Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

    ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

    RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၇ ဦးထဲက သေဆုံးရုပ်အလောင်း ၂၅ လောင်း ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=xL4nCKRocuY[/embedyt]

    ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများအပါအဝင် ကုမ္ပဏီဝန်ထမ်းတချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်‌ကြောင်း၊ ဆယ်ယူရသည့် အလောင်း (၂၅) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။

    (more…)

  • ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

    ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိ

    RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသည့် ၃၇ ဦးထဲက ၁၇ ဦး၏ ရုပ်အလောင်းများကို ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=Md0mBD_l4H4[/embedyt]
     
    ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများနဲ့ ကုမ္ပဏီဝန်ထမ်း ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်ကာ ဆယ်ယူရသည့် အလောင်း (၁၇) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။
     
    #RedNewsAgency

  • ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

    ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
     
    ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=E8ZBk9Rn2sU[/embedyt]

    (more…)

  • နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

    နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

    “မြို့သိမ်းတိုက်ပွဲတွေအတွက် တော်လှန်ရေးဘက်က ပြင်ဆင်နေသလို၊ စစ်ကောင်စီတပ်ကလည်း ရှိတဲ့အင်အားနဲ့ ခုခံဖို့ ပြင်နေတာတွေ့ရတယ်။ တောင်ငူမြို့တဖက်ကမ်းက စစ်တောင်းမြစ် တဘက်ခြမ်းမှ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုကလည်း ပိုမိုမြင့်တက်လာခဲ့တယ်”

    နောင်ရိုး

    ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရန်ကုန်ကို သိမ်းပိုက်နိုင်ဖို့ဆိုရင် အဓိက လမ်းတွေဖြစ်တဲ့ ပဲခူးတိုင်းထဲက တော်လှန်ရေး အခြေအနေကို သိရှိထားဖို့လိုပါတယ်။ ပဲခူးတိုင်းအတွင်းမှာဆိုရင် NUG -MOD ရဲ့ လက်အောက်ခံ ပဲခူးတိုင်း‌စစ်ဒေသခွဲအဖြစ်သီးသန့် ဖွဲ့စည်းထားပြီး၊ သူ့အောက်မှာ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်နဲ့ ပဲခူးခရိုင်ဆိုပြီး ခရိုင် ၄ ခုဖွဲ့စည်းထာခဲ့ပါတယ်။ တောင်ငူခရိုင်မှာ PDF ၃၅၀၁၊ ၃၅၀၂ တပ်ရင်း ၂ ရင်း၊ ပြည်ခရိုင်မှာ PDF တပ်ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်း ၂ ရင်း၊ ပဲခူးခရိုင်မှာ PDF ၃၇၀၁၊ ၃၇၀၂ တပ်ရင်း ၂ ရင်း နဲ့ သာယာဝတီခရိုင်မှာ ၃၈၀၁၊ ၃၈၀၂ဆိုပြီး အားလုံးတပ်ရင်း ၈ ရင်းဖွဲ့စည်းထားခဲ့ပါတယ်။

    လက်တလော ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအခြေအနေဟာ တကယ်ကို ပြင်းထန်နေပါပြီ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲကတိုက်ပွဲတွေအပါအဝင် တောင်ငူနဲ့ အနီးတဝိုက်မှာပါ စစ်မီးတောက်လာနိုင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကျောက်ကြီး၊ ရွှေကျင် အပါအဝင် ပဲခူးရိုးမ အရှေ့ခြမ်း ကျောက်တံခါး၊ ကညွတ်ကွင်း၊ ပိန်းဇလုပ်၊ ဖြူး၊ တောင်ငူလမ်းကြောင်းတစ်လျှောက်ကနေ ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။ နယ်မြေစိုးမိုးမှု လုပ်နေတာတွေလည်း တွေ့နေရပါတယ်။ 

    ဒီရက်ထဲဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲက အသိသာဆုံးက ဩဂုတ်လ ၉ ရက်နေ့မှာဖြစ်ခဲ့တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်း ကျေးရွာမှာ  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရတယ်။ အလားတူ ဩဂုတ်လ ၉ ရက်နေ့မှာပဲ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ 

    (more…)

  • အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

    အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ MOD လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိနေပေမဲ့ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကြမည့် ရဲဘော်များပါဝင်ပြီး စနစ်ကျသည့် တပ်တခုဖြစ်သည့် အညာက ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်ရေး စုစည်းနေကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ပြည်သူများကိုပြောကြားသည့် Facebook Live တွင် ဗိုလ်နဂါးက ထည့်သွင်း အသိပေးသွားသည်။
    [embedyt] https://www.youtube.com/watch?v=uHnyo5IkTXA[/embedyt]
     
    နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေးရှိသော်လည်း တိုက်ရိုက်အမိန့်နှင့်ညွန်ကြားမှုများကို လိုက်နာစရာမလိုသည့် ပြည်သူ့ထောက်ခံမှုရရှိထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှာ လှုပ်ရှားနေသော 96 Soldiers – PDF အညာဒေသ တပ်ခွဲ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA၊ People’s Revolution Alliance (PRA-Magway) တို့ရှိကြောင်း၊ Bamar People’s Liberation Army – BPLA အနေဖြင့်လည်း အညာဒေသတွင် အခြေချနိုင်ရေး ကျိုးပမ်းနေကြောင်း၊ အခြားသော MOD လက်အောက်မှာမရှိသည့် ABSDF အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များရှိနေကြောင်း သိရသည်။
     
    #RedNewsAgency

  • ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

    ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။

    ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

    ရေနွံကန်ဧရိယာ- ယင်းအတွင်းလူများပျောက်ဆုံးနေ

    ” လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်”ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။

    (more…)

  • MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

    MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

    RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။

    [embedyt] https://www.youtube.com/watch?v=ApCchuUCBN8[/embedyt]

    ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် မုံရွာ ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃၊ Monywa Night King၊ Union Liberation Front-UFL ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေတောင်ဦးကုန်း၊ ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးကြောင့် PDF ရဲဘော် (၃) ဦး ကျဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

    တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

    RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း – ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=SqJs0yW6TcI[/embedyt]

    “စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

    စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

    RNA_ဩဂုတ်(၁၁)၊ ၂၀၂၃ ခုနှစ်။
     
    ကျွန်တော်တို့ တပ်ဖွဲ့သည် ယုံကြည်မှုအပြည့်ရှိပြီး ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)တာဝန်ခံ တပ်မှူး အောင်စံရှားကပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=m17DAtJBmrg[/embedyt]
     
    #RedNewsAgency

  • မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်

    ကျော်ရဲစံ

    မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

    ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က အားကိုးတဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ နီးစပ်တဲ့ ခရိုင်တွေပဲဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် ဘက်မှာ ပုသိမ်- မုံရွာလမ်းပိုင်းကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပြီ ​ဖြစ်ပြီးတော့ မကွေးဘက်ကလာမယ်ဆို ကန်စွန်းမ ဂိတ်ကို ကျော်တာနဲ့ PDF ဂိတ်တွေ ကို ဆက်တိုက်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

    ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က အဓိကမြို့ချင်းဆက်လမ်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်းစုံ စစ်တပ်ကတောင် အသနားခံပြီး ဖြတ်ရတဲ့ အနေအထားတွေလည်း ​ကြားသိနေရပါတယ်။ ဒါတွေက မကွေးတိုင်းကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုတွေပဲ ဖြစ်ပြီးတော့ ကြေညာခြင်း မရှိတဲ့ တချို့မြို့တွေဟာ ရာနှုန်းပြည့်နီးပါး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတာပါ။

    စစ်ရေးနဲ့နယ်မြေ အနေအထားအရ အရေးပါလှတဲ့ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် နဲ့ စေတုတ္တရာနယ်တွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားရာကနေ လက်ရှိအချိန်မှာတော့ အဲဒီဒေသက က.ပ.စ တွေကိုတောင်မှ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေနေမှာရှိပါတယ်။ ဒါ့ကြောင့်ပဲ မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က စစ်တပ်ရဲ့ အသဲ နှလုံးတွေကို ဖောက်စားတော့မယ်လို့ ပြောကြားထားပါတယ်။

    (more…)