Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

    အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

    RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။

    ကယား (ကရင်နီ) တော်လှန်ရေး တပ်ရင်း – KRU လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ဒုတပ်စိတ်မှူး ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ် (အသက် ၁၈ နှစ်) သည် မေလ ၁၀ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။

    စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းတနေရာတွင် ထောင်မိုင်းထိကာ ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ်၏ ဈာပနအခမ်းအနားကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း KRU အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။

    (more…)

  • စစ်တွေမြို့ပေါ်ရေဝင်ရောက်မှုရှိလာပြီး လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြ

    စစ်တွေမြို့ပေါ်ရေဝင်ရောက်မှုရှိလာပြီး လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြ

    RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ‌မြို့ပေါ်သို့ ယနေ့ နေ့လည်ပိုင်းတွင် ရေများစတင်ဝင်ရောက်လာပြီး စစ်တွေ ပင်မ ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြပြီး ပျက်စီးဆုံးရှုံးမှုများရှိနေပြီဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=-6Hdwfl6-GA[/embedyt]

    #RedNewsAgency

  • သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

    သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

    RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို PDFများ မေလ (၁၀) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေပြီး၊ PDF (၃) ဦးကျဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်း ကွပ်ကဲရေးအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    (more…)

  • ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

    ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

    RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

    ‌ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာအဝင်ဆိုင်းဘုတ်အနီး ထွန်းတောက်စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ပန်းရံဆရာတဦး ဦးခေါင်းကျော်ခဲတုံးနှင့် ထုသတ်ခံရပြီး ပစ္စည်းများ ယူသွားကြောင်း သိရသည်။

    သေဆုံးသူမှာ ပန်းရံဆရာ မောင်ကြံ၊ အသက် (၄၂)နှစ်၊ ဆိုင်းရာရွာသစ်တွင်နေထိုင်သူဟုသိရပြီး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ်လေးသိန်း လုယူခံခဲ့ရကြောင်း သိရသည်။

    ဖားကန့်၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားနေခြင်းနှင့်အတူ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

    #RedNewsAgency

  • တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

    တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

    RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ တိုက်ကတောကျေးရွာမှ နေအိမ် (၅) လုံးကို ရွှေဘိုမြို့အခြေစိုက် လေ့ကျင့်ရေးတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မေလ (၁၂) ရက်နေ့ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=yUafKbm3sN4[/embedyt]

    “စစ်ကြောင်းကတော့ ထွက်သွားပြီး ဆက်သွားတာပေါ့လေ တိုက်ကတောရွာက နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ် ၂ စီးကို မီးရှို့သွားတယ်၊ အခြားရွာတွေလည်း ပတ်ဝင်သွားတယ်၊ စစ်ကြောင်းလာတော့ တရွာလုံးထွက်ပြေးနေကြရတာပေါ့ အခုမနက်မှ ရွာကိုပြန်သွားကြည့်ရတာ ဒေသခံတွေက ပြေးနေကြရတုန်း“ ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နယ်စည်းမခြား ရွှေဘိုသား -LPDF အဖွဲ့ဝင်တဦးက ပြောသည်။

    (more…)

  • ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

    ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

    RNA_မေ(၁၂)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ရဲဘော်အင်အားအများအပြားဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့သည့် (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူမှ စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊ တိုင်းရင်းသား တန်းတူအခွင့်ရေးနှင့် အာဏာရှင်စနစ်အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊ တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိ တော်လှန်ရေးအောင်မြင်မှုများအား ရှင်းလင်းပြောကြခဲ့ကြားခဲ့ကြောင်း သိရသည်။

    (more…)

  • သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

    သတိထားစရာ စစ်ကောင်စီတပ်၏ အောက်တန်းကျမှုများ

    “တိုက်ပွဲများပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း KNU အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ ဖုန်းဖြင့်ဆက်သွယ်ပြောကြားချက်အပါအဝင် ဆက်သွယ်ရေးစက်များဖြင့် ပြောကြားချက်များကို ကြားဖြတ်နားထောင်နေသည့် မှတ် () အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်းသည် တောင်ငူမြို့တွင် တည်ရှိနေ”

    အောင်ဇေ

    ဗမာစစ်တပ်သည်ပြည်သူများကိုသတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်မှုများထက် ဆိုးသွန်းယုတ်မာသည့်ကိစ္စများရှိမြင်မဟုတ်ဟု ထင်ရသော်လည်း စစ်အရေးအသာစီးရယူလိုမှုဖြင့် ဆက်သွယ်ပြောဆိုချက်များကို စဉ်ဆက်မဖြတ်စောင့်ကြည့်နေသည့် အောက်တန်းကျမှုတခုအကြောင်း ပြောပြချင်ပါသည်။ နွေဦးတော်လှန်ရေးကာလပထမအစပိုင်းတွင် ပြည်သူများသည် ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး ဖုန်းပြောချက်များ မလုံခြုံဟုပြောဆိုခဲ့ကြသည်ကို မှတ်မိအုံးမည်ထင်ပါသည် အဲဒါဟာအမှန်ဖြစ်ကြောင်း ပြောကြားလိုပါသည်။

    ယခုပြောပြချင်သည့်အကြောင်းကတော့ ပြည်သူတွေနေ့စဉ် ပြောကြားနေသည့် ဖုန်းလိုင်းများထက် ပိုအရေးကြီးသည့် စစ်ရေးကိစ္စများကို ပြောမှာဖြစ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ယခုမှ ဒါမျိုးကိုလုပ်နေတာမဟုတ်ဘဲ ယခင်ကတည်းက လုပ်ဆောင်နေသည်ကို ပထမဆုံး ပြောကြားချင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA လက်မှတ်ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်စဉ်ကာလကတည်းက ကြားဖြတ်ဖမ်းယူနားထောင်နေကြခြင်း ဖြစ်သည်။

    ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ယခင်ထက်ပို၍ ကြားဖြတ်နားထောင်ခြင်းကိစ္စများကို ပိုလုပ်ဆောင်လာခဲ့ပါသည်။ အောက်ပါအချက်များသည် ဒေသအလိုက်လုပ်ဆောင်နေသည့် သတင်းအချက်အလက်များကို ပြောပြမှာဖြစ်ပါသည်။ စစ်ကောင်စီတပ်နှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် သတိထားရှောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုစာကိုရေးသားရခြင်း ဖြစ်သည်။

    (more…)

  • MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

    MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

    (၁၂)၊၂၀၂၃ ခုနှစ်။

    MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။

    MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ (ကျိန္တလီ၊ ဂွ) နှင့် ကမ်းရိုးတန်းတလျှောက် ကမ်းခြေဒေသများ၊ မုန်တိုင်း ကုန်းတွင်းပိုင်း မဝင်ရောက်ခင် ရက္ခိုင်ဒေသတွင်း မြို့အများစုမှာ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များအရ သိရသည်။

    [embedyt] https://www.youtube.com/watch?v=NpzS8PnaXW8[/embedyt]

    #RedNewsAgency

  • အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။

    ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ () ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီPa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။

    (more…)

  • စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

    စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

    RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေးကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက YPDF တပ်ခွဲ (၃) ရှိ ရဲဘော်များနှင့် ဥက္ကဌ ရဲဘော်ယောလေးအပါအဝင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များနှင့် အတူ ပူးပေါင်းစစ်ဆင်ရေးအခြေအနေများကို တိုက်ပွဲပြန်ရဲဘော်များမှ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ YPDF ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌရဲဘော်ယောလေး၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်အောင်ကြီး၊ တပ်ရင်းမှူး ရဲဘော်တာရာနဲ့ တာဝန်ရှိသူများကလည်း တပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့သည်ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)