Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

    ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

    RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။
     
    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။
     
    ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။

    (more…)

  • ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    [embedyt] https://www.youtube.com/watch?v=vuzIkGxypSQ[/embedyt]

    #RedNewsAgency

  • ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

    ရေစကြိုမြို့ပေါ် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ပစ်ခတ်

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံများကို မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်က Myingyan Black Tiger (MBT) ရဲဘော် (၂) ဦး သွားရောက်ကာ ပစ်ခတ်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=eOKNl2u8FBs[/embedyt]

    #RedNewsAgency

  • ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

    ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

    RNA_ဖားကန့် မေလ ၅ရက်၊ ၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ အဝင်နှင့်မျောက်ဖြူကျေးရွာသွား လမ်းခွဲနေရာတွင် လူလတ်ပိုင်းအမျိုးသား (၂) ဦးအား သေနတ်ဖြင့်တေ့ပစ်ခံထားသည့် သေဆုံးရုပ်အလောင်းအား ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။
     
    ယနေ့ နံနက် သေဆုံးနေသည့် ရုပ်အလောင်းများသည် မည်သူဖြစ်ကြောင်း မသိရှိရသေးကြောင်း၊ သေဆုံးသူ နှစ်ဦးမှ တဦးသည် ဦးခေါင်းကိုတေ့ပစ်ခံထားရခြင်းဖြစ်ကြောင်း၊ ယခု သေဆုံးသူများကို စစ်ကောင်စီတပ်သတ်ဖြတ်သည်ဟု အတည်မပြုနိုင်သေးသော်လည်း ဧပြီလ (၂၄)ရက်နေ့ နံနက်က စစ်ကောင်စီမှ ဗိုလ်မှူး ‌အသတ်ခံရသည့် Happy KTV အဝင်လမ်းရှေ့တွင် ဖမ်းဆီးထားသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်မှ လမ်းပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်။

    (more…)

  • ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

    ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF -ကျောင်းသားတပ်မတော်) စစ်ဒေသ ( ၁ ) ၊ စစ်ကြောင်း (၃) ရဲဘော်များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ Local PDFများ ၊ ပ.က.ဖ များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။

    Photo : ABSDF Column-3

    ABSDF စစ်ကြောင်း ၃၊ ယောဒေသတွင် အခြေစိုက်ထားသည့် အမှတ် ( ၁၂ )တပ်ရင်းနှင့် ချင်းတွင်းဒေသတပ်ရင်းတို့သည် ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများပြီး G3 ၄ လက် ၊ G4 ၁လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟု ABSDF စစ်ကြောင်း ၃မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

    (more…)

  • KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

    KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

    RNA_မေ(၃)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံးကာ (၃) ဦးအရှင်းဖမ်းမိကြောင်း KNDF ကယနေ့ ထုတ်ပြန်ထားသည်။

    ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးအပါအဝင် လေယာဉ်ဗုံးကြဲပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

    (more…)

  • ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

    ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

    RNA_မေ(၃)၊၂၀၂၃ ခုနှစ်။

    မန္တလေးတိုင်း၊ ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF ပူးပေါင်းတပ်မှ ရဲဘော်များ မေလ (၂) ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

     

    ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းစီးနင်းမှုအတွင်း ရဲ (၂) ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အင်အား (၁၃) ဦးခန့်သာ ရှိပြီး (၈) ဦး တရားရုံးသွားနေချိန်တွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲမိသားစုဝင် အမျိုး သမီးနှင့် ကလေးများကို လွှတ်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

    ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

    RNA_မေ(၃)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ မေလ (၁) ရက် နံနက် (၄) နာရီ (၅၀) မိနစ်မှစတင်ကာ (၂) နာရီကြာမြို့တွင်းစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
     
    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Bawlakhe PDFကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

    KNU ခေါင်းဆောင်သစ် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရ 

    RNA_မေ(၂)၊၂၀၂၃ ခုနှစ်။

    ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး -KNU ၏ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ (ကွန်ဂရက်) တွင် ပဒိုစောကွယ်ထူးဝင်းကို KNU ဥက္ကဌအဖြစ် ရွေး‌ကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။

    ကရင်အမျိုးသား အစည်းအရုံး -KNU သည် ကွန်ကရက်ကို (၄) နှစ်တကြိမ် ကျင်းပခြင်းဖြစ်သော်လည်း ကိုဗစ်ကာလနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ကြန့်ကြာမှုများရှိခဲ့ပြီး ယနေ့ ( မေလ ၂ ရက်) ညနေပိုင်းတွင် ဥက္ကဌ အသစ်ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။

    ကရင်အမျိုးသားအစည်းအရုံး -KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ကာ ယနေ့နံနက်ပိုင်းအထိ KNU ဥက္ကဌ (၉) ဦးရှိခဲ့ရာမှာ ညနေပိုင်း ရွေးချယ်ခံလိုက်ရသည် ပဒိုစောကွယ်ထူးဝင်းသည် ၁၀ ဦးမြောက် KNU ဥက္ကဌဖြစ်သည်။

    #RedNewsAgency

  • “မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့”

    “မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့”

    RNA_မေ (၂)၊၂၀၂၃ ခုနှစ်။
     
    “ခေါင်းဆောင်မကောင်းရင် မကြိုက်ဘူး၊ မကောင်းမှုမှန်သမျှ အကုန်လုပ်တဲ့ မင်းအောင်လှိုင်ရဲ့အောက်မှာ တာဝန်မထမ်းဆောင်နိုင်လို့ CDM လုပ်ခဲ့တယ်။ ထို့နည်းတူပဲ ကျွန်တော်တို့ မလုပ်ချင်ဘူး မင်းအောင်လှိုင်လက်အောက်မှာ လုပ်ချင်ဘူးဆိုရင် ထွက်ခဲ့ပါတယ် ကျွန်တော်တို့ ကြိုဆိုတယ်” ဟု စသဖြင့် ဗားရ်စခန်းသိမ်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုလေ့ကျင့်လုပ်ခဲ့သည် ဆိုသည့်အကြောင်းများကိုပါ CNDF Project Team Leader မဟာဗျူဟာမှူး အင်တာဗျူးက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=ogH7SQMRY-I[/embedyt]
    Red News Agnecy