စာပြင်စာတည်း၏ မှတ်စုများ( ၆)/(၇)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ဒါဒါဝါဒလို၊နတ္ထိဝါဒလို အစွန်းရောက်တဲ့အတွေးအမြင်တွေကတော့ သူ့အလိုအလျောက်ကျဆုံးသွားမှာဖြစ်ပါတယ် -မျိုးသန့်
ရံဖန်ရံခါမှ ကြုံရတတ်သည့်စာအုပ်ကောင်း တစ်အုပ်တလေကပီတိစောင်းကြိုးကို တီးခတ်သွားတတ်၏။ -လီး အိုင်ယာကော့ကာ
ထို့အတူ စစ်တိုက်ခြင်း ခွေးရူးသတ်ခြင်း လူဆိုးသူခိုးများကိုနှိမ်နင်းခြင်းစသော အကုသိုလ်လုပ်ငန်းများ၌ အကုသိုလ်ကား အကုသိုလ် သတ်သတ်ဖြစ်၏။သို့ရာတွင် ယင်းအကုသိုလ်သည် ဥပနိဿယသတ္တိဖြင့် ဆိုင်ရာကုသိုလ်အား ကျေးဇူးပြုနိုင်၏။လောက၏အစီးအပွားအတွက်၊ဓမ္မဝါဒရှင်သန်ထွန်းကားရေးအတွက်၊မိမိ၏အကျိုးစီးပွားကိုမငဲ့ခြင်း အနစ်နာခံခြင်း တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ခြင်းသည် ကုသိုလ်သဘောရှိ၏။ထိုကုသိုလ်ကားကုသိုလ်သတ်သတ်ဖြစ်၏။ ငါ ငါ့ဥစ္စာ ငါ့အတွက် ဟူသော အတ္တကို ပို၍ပို၍ ခေါင်းပါးစေသောကုသိုလ်ဖြစ်၏။သံသရာတစ်ဖက်ကမ်းနှင့် ပို၍ပို၍နီးကပ်လာသောကုသိုလ်ဖြစ်၏။ယင်းကုသိုလ်က ဆိုင်ရာ အကုသိုလ်ကိုပယ်နိုင်၏။ ဦးရွှေအောင်မဟာဝိဇ္ဇာ(သက္ကတ)ဝဋံသကာနှင့်သိရောမဏိကုသိုလ်နှင့်အကုသိုလ်(ဒု-ကြိမ်။ရာပြည့်တိုက်ထုတ်)စာ-၁၇

အို…ဗြဟ္မဒတ်မင်းဝမ်းနည်းလို့ ငိုကြွေးလို့ ကြီးပွားမှုကို နည်းနည်းလေးတောင်မရပါ။ဝမ်းနည်းဆင်းရဲနေတာကို ရန်သူတွေသိသွားရင် ဝမ်းသာကြတယ်။ပညာရှိဆိုတာ ရန်သူတွေ ဝမ်းသာစရာအကြောင်းကို မလုပ်သင့်ပါ။ ၊ဇာတက၊ဋ္ဌ၊၃၊၁၉၁၊
တချို့လူတွေက ပါတီတစ်ခုထဲမှာ အကျင့်ပျက်စီးချင်တိုင်း ပျက်စီးပြီးတဲ့နောက် ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့ ပါတီအသစ်၊ဒါမှမဟုတ် လှုပ်ရှားမှုအသစ်တစ်ခုခုမှာ ရှေ့တန်းကနေပြီး ပြာမှုန့်က ရုန်းတက်လာတဲ့ မီးလျှံငှက်လို အသွင်ဆောင်နိုင်လိမ့်မယ်လို့ထင်နေကြတယ်။တကယ်တော့ နိုင်ငံရေးသက်တမ်းမှာ အဓွန့်ရှည်ဖို့အတွက် ဒီလို ထူးခြားဆန်းပြားမှုတွေ ဖြစ်ဖို့မလိုပါဘူး။ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါပဲ။#ကိုယ့်ကတိတွေကိုကိုယ်လေးစားပါအကျင့်မပျက်ပါနဲ့ကိုယ့်ပါတီကိုမဖျက်ဆီးပါနဲ့။ လီကွမ်ယု(၁၉၅၆)

လှံသွားချိုချို
လူကိုစား၍လေးပါးပါယ်ရွာလားဖွယ်ကိုသာလုံးပန်းရှာ၏တစ်ထွာဝမ်းကြောင့်မဖြောင့်တရားသက်မွေးမှားခဲ့လှံသွားချိုချိုရဲရဲကိုလျှင်မျိုသည့်သူမှမြတ်သေးစွတည့်… မုံရွေးဆရာတော်၏ပဉ္စာဝုဓပျို့
နောင်မှတ်ရအောင် နောင်မှတ်ရအောင်၊စာစောင်ရိုးရိုး၊သမိုင်းထိုး၍၊အမျိုးလေးပါး၊သားကမြေးလျဉ်၊အစဉ်ရှည်စွာ၊နောင်အခါဝယ်၊မဟာသီဟ၊သူရသတ္တိ၊ပဏ္ဍိဇာနည်၊ဤရပ်ပြည်က၊ဤသည်မင်း၏၊နှိပ်နင်းအာဏာ၊စိုးစံခါဝယ်၊ဖြစ်လာဖူးကြောင်း၊ထုံးဟောင်းစဉ်လာ၊တည်စိမ့်ငှာလျှင်၊ခြင်းရာသိရေး၊ရေ့နှယ်ဆေး၍၊ငါမေးဦးအံ့၊စိတ်ကူးမြဲမြံ၊ဝမ်းကကြံသည်၊  ၊နက်တံပညာရှိထုံးတည်း။  ။ မုံရွေးဆရာတော် ပဉ္စာဝုဓပျို့

သောင်သာ(ပေါရာဏ)သက်သက်သာသာတစံ့(ပေါရာဏ)အနည်းငယ်မျှထွက်နပ်ခြင်း(ပေါရာဏ)ဧည့်ခံကျွေးမွေးခြင်းရဟဿင်္ဂ၊သမန်းစဖြင့်၊ရှလေသောဟန်၊နှိုင်းရန်တရှိတွင်းသင်းမင်းကြီး၊မုဒုလက္ခဏပျို့ရဟဿင်္ဂ(ပါဠိ)အမျိုးသမီး အင်္ဂါဇာတ်(အမျိုးသား ဝှေးစေ့လည်းဟောသည်) ရသသည် စိတ်ကိစ္စဖြစ်၍အလွန်သိမ်မွေ့သည်။စာဖတ်ပြီး ခံစားရပုံကိုပုံသေပြော၍ မဖြစ်။ရသခံစားမှုသည်တစ်ဦးချင်းနှင့်ဆိုင်သည့်အတွက်ရသခံစားရပုံချင်းအတိုင်းအဆချင်း ကွဲပြားနိုင်သည်။ မောင်ခင်မင်(ဓနုဖြူ)

ကဗျာကောင်းတယ် မကောင်းဘူးဆိုတာက စပ်ပုံစပ်နည်းနဲ့ပုံစံပေါ်မှာမတည်ပါဘူး။ရေးသူရဲ့အရည်အချင်းနဲ့စွမ်းအားပေါ်မှာတည်ပါတယ်။ -သော်တာဆွေသူရဲကောင်းစာဆိုတော်များမှ
သင်္ကေတဝစနံ သစ္စံ၊ လောကသမုတိ ကာရဏံ ။ပရမတ္ထဝစနံ သစ္စံ၊ ဓမ္မာနံ တထလက္ခဏံ ။ (သုတ္တံအဋ္ဌကထာ, အဘိဓမ္မာအဋ္ဌကထာတို့၌ လာသောပါဠိ ။)
လောကီသူတို့ တညီတညွတ်တည်း မှည့်ခေါ်သမုတ်ခြင်း အကြောင်းရင်းခံသော ပညတ်စကားသည် အမှန်ပင် ။အဟုတ်ရှိသော ပရမတ္ထတရားတို့၏ ဟုတ်မှန်သော သဘောလက္ခဏာဟူသောပရမတ်စကားသည် အမှန်ပင် ။

သမုတိသစ္စာနှင့် ပရမတ္ထသစ္စာဟူ၍ နှစ်ပါးရှိသည်တွင် သမုတိသစ္စာသည် ပရမတ္ထသစ္စာနှင့် ဖက်စပ်ယှဉ်ပြိုင်လျှင် မဟုတ်မမှန် အမှားပင် ဖြစ်၏ ။သို့သော်လည်း မုသားဟုမဆိုရ သူ့နေရာနှင့်သူကား အမှန်ပင်ဖြစ်၏ ။ ဒီပဲယင်းဆရာတော် တတိယ ရွှေကျင်သာသနာပိုင် ပရမတ္ထစက္ခုကျမ်းအုန်းသီးတူနှက်တော့အဆန်ချောင်တယ်ဘုန်းကြီးလူထွက်တို့ဉာဏ်ပြောင်တယ်။အကျဉ်းအကျပ်ရှိတော့ပဉ္စင်းသတ္တိနဲ့အတင်းကပ္ပိလိုက်ထာပေါ့။
-ပါနောက် ပါနောက်မှာဆရာကြီးဒဂုန်နတ်ရှင်ဖြစ်သည်။

စာပြင်စာတည်း၏မှတ်စုများ ( ၇)

အဓိပ္ပါယ်တွေကို လေ့လာပါ

စကားလုံးတွေရဲ့
အနက်အဓိပ္ပါယ်ကိုသိမှ
အဲ့ဒီစကားလုံးတွေကို
မှန်မှန်ကန်ကန် သုံးတတ်တာမို့
အနက်အဓိပ္ပါယ်လေ့လာမှုဟာ
အရေးကြီးပါတယ်။ မောင်ခင်မင်(ဓနုဖြူ)၏ စကားလုံးတွေရဲ့အဓိပ္ပါယ်..မှ

အောင်မြင်မှု အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာ မိမိကိုယ်မိမိ ယုံကြည်ခြင်းပဲ။

အီမာဆင်
( ၁၈၀၃-၁၈၈၂)
အမေရိကန်လူမျိုး
ကဗျာဆရာ/အက်ဆေးဆရာ

လူ့တိရစ္ဆာန်

လူဆိုတာ
တစ်ယောက်ကိုတစ်ယောက်
စိတ်ဆင်းရဲအောင် ကြိုးစားပမ်းစား နှစ်မြှုပ်လုပ်ကိုင်နေတဲ့ လူ့တိရစ္ဆာန်တစ်မျိုးပါပဲ။

အိပ်ချ်.အယ်လ် မင်ကန်
(၁၈၈၀-၁၉၅၆)
အမေရိကန်လူမျိုး စာရေးဆရာ၊အယ်ဒီတာ

ရှေးထုံးမပယ်၊ပြင်သုံးမယ်

The old ways are the safest and surest ways.

-Charles Caleb Colton

နည်းလမ်းဟောင်းတွေဟာ
စိတ်အချရဆုံးနဲ့
အသေချာဆုံး နည်းလမ်းတွေပဲ
ဖြစ်ပါတယ်။

-ချာလီ ကလက်ဗ် ကော်လ်တန်
(၁၈၇၀-၁၈၃၂)
အင်္ဂလိပ်ဘုန်းတော်ကြီး

လူ့ခွေးမြီး

ဝှက်ဆိုမုသား၊နှုတ်ချိုပျားနှင့်၊စီးပွားလိုယောင်၊ရူပဆောင်၍၊မှားအောင်ပြစ်ရှာ၊ကြံတတ်စွာသား၊မေတ္တာချည်းနှီး၊လူ့ခွေးမြီးနှင့်၊တသီးတခြား၊တစ်ပါးပြည်ရွာ၊မရှောင်သာ၍၊မကွာပေါင်းဖော်၊ပြုငြားသော်လည်း၊အပေါ်ကားယှဉ်၊အထဲကြဉ်၍၊စိတ်ယဉ်နှိမ့်ချ၊အဝါးဆ၍၊ကာလအလိုက်၊သူ့အကြိုက်ကို၊  ၊စရိုက်ညီထွေ ကျင့်တတ်စေ။ အရှင်မဟာရဋ္ဌသာရ၊ဂမ္ဘီသာရပျို့

ဝေဒနာခွာတယ်ဆိုတာ
အဲ့ဒီဝေဒနာကို နှလုံးမသွင်းဘဲ
နေလိုက်တာပဲ။ သုတ်မဟာဝါဋီကာ

စာဖတ်ခြင်း

စာမဖတ်ရင် လူအလူညံ့တစ်ယောက်ဖြစ်ရလိမ့်မယ်။ စာနည်းနည်းဖတ်ရင်တော့ လူထဲဝင်ဆံ့ပြီး အသုံးတည့်သူတစ်ယောက်ဖြစ်လာနိုင်တာပေါ့။ စာများများဖတ်လာရင်တော့ လူတွေနဲ့ အဆင်မပြေတော့ဘူး။ ကဏ္ဍကောစတွေ ဖြစ်လာတော့မယ်။ စာဖတ်ရုံတင်မက ကိုယ်တိုင်ပါ တွေးတတ်ခေါ်တတ်အောင်လုပ်လာရင်တော့ ရွာပြင်ထုတ်ခံရလိမ့်မယ်။ တွေးရုံခေါ်ရုံတင်မဟုတ် ရေးတာသားတာတွေပါလုပ်လာပြီးဆိုရင်တော့ ရန်သူအဖြစ်တောင် သတ်မှတ်ခံရနိုင်တဲ့သဘောရှိပါတယ်။ အဲဒါတွေဟာ စာဖတ်ခြင်းရဲ့ တန်ခိုးပဲ။

စာဖတ်ခြင်းကြောင့် လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်တဲ့ အကြောင်းတရားတွေပါပဲ။

စာဖတ်တဲ့အခါမှာ စိတ်ဟာ နေရာဌာနရဲ့ ဘောင်ကိုလည်း ကျော်လွန်လာတယ်။ ကိုယ့်မွေးရပ်မြေတင်မက တကမ္ဘာလုံးက လူသားတွေ ယဉ်ကျေးမှုတွေ အတွေးအမြင်တွေ တန်ဖိုးတွေကိုပါ သိလာရတယ်။

စာဖတ်တဲ့အခါမှာ စိတ်ဟာ အချိန်ကာလရဲ့ ဘောင်ကိုလည်း ကျော်လွန်လာတယ်။ ကိုယ်ရှင်သန်နေတဲ့ခေတ်တင်မက အတိတ်ခေတ်ကာလတွေက စုဆောင်းထားတဲ့ လူ့အသိဉာဏ်ဘဏ်တိုက်တံခါးတွေကို ဖွင့်နိုင်လာတယ်။ ခေတ်အတွေးဘောင်တွေကို ကျော်ပြီး တွေးနိင်မြင်နိုင်လာတယ်။

ကိုယ့်ရဲ့ အသိပညာဗဟုသုတနဲ့ တွေးမြင်နိုင်စွမ်းတွေ အားကြီးလာလေလေ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ သဟဇာတ မဖြစ်လေလေပါပဲ။ သူတို့က ပစောက်လို့ပဲ မြင်တဲ့အချိန်မှာ ကိုယ်က ဂငယ်ရော င ရော (၁) ရော ကို မြင်ပြရင် ပြဿနာတက်စရာရှိလာတယ်။

ကိုယ်ကလည်း ကိုယ့်ကိုယ်ကို ဘဝင်မြင့်ရောဂါစွဲကပ်လာနိုင်သလို သူတို့ကလည်းကိုယ့်ကို လူ့ဖီလာကန့်လန့် လူ့ဂွစာအဖြစ်မြင်မှာပါပဲ။ ဒါ တကယ်ကို သဘာဝကျတယ်။ လူအများနဲ့ အဆင်ပြေပြေနေနိုင်နေသေးတယ် အတွေးတူနေသေးတယ်ဆို သေချာတယ် ခင်ဗျား စာသိပ်မဖတ်သေးဘူး။ နက်နက်နဲနဲမတွေးခေါ်သေးဘူး။

ပိုက်ဆံချမ်းသာချင်ရင် စာမဖတ်ပါနဲ့။ ပညာကိုစောင့်ရှောက်တာ သူရဿတီ။ သူ က ဥစ္စာကို စောင့်တဲ့ လက်ချမီ နဲ့ လင်လုဘက်။ ဘယ်တော့မှ လက်ချမီ က စာချစ်သူတွေကို မစောင်မဘူး။ လက်တွေ့အလုပ်လုပ်တဲ့သူတွေကိုပဲ လက်ချမီ က စောင်မတာ။ ပညာသမားတွေ ဟာ သူရဿတီ ရဲ့ ဗျတ်စောင်းသံလေးပဲ ကြားရလိမ့်မယ်။

လူတွေနဲ့လည်း အစေးမကပ် ပိုက်ဆံကလည်းမွဲစေတော့ စာဖတ်ရတာ ဘာအကျိုးရှိသလဲပေါ့။

စာဖတ်ခြင်းရဲ့ အကျိုးကတော့ လူဖြစ်ရကျိုးနပ်တာပါပဲ။ ဘဝတိုတိုလေးမှာ ကိုယ်တစ်ယောက်တည်း မသိနိုင်တဲ့ ကိစ္စတွေအများကြီး ကို စာပေပြတင်းပေါက်ကနေ မြင်ရနိုင်တယ်။

လူသားအနွယ်ကြီးရဲ့ ဇာတ်ထုပ်ကြီး တစ်ခုလုံးကို သမိုင်း စာပေ အနုပညာ ဒဿန နဲ့ ဘာသာတရားစာပေတွေက နေ တနံတလျား ခံစားလို့ရတယ်။

ကိုယ့်အသိဉာဏ်မိုးကုပ်စက်ဝိုင်း က စာအုပ်စာပေတွေရဲ့ မှန်ဘီလူးတွေကနေ ချဲ့ထွင်မျှော်ကြည့်နိုင်တယ်။

တစ်သက်တာမှာ ရေပွက်ပမာ ကာမဂုဏ်လေးတွေထဲ နစ်မွန်းရင်း ဘုမသိဘမသိ သေရတာထက်စာရင် အသိတရားတွေရယ် သိခြင်းရဲ့ အကန့်အသတ်တွေရယ် မသိနိုင်တာတွေရယ်ကို သိခွင့်ရပြီး သေရတာ လူဖြစ်ရကျိုးနပ်တယ်လို့ ထင်မိရင်တော့ စာဖတ်ခြင်းဟာ သင့်အတွက် အကျိုးရှိပါလိမ့်မယ်။ လင်းထက်ဆွေ

ကျော် ၄-ပါးခေါ်၊ ဆရာတော်၊ စာပေါ် နာမည်ကြီး ။ ။ ဆရာတော်ဦးဗုဓ်စသော ကျမ်းတတ်ဆရာအစဉ်အဆက်တို့ချီးမွမ်းပြောဆိုမှတ်သားကြကုန်သော မြန်မာနိုင်ငံ ကျမ်းတတ်အကျော် ဆရာတော် ပုဂ္ဂိုလ်ကျော်ကြီးလေးပါး။
(၁) ပုဂံ သဒ္ဒနီတိဆရာတော် အရှင်အဂ္ဂဝံသ၊
(၂) စစ်ကိုင်း အရှင်အရိယဝံသ ဆရာတော်၊
(၃) အင်းဝ ဝရာဘိသင်္ဃနာထဆရာတော်၊
(၄) တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသတို့ ဖြစ်ကြ၏။ သုတေသနသရုပ်ပြအဘိဓာန်

ဝေဒနာ

ဝေဒနာက ကာယကိုမှီပြီး ဖြစ်ရတာ။
သူအားကိုးတဲ့ ကာယတောင်မမြဲတာ သူက မြဲစရာလား။
ဝေဒနာဆိုတာ အကြောင်းတရားရှိလို့ ဖြစ်လာတာ။
အဲ့ဒီအကြောင်းတရားတောင်မမြဲတာ
ဝဒေနာက မွဲစရာလား။ သီတဂူဆရာတော်၊ဝေဒနာဒဋ္ဌဗ္ဗ…မှ

လူ

The best definition of man is: an ungrateful biped-
-Dostoyevsky

လူဆိုတာဘာလဲလို့
အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရရင်
ကျေးဇူးကန်းတဲ့ ခြေနှစ်ချောင်းသတ္တဝါလို့ပဲ ဖွင့်ဆိုရမှာ ဖြစ်တယ်။

-ဒေါ်စ်တိုယက်ဗ်စကီ
(၁၈၂၁-၁၈၈၁)
ရုရှားစာရေးဆရာ

သာသနခေါင်းထီး၊ စေတီကြီး၊ တည်ပြီးမြတ် ၁၀-ဆူ။ ။ သာသနာတော်၏အစအဦး
စေတီတော်ကြီးများ ဟုလည်း အဆိုရှိကြသည်၊ သာသနာ့ထိပ်ခေါင်တင် ထီးဘုရင်ဖြစ်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သက်တော် (၈၀) ဝါတော် (၄၅) ရရှိတော်မူရာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် မလ္လာမင်းတို့၏သာမောရဂုံ အင်ကြင်စုံမြိုင် ဂနိုင်ဟေမာ ဥယျာဉ်တော်သာ၌ ရွှေပြည်နိဗ္ဗာန် စံဝင်တော်မူသောအခါ သူပိုင် ငါပိုင် ဓာတ်တော်ပြိုင်လုကြသည့် ဘုရင်မင်းအပေါင်းတို့၏ဆရာ ဒေါနပုဏ္ဏားကြီးက ဖြန်ဖြေ ဟောကြား ရန်မီးပွားငြိမ်းစေကာ ဓာတ်တော်များကိုဝေခြမ်းပေးရာ ဓာတ်တော်ဝေစုရ ထီးဆောင်းမင်း အပေါင်းတို့သည် ကိုယ့်တိုင်းပြည် ကိုယ့်ဌာန၌ အသီးအသီး စေတီတော်ကြီးများ တည်ထားကိုးကွယ် ကြရာဝယ် ထိုကာလက စေတီတော်ကြီး ၁၀-ဌာနကို ဝင်ကိုးဝင်တို့တွင် တပါးပါဝင်သော (ထူပဝင်) ထူပဝံသပါဌ် သီဟိုဠ်မူမှ ထုတ်ယူပြသည်။
(၁) ရာဇဂြိုဟ် ပြည်ကြီး၌—————————– ၁-ဆူ၊
(၂) ဝေသာလီ ပြည်၌——————————— ၁-ဆူ၊
(၃) ကပိလဝတ် နေပြည်တော်ကြီး၌———————၁-ဆူ၊
(၄) အလ္လကပ္ပ ပြည်၌————————————၁-ဆူ၊
(၅) ဝေဋ္ဌဒီပက တိုင်း၌ ———————————-၁-ဆူ၊
(၆) ပါဝေယျက တိုင်း၌ ———————————-၁-ဆူ၊
(၇) ရာမ ရွာ၌——————————————–၁-ဆူ၊
(၈) မလ္လတိုင်း ကုသိနာရုံ၌——————————–၁-ဆူ၊
(၎င်းင်း စေတီတော်ရှစ်ဆူတို့၌ ဓာတ်တော် တစိတ်သားစီ ဌာပနာ၏)
(၉) ပိပ္ပလိတိုင်း၌ မီးသွေးဓာတ် ဌာပနာတော်————–၁-ဆူ၊
(၁၀) ဒေါနပုဏ္ဏားကြီး၏ ဓာတ်တော်များ ခြင်ဝေပေးသော ရတနာရွှေပြည်တောင်းကို ဌာပနာသည့် စေတီတော်တဆူအားဖြင့် ပေါင်း ဆယ်ဆူတို့ ဖြစ်ကုန်၏။ နိုင်ငံတော်မူ မဟာဗုဒ္ဓဝင်

ငှက်မြတ်နားတွင်၊ ထုံးတမ်းဝင်၊ ၄-အင် ငှက်မျိုးအဘယ်နည်း။ ။ ဗုဒ္ဓဘာသာဝင်တို့ တည်ထားကိုးကွယ်ကြသည့် ပုထိုးစေတီ၏ မကိုဋ်စိန်ဖူးအောက်တွင်ပါဝင်သော ငှက်မြတ်နားခေါ် ဝတ္ထု၌ ထည့်သွင်းပြုလုပ်ရသည့် ငှက်မြတ်မျိုး ၄-ကောင်ကို ရှေးဆရာများထံမှ (ဟင်း လင်း ကြက် ကျေး၊ ငှက်မြတ်လေးကောင်၊ ထည့်ဆောင်လုပ်ထား၊ ငှက်မြတ်နားဟု၊ ခေါ်ငြားသမု၊ လူတို့ပြု၏)ဟူသော ပေါရာဏိက ပရိဘာသာကို ကျောင်းသားဘဝက လက်ရေးစာအဖြစ် ကျက်မှတ်ထားဖူး၏၊ ကြောင်းရင်းအဓိပ္ပါယ်မှာ။
၁၊ ဟင်း- ဟင်းသာငှက်မြတ်၊
၂၊ လင်း-လင်းမြီးဆွဲငှက်မြတ်၊
၃၊ ကြက်၊ ကြက်ဖ ငှက်မြတ်၊
၄၊ ကျေး- ကြက်တူရွေးခေါ် ကျေးငှက်မြတ်၊ ပေါင်း လေးပါးဟူ၏။ သုတေသန်သရုပ်ပြအဘိဓာန်

တရားသူကြီး၊ ကျင့်သုံးမှီး၊ ထုံးနည်း အင် ၉-ဖြာ။ ။ တရားသူကြီး ခုံသမတ်ပြုလုပ်သူတို့ လိုက်နာတတ်သိ ပြည့်စုံထားရမည့် အင်္ဂါရပ်ကိုးပါးဟူ၏၊ မာနုဿိက ဓမ္မသတ်ကျမ်းရင်းနှင့် ၎င်းဋီကာတို့၌လာသည်။
(၁) များသောသုတကြားနာမှုရှိခြင်း၊
(၂) ဆန်းကြယ်များပြားစွာ မေးစစ်တတ်ခြင်း၊
(၃) နူးညံ့သာယာ သူကြည်ဖြူစွာဆိုတတ်ခြင်း၊
(၄) တည်ကြည်ဖြောင့်မတ်၍ သီလရှိခြင်း၊
(၅) အမှုမှန်ကို ရဲဝံ့စွာစီရင်ဝံ့ခြင်း၊
(၆) ပိဋက ဗေဒင် ဓမ္မသတ်တတ်ခြင်း၊
(၇) စီရင်ထုံးနည်းများစွာတို့ကို မှတ်သားတတ်ခြင်း၊
(၈) သဘင်လယ်၌ တိကျမှန်ကန်စွာ ဆိုဝံ့ မိန့်ဝံ့ရှိခြင်း၊
(၉) လူမျိုးခြားတို့၏စာပေစကားကို တတ်သိနားလည်းခြင်း။
မှတ်ချက်။ ။ ဤ၌ တရားသူကြီး အင်္ဂါ ၃-ပါး၊ ၅-ပါး၊ ၇-ပါး၊ ၈-ပါး စသည်ဖြင့်လည်း ထိုထိုနီတိ ဓမ္မသတ်၌ လာရှိသေး၏။ သို့သော် ဤအင်္ဂါ ၉-ပါး၌ အကျုံးဝင်သည်သာ။ သုတေသနသရုပ်ပြအဘိဓာန်

ဓမ္မဒေသနာ ၂ မျိုး

၁။ သံခိတ္တဓမ္မဒေသနာ- အကျဉ်းချုပ် မာတိကာမျှကို ရွတ်ဆို ဟောကြားခြင်း၊

၂။ ဝိတ္ထာရဓမ္မဒေသနာ- အကျဉ်းချုပ်မာတိကာကို အကျယ်ချဲ့၍ ဟောကြားခြင်း။

(အံ၊ဋ္ဌ၊၂။၁၁။)

Red News Agency ( ဆက်လက်ဖော်ပြပါမည်)

By Editor

Leave a Reply

Your email address will not be published. Required fields are marked *