Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

    မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

    RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

    ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။

    (more…)

  • စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

    စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

    RNA_သြဂုတ် ၉ ရက်၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခန့် လျှပ်စစ်ဝန်ကြီးနေရာကို  ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မြို့တွင် ဆိုးဆိုးရွားရွား မီးပျက်မြဲပျက်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

    ” သူတို့ စစ်ကောင်စီက လျှပ်စစ်ဝန်ကြီးတွေဘာတွေ ပြောင်းတယ်ကြားတယ်။ အပြောင်းအလဲ လုပ်လည်း ဒီပုတ်ထဲကဒီပဲဘဲ။ စစ်ကောက်စီကမှ အသုံးအကျတော့ စစ်ကောင်စီခန့်ထားတဲ့သူကလည်း ဘာအသုံးကျမှာလဲ။အပေါ်က ခိုင်းတာပဲ လုပ်ရတာလေ” ဟု အလုံမြို့နယ်‌ နေထိုင်သူတစ်ဦးက ပြောသည်။

    လျှပ်စစ်မီး စစ်ကောင်စီ လက်ထက် အချိန်ဇယားဆွဲကာ အချိန်ပိုင်း မီးပေး၊ အလှည့်ကျမီးဖြတ်သည့်စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ယနေ့ အထိလုပ်ဆောင်နေကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လျှပ်စစ်မလုံလောက်ခြင်းသည် ရေအားလျှပ်စစ်စီမံကိန်းများ ပျက်ခဲ့သည့်အတွက်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    “ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်”

    ငြိမ်းမောင်

    ၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။

    အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေ ဇောက်ထိုးဆင်းလာခဲ့တာပါ။ ဒီအခြေအနေရောက်နေတာတောင် လိုအပ်ရင် ငွေစက္ကူ အသစ်ရိုက်ထုတ်ဖို့ စိတ်ကူးခဲ့တဲ့ ဥာဏ်ရည်နည်းပါးမှုကို ဖော်ပြနေတာပါ။ ငွေစက္ကူအသစ်ထုတ်မယ်အသံကြားကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်းတွေဟာ ဘယ်ခေတ်အခါမှ မကြားဖူးခဲ့တဲ့ ကုန်စျေးနှုန်းတွေပါ။ ဆန်စျေး ဆီစျေး ဟင်းသီးဟင်းရွက်စျေး၊ ကားခနှုန်းထားတွေ အကုန်လိုက်တက်ပါတယ်။

     

    သြဂုတ် ၆ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၃၃၀၀ ကျော်နေပါပြီ။ ရွှေစျေးဟာ ၃၅သိန်းကျော်နေပါပြီ၊ စက်သုံးဆီစျေးဟာ တစ်လီတာစျေးနှုန်း  92 တစ်လီတာကို ၂၁၇၅ ၊ 95 တစ်လီတာကို ၂၂၈၅ ကျပ်ဖြစ်နေပါပြီ။ ဒေါ်လာစျေးတက်တာနဲ့အမျှ ကန်ဇွန်းရွက်စျေးကအစ လိုက်တက်နေတာကို ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖွဲ့လည်း ဘာမှထူးမလာဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံတခုကို တည်ငြိမ်အောင် ဘာမှထိန်းမရပါဘူး။ အားလုံးတည်ငြိမ်စေချင်တယ်ဆိုရင် အားလုံးလိုချင်တဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အရင်ဆုံးပေးလိုက်ပါ။ စစ်ရာဇဝတ်ကျူးလွန်ထားသူတွေ အပြစ်ခံလိုက်ပါ။

    (more…)

  • ဟင်နရီဗန်ထီးယူ စစ်အုပ်စုနှင့် ပူးပေါင်းနေသည့်အတွက် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်

    ဟင်နရီဗန်ထီးယူ စစ်အုပ်စုနှင့် ပူးပေါင်းနေသည့်အတွက် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်

    RNA_ဩဂုတ်(၉)၊၂၀၂၃ ခုနှစ်။

    ၂၀၁၆- ၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် ဒုသမ္မတ ဖြစ်ခဲ့သည့် ဟင်နရီဗန်ထီးယူသည် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့က ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် NLD ပါတီမှထုတ်ပယ်လိုက်ကြောင်း သိရသည်။

    “၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်” ဟု ဩဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ယနေ့ ထုတ်ပြန်ကြေညာထားသည်။

    (more…)

  • ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

    ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

    RNA_ဩဂုတ်(၈)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့တွင် ယနေ့ ကျရောက်သည့် (၃၅) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု – Red Umbrella Movement ပြုလုပ် ပြုလုပ်ခဲ့ကြသည်။

    စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့လယ်ခေါင်တွင် “၈” ဂဏန်းနှင့် “တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ” စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု ရန်ကုန်လူထုသပိတ်က ပုံများနှင့်အတူ ထုတ်ပြန်ထားသည်။

    (more…)

  • ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

    ပုံမှန်စစ်အခြေအနေမှ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု NUG- MOD ဒုအတွင်းဝန်ပြောကြား

    RNA_ဩဂုတ်(၇)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး ခုခံစစ်တွင် ပုံမှန်စစ်ပွဲတွေကို ဆင်နွှဲနေပြီး မကြာမှီ ထိုးစစ်ကာလရောက်ရှိတော့မည်ဟု ၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွက် “နွေဦးအောင်ပွဲသတင်းများ ပြည်သူသို့တင်ပြချက်” တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ထည့်သွင်းပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=dFxeey6KwZA[/embedyt]

    #RedNewsAgency

  • ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

    ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

    RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    “မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး”ဟု PDF သတင်းရင်းမြစ်က ပြောသည်။

    ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။

    (more…)

  • ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

    ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

    RNA_ဖားကန့်၊ ဩဂုတ်လ ၅ ရက်၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် ယနေ့ (၁၂)နာရီခွဲခန့်က ကျောက်စိမ်း
    လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း သာယာကုန်းအပိုင်းမှ မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ပေ (၁၅၀) ခန့် မျောပါပြီး လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။

    ရှာဖွေကယ်ဆယ်ရေးလုပ်နေသည့် မြင်ကွင်း

    ကျောက်စိမ်းလုပ်ကွက် ကန်အစပ်မှ ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် ရေစီးနှင့်အတူ မျောပါခဲ့သူ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို အသက်ရှင်လျက်ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ကလေးနှစ်ဦးမိခင် ဒေါ်ခင်ဆွေမာ(ခ) ဒေါ်မလေး၊ (၃၇)နှစ်ခန့်မှာ ရေကန်အတွင်း နစ်မြှုပ်ပျောက်ဆုံးလျက်ရှိကြောင်း Myanmar Rescue (Hpakant) မှ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

    (more…)

  • မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

    မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

    RNA_ဩဂုတ်()၊ ၂၀၂၃ ခုနှစ်။ 

    မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်စက်ရုံများ၊ ငွေစက္ကူထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီတန်ဖိုးထားရသည့် အသည်းနှလုံးများစွာရှိပြီး ထိုးစိုက်ရန် ဓားရိုးများကို တော်လှန်ရေးတပ်ဖွဲ့တွေက ကိုင်ထားနိုင်ပြီဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဥ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်း တာဝန်ခံ ကိုတံခွန်က ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=0rrqWY1w6z4[/embedyt]

    မကွေးတိုင်းက စစ်ကောင်စီရဲ့ လူသတ်လက်နက်စက်ရုံတွေ အပေါဆုံး နေရာဒေသတခုဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းအတွင်းမှာဆိုလို့ရှိရင် ဒါသူတို့ရဲ့ အသည်းနှလုံးတွေလို့ ပြောလို့ရပါတယ်။ အသည်းနှလုံးကို ထိုးစိုက်ဖို့ ဓားရိုးကိုတော့ ကျွန်တော်တို့ မကွေးတိုင်းသားတွေ PDF တပ်ဖွဲ့ တပ်ရင်းတွေက ကိုင်ထားပြီလို့ ပြောလို့ရပါတယ်ဟု မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က ပြောထားသည်။ 

    (more…)

  • ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

    ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

    RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။

    ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။

    [embedyt] https://www.youtube.com/watch?v=YcAu4y3YKVM[/embedyt]

    ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့မှ တဦးတယောက်တည်းဆုံးဖြတ်လုပ်ကိုင်နေခြင်းနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် NUG တာဝန်ရှိသူများအနေဖြင့် ဖြုတ်ချပြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် ဒေသခံတချို့က ဩဂုတ်လ ၂ ရက်နေ့က ဆန္ဒပြခဲ့သည်။

    (more…)