RNA-နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် တရားဥပဒေစိုးမှု နည်းလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ သဖန်းဆိပ်တွင် မူးယစ်ဆေးသုံးစွဲသူတွေဟာ ပေါ်ပေါ်ထင်ထင် အသုံးပြုနေကြသည်။ ကျောက်မဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးမှုရှိသော်လည်း ခဏတာသာဖြစ်ပြီး မူးယစ်သုံးစွဲသူတွေ အရောင်း အဝယ်ပြုလုပ်သူတွေဟာ ရှိနေတာဖြစ်ပါတယ်၊ ယခု Video ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ရိုက်ကူးထားသည်။
မူးယစ်ဆေး အရောင်း အဝယ်ပြုလုပ်သူတွေ ကျောက်မဲမြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသည့်အတွက် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနေသည့်အတွက် ဆေးစွဲသူများလာပြီး ဆေးဖြတ်ချင်သူနည်းပါးနေကြောင်း၊ မိမိဆန္ဒအရ မူးယစ်ဆေး ဖြတ်ချင်သူတွေအနေနှင့် ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနတွင် အချိန်မရွေးလာရောက်နိုင်ကြောင်း ကျောက်မဲမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောထားသည်။
Red News Agency