စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။

အကြမ်းဖက်စစ်ကောင်စီ၏ သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်း မိသစုများ ပြည်သူ့လွတ်မြောက်ရေးတပ်တော် – PLA စိုးမိုးနယ်မြေအတွင်း ရှောင်တိမ်းလာသူများအပါအဝင် စုစုပေါင်း ဆင် ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA ၂၂၂ တပ်ရင်းမှ ထိမ်းသိမ်းကာကွယ်ထားသည်ဟု သိရသည်။

PLA အနေဖြင့် ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ပြန်လည် ၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ကြောင်း၊ ဆင်များကို ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာအသိပေး အကြောင်းကြားထားသည်။

မန္တလေးတိုင်းအတွင်း တိုက်ပွဲ များဖြစ်ပွားမှုကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များ နှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏ မိသားစုများသည် ဘေးကင်းရာဖြစ်သော PLA လှုပ်ရှားအုပ်ချုပ်နယ်မြေအတွင်းရှိ တော​​တောင်များအတွင်း ဇူလိုင်လ ၁၀ ရက်နေ့ မှ စတင်ကာ ရှောင််တိမ်းလာခဲ့ကြကြောင်း၊ PLA စစ်နယ်မြေအတွင်းတွင် မူလက ဆင်ဝိုင်း ၁၀ဝိုင်းရှိခဲ့ရာမှ ထပ်မံ၍ ဆင်ဝိုင်း ၁၁ ဝိုင်းသည် စဉ့်ကူးမြို့နယ် မှ မိုးကုတ် -သပိတ်ကျင်း မြို့နယ်ကြားသို့ ပြောင်းရွေ့လာကြသည်စု PLA ကထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor