Editor

1539 Posts
စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။   "မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား…
Read More
ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF - Khayan) ရဲဘော် (၆) ဦး ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ကွင်းဆက်များလိုက်ကာ ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။ "ရဲဘော်ခြောက်ဦးသည် (၂၂.၄.၂၀၂၃) ရက်နေ့တွင် မတော်တဆ အကြမ်းဖက်စစ်ကောင်စီလက်သို့ ဖမ်းဆီးခံခဲ့ရပါသည်။ စစ်ကောင်စီသည် ၎င်းတို့ကို ဖမ်းဆီးနှိပ်စက်၍ ကွင်းဆက်များကိုလိုက်ဖမ်းဆီးမှုများ၊ မြို့နေပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ရဲဘော်များ၏ဖုန်းများဖြင့် ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်" ဟု PDF - Khayan မှ ယနေ့ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More
KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ ဧပြီ(၂၃)ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ၊ Happy KTV သွားသည့် စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း (၁၃)၊ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၃) ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။ Happy KTV တွင် ဗိုလ်မှူး ဇော်မောင်၊ လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတဦးတို့ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျောက်လုပ်ငန်းရှင် ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်တို့ကို မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (more…)
Read More
မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှ ဧပြီ (၂၁) ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူများအား ဆန်ခါ အချုပ် ထောင်၌ ချုပ်နှောင်ထားပြီး၊ ကံဆီးဒေသ လည်းကောင်းတို့တပ်အထိုင်ချထားရာဘက်သို့ ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ပြည်သူ(၆၀)ကျော်အား ထမင်းမကျွေးပဲ အိမ်မှထမင်းလာပို့ခိုင်းခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီက မှော်ပုံရွာအတွင်း ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ(၆၀)ဦးခန့်ကို ကံဆီးဒေသ စစ်ကောင်စီတပ်စခန်းတွင် ဓားစာခံ ဒိုင်းကာအဖြစ် နှစ်ယောက်ကြား တပ်သားတစ်ဦးနှုန်းညှပ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ခါကျေးရွာဘက်သို့လည်း ပြည်သူ (၁၀၀) နီးပါးကိုအတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆန်ခါကျေးရွာဘက်ခေါ်လာသူများကို ဆန်ခါ အချုပ်ထောင်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။ (more…)
Read More
KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခုအ တိုက်ခိုက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှလဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိသွားသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ အထိုင်ချစခန်းများဖြစ်သည့် ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းစခန်းတို့ကို တိုက်ခိုက်ခဲ့သော်လည်း မပြီးတိုင်မချေမှုန်း နိုင်ခဲ့ကြောင်း၊ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို အပြီးတိုင်ချေမှုန်းနှိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ (more…)
Read More
မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။ မိုင်းဘုန်းဆရာတော်ဘုရားကြီးသည် မိုင်းလုံမြို့သို့ ကြွရောက်စဉ် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေမအတွင်း ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင် ဧပြီလ (၁၁) ရက်နေ့က မိုင်းဘုန်းဆရာတော်၏ ယာဉ်တန်း ဖြတ်သန်းသွားလာခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ယုံကြည်ရာ

ယုံကြည်ရာ

CDM လုပ်ခဲ့တဲ့ကျွန်တော် ယုံကြည်ရာတစ်ခုအတွက် တစ်နှစ်ကျော် ၂ နှစ်နီးပါးလျှောက် လာခဲ့တဲ့လမ်းမှာ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ ကိုယ်ယုံကြည်လို့ လျှောက်တဲ့လမ်းဟာ ကြမ်းရင်ကြမ်းတမ်းနေလိမ့်မယ်၊ ခက်ခဲရင် ခက်ခဲလိမ့်မယ် ဒါပေမဲ့ လဲပြိုမသွားဘူး ဇော်ရဲအောင် (CDM တပ်ကြပ်ကြီး) ကျွန်တော်ရွေးခဲ့တဲ့လမ်းဟာ အရမ်းမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်ကိုမမြင်နိုင်တာတော့မဟုတ်ပါဘူး။ ဟိုးအဝေးတစ်နေရာမှာ ရောင်နီသန်းနေတဲ့ အလင်းမှိန်မှိန်လေးကိုတော့ တွေ့နေရပါတယ်။ အဲဒီအလင်းရောင်လေးနားကိုရောက်ဖို့ ကျွန်တော်ကြိုးစားနေပါတယ် ယုံကြည်ချက်အပြည့်နဲ့ပေါ့။   အရင်ကျွန်တော် CDM လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်တုန်းက ကျွန်တော်ရဲ့အတွေးဟာ ဒီတော်လှန်ရေး နိုင်မယ်ဆိုတာသိတယ် ခက်ခဲမယ်လို့မတွေးခဲ့ဘူးဘူး။ ဒီလိုအတွေးနဲ့ကျွန်တော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့အရိပ် ကနေထွက်လာခဲ့ပြီး ပြည်သူ့ဘက်ကို ရပ်တည်ခဲ့ပါတယ်။ လွယ်လွယ်လေး တွေးခဲ့တဲ့ကျွန်တော်ပေါ့။ ပြည်သူ့ဘက်ကိုရပ်တည်လာတဲ့အချိန်မှာလဲ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာမသိခဲ့ဘူး။ ဘယ်သူတွေနဲ့ချိတ်ဆက်ပြီး ကိုယ် ဒီတော်လှန်ရေးအတွက်…
Read More
ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့ (၁၈) ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀)ကျော်သေဆုံးခဲ့ကြောင်း ယနေ့ KNDF က ထုတ်ပြန်ထားသည်။   ဒေါညေးခူကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ…
Read More
NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။ ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ.အ.ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ.အ.ဖ ရဲဘော် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၈) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF…
Read More
စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။   ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး "NUG အလိုမရှိ"ဟု အော်ခိုင်းကြောင်း သိရသည်။   "စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ "NUG အလိုမရှိ"လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်"ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More