက်အောင်တွန်းပို့နိုင်ဖို့ကို အားထုတ်နေတယ်လို့ ရှုမြင်သုံးသပ်လို့ရနိုင်ပါတယ်။

    (more…)

  • အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

    အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

    RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။
     
    သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။
     
    ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့် မေလ ၈ နေ့က တွေ့ဆုံးပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့် အရေး ကျူးလွန်ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်ဒရုန်းကို မဟာမိတ်တပ်ဖွဲမှ ပြစ်ချနိုင်ခဲ့ပြီးသိမ်းဆည်းရမိ

    စစ်ကောင်စီတပ်ဒရုန်းကို မဟာမိတ်တပ်ဖွဲမှ ပြစ်ချနိုင်ခဲ့ပြီးသိမ်းဆည်းရမိ

    RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စေသူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီတပ်မှ လွှင့်တင်လိုက်သည့် ဗုံးတပ်ဒရုန်းကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-Union Liberation Front နှင့် မဟာမိတ်များ ပစ်ချနိုင်ခဲ့ပြီး ယမန်နေ့က ဒရုန်းနှင့်ဗုံးသီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
     
    အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အခြေစိုက် အလုံမြို့၊ စစ်ပင်ဆိပ်မှ စစ်ကောင်စီတပ်ကား ၃ စီးဖြင့််လာရောက်ပြီး လွှင့်တင်ခဲ့သော ဒရုန်းနှစ်စီးကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)နှင့် မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ မေလ ၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က Drone Catcher ဖြင့် ပစ်ချခဲ့ရာ တစ်စီးမှာချင်းတွင်းမြစ်အတွင်းပြုတ်ကျခဲ့ပြီး ယင်းဒရုန်းကိုယ်ထည်နှင့်ဗုံးသီးကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    (more…)

  • တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

    တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

    RNA_မေ(၉)၊၂၀၂၃ ခုနှစ်။

    ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာတွင် မေလ (၈) ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခြံပည်သု့ကာကွယ်ရေး မဟာမိတ်များ တိုက်ပွဲဖြစ်ပွားမှု အတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီဖဲဘူး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    “ရဲဘော်ချာစ်ဘိုနီ ဖဲဘူး သည် စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် ကျွန်ုပ်တို့ KNDF B/08 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲမှတ်တမ်း တင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်” ဟု KNDF B/08 ကထုတ်ပြန်ထားသည်။

    (more…)

  • ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

    ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

    RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။
     
    ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
     
    စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

    စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

    ကျောက်ရစ်ရဲစခန်းသွားသော စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ
     
    RNA_မေ(၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေတစ်ချောင်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေလ (၆) ရက်နေ့ ညနေ (၄) ရီဝန်းကျင်က Myingyan Black Tiger(MBT) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု (၁) နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=RcdTIdklnrI[/embedyt]
     
    “မိမိတို့ MBT အဖွဲ့က ခွေးစစ်ကြောင်း ချီလာရာ အနီးဆုံး သနပ်ကုန်းတံတားဆီအထိ ကပ်ပြီး အနီးကပ် စပစ်ခဲ့ရာ မဟာမိတ်အဖွဲ့များမှ 60mm များ လက်နက်ငယ်များဖြင့် ကာပစ်ပစ်ပေးခဲ့သဖြင့် ခွေးစစ်ကြောင်းအထိနာသွားသည်” ဟု Myingyan Black Tiger(MBT) က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလက်အပါအဝင် (၃) ဦးသေဆုံး

    စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလက်အပါအဝင် (၃) ဦးသေဆုံး

    RNA_မေ(၆)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF မတူပီရဲဘော်များ မေလ (၅) ရက်နေ့ ညနေ (၄) နာရီ ဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်အပါအဝင် (၃) ဦးသေဆုံးသွားကြောင်း မတူပီ CDF (Chinland Defense Force- Matupi) က ထုတ်ပြန်ထားသည်။
     
    အထူးစစ်ဆင်ရေးအဖြစ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်နှင့် ဗိုလ်မှူးတဦး၊ ဗျူဟာမှူးယာဉ်မောင်း တပ်သားတဦး တို့သေဆုံးခဲ့ပြီး MA 3 တစ်လက် သိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)