အာဏာရှင် စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရန် အရှိန်မြှင့်တင်သွားမည်ဟု KIOကြေညာ

RNA_အောက်တိုဘာ(၂၅)၊၂၀၂၂ခုနှစ်။

ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ အနန့်ပါဗုံးကြဲတိုက်ခိုက်ခံရမှု ဝမ်းနည်းဖွယ်ဖြစ်ရပ်ကိုတော်လှန် ရေးခွန်အားအဖြစ်ပြောင်းလဲပြီး အာဏာရှင် စစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ဖို့ အရှိန်မြှင့်တင်သွားမည်ဟု KIOဗဟိုကော်မတီက ယနေ့ ကြေညာလိုက်သည်။

(၆၂)နှစ်မြောက် KIO အခမ်းအနားကြိုဆို တွေ့ဆုံဖျော်ဖြေပွဲ ပြုလုပ်နေသည့် အောက်တိုဘာ(၂၃)ရက် ည(၈း၃၀)ဝန်းကျင်မှာ အနန့်ပါစခန်းကို စစ်ကောင်စီတပ်က က စစ်လေယာဉ် (၃)စီးနှင့် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်အတွက် အဟန့်အတားပြုလုပ်သည့်အတွက် သေဆုံးသူ များပြားခဲ့ရသည်။

KIOဗဟိုကော်မတီက ကြောညာချက်တွင် “ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည့် တော်လှန်ရေးခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ပြောကြားထားသည်။

ယနေ့သည် ကချင်လွတ်လပ်‌ရေးအဖွဲ့ – KIO ၏ (၆၂) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ အနန့်ပါသည် KIA တပ်စခန်းမဟုတ်ဘဲ ခရီးသွားများခတ္တအနားယူကြသည့် စျေးဆိုင်တန်းတွေရှိသည့်နေရာမှန်း စစ်ကောင်စီကသိရက်နှင့် ရည်ရွယ်ချက်နှင့်ပစ်ခတ်ခဲ့သည်ဟု ကြေညာ ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor