Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

    မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

    RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

    [embedyt] https://www.youtube.com/watch?v=N7qklhbB-7Q[/embedyt]

    တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

    Red News Agency

  • ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

    ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

    RNA_ဩဂုတ်(၂၂)၊၂၀၂၃ ခုနှစ်။

    အဖွဲ့အစည်းအတွင်း တပ်ရင်းမှူး တဦးက ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ ဖမ်းဆီးမည်အထိ လုပ်ဆောင်သည့် သစ္စာဖောက် ခံခဲ့ရသည်ဟု ဗိုလ်နဂါးက ယမန့်နေ့ညက ပြုလုပ်သည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။

    [embedyt] https://www.youtube.com/watch?v=b-kr8lqDjI8[/embedyt]

    NUG-MOD နှင့် ဆက်ဆံရေးကောင်းရှိနေပြီး တပ်ရင်းမှူးတဦးက ဒုစစ်ဦးစီးချုပ်အထိတောင်းသည်ကို မပေးသည့်အတွက် ဒေသတွင်းအဖွဲ့တချို့နှင့်ပေါင်းကာ သစ္စာဖောက်ခံခဲ့ရကြောင်း၊ သစ္စာဖောက်သွားသည့် ရင်းမှူးကို ထုတ်ပယ်လိုက်ပြီ စသည့် အဖွဲ့အစည်းတွင်းအခြေအနေများကို ပြောကြာားထားသည်။

    Red News Agency

  • သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

    သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

    RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။
     
    မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးထိ KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက်စစ်ကြောင်း၊ ကျိုက်ထို ပကဖ၊ Kawa PDF နှင့် တော်လှန်ရေးရဲဘော်များက ဩဂုတ်လ (၁၈)၊ နံနက် (၇)နာရီမှ (၁၁) နာရီအထိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
     
    သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့၌ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေး‌ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများက စစ်ဆေးမှုများကို တက်ကြွပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့ပြီး အစားအသောက်ပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ကြသည့်အတွက် ပူးပေါင်းပါဝင်ပေးကြသော မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါသည်ဟု Kawa PDF ကထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=ukl0_kHzla4[/embedyt]
     
    မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်များနှင့်အတူ လိုက်ပါစီးနင်းခြင်း၊ အရပ်သား ခရီးသည်တင်ယာဉ်များတွင် စစ်ဖက်ဆိုင်ရာ လက်နက်ပစ္စည်း၊ ရိက္ခာ၊ လူအင်အား တင်ဆောင်ခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တာဝန်အရ စစ်ဆေးခြင်းအား ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် ထပ်မံအသိပေး ပန်ကြားထားသည်။
     
    #RedNewsAgency

  • ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

    ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

    RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။
    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။
    ” သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိ ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

    ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

    ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုဖွဲ့မှုတွေ အမိန့်နာခံမှုတွေလည်း တိုးတက်လာပြီး စခန်းသိမ်း မစ်ရှင်များစွာ ဖော်ဆောင်ထားနိုင်တယ်

    ကျော်ရဲစံ

    စစ်ကောင်စီရဲ့ အထိနာမှုနဲ့အတူ နိုင်ငံတဝှမ်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ထိုးစစ်တွေမြင့်မားလာလျက်ရှိပါတယ်။ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုတွေ အရှိန်ဟုန်မြင့်မားလာခြင်းနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးဟာလည်း အဆင့်တန်း တစ်ခုထက်ပိုပြီးရောက်လာခဲ့တာပါ။ တိုင်းပြည်တစ်ခုလုံးရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်တဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ မြို့ပြ စစ်ဆင်ရေးတွေဟာလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။

    သြဂုတ်လ တစ်လတည်းမှာပင် မိုးကုတ် မြို့ပေါ်ကစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေက အေးဆေးတည်ငြိမ်စွာတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ Red Wolves Of Mogok က တာဝန်ရှိသူတစ်ဦးက ဖြေကြားထားပြီးတော့ အချိန်မရွေးမြို့ကို သိမ်းနိုင်ပေမဲ့ ပြည်သူတွေစစ်ဘေးဒဏ်ခံရမှာကြောင့် မြို့သိမ်းတိုက်ပွဲ မဆင်နွှဲတာလို့ သိရပါတယ်။

    ပြည်သူ့စစ်မဟာဗျူဟာအရ ရပ်ကျေးဒေသတွေကို ချဉ်းကပ်ပြီးတော့မှ မြို့ကို ဝိုင်းထားတဲ့ သဘောကို ကာကွယ်ရေးအဖွဲ့တွေက လက်ကိုင်ထားပါတယ်။ အညာဒေသမှာ တိုက်ပွဲတွေမှာလည်း မြို့ပေါ်က စခန်းတွေကို အချိန်မရွေးသွားရောက်တိုက်ခိုက်ကြပေမဲ့ စခန်းသိမ်းတာမျိုးလုပ်ဆောင်တာမတွေ့ရပါဘူး။ မြို့ပေါ်စခန်းက စစ်တပ်လက်အောက်ခံတွေကို ရှင်းလင်းပြီးတာနဲ့ လက်နက်ယူ ပြန်ဆုတ်ကြတာပါပဲ။ ဒါ့ကြောင့်ပဲ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးဆယ်ရာခိုင်နှုန်းဆိုတဲ့ အသုံးအနှုန်းကို အသုံးများနေတာပါ။

    (more…)

  • ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=FhrTh-XYylQ[/embedyt]
     
    #RedNewsAgency
     

  • လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

    လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။

    KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column – ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    (more…)

  • နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

    နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲနှင့်အတူ ၃ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်မှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး​၊ လက်နက်ခဲယမ်းတချို့ရရှိခဲ့သည့်အကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=qLfnVDg1dtw[/embedyt]
     
    #RedNewsAgency

  • ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

    ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

    RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။

    အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။

    (more…)

  • ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

    ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

    “တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်”

    နောင်ရိုး

    ကရင်နီ ပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပုန်ကန်ထကြွခဲ့တဲ့ ပြည်နယ်ဖြစ်သလို အခုချိန်မှာ တော်လှန်ရေးအင်အားစုများဘက်ကလည်း၊ လူသူလက်နက်အင်အား တောင့်တင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ စိုးမိုးနယ်မြေများရရှိထားပြီး အောင်ပွဲအလီလီရရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

    ကရင်နီတော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကရင်နီပြည်နယ် တခုလုံးအပြင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာ ကရင်နီပြည်နယ်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ်‌တွေအပြင် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ တိုက်ပွဲ‌တွေ ဆက်လက်ပြင်းထန်နေခဲ့တယ်။

    လက်ရှိစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားဟာ လွိုင်ကော်မြို့‌ပေါ်မှာပဲရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေဆိုရင် လူသူကင်းမဲ့နေပါတယ်။ ဒီမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ မိသားစုများသာ ကျန်နေတဲ့ အခြေအနေပဲဖြစ်တယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ပေါ်ရပ်ကွက်‌တွေမှအပ ကျန်မြို့နယ် အစိတ်အပိုင်းများက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ မြို့တချို့ကတော့ ကြားခံနယ်မြေအဖြစ်မျိုး ရှိနေတာပါ။ စစ်ကောင်စီကလည်း အထိန်းချုပ်နိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိန်းချုပ်ထားတာမျိုး မလုပ်ထားတဲ့ တောအုပ်ကြီးဖုံးလွှမ်းနေတဲ့ မြို့တချို့တော့ ရှိပါတယ်။

    (more…)