Red News Agency

Independent Journalism for Justice and Human Rights.

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

Written by

in

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။

” ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ” ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။

အလားတူ ပန်းဘဲတန်း ၊ ကျောက်တံတား၊ တာမွေမြို့နယ်များရှိ ရပ်ကွက်များတွင် လွတ်လပ်ရေး​‌နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ မပြုလုပ်ကြကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူများက ပြောသည်။

” ခါတိုင်းဆိုရင် ရပ်ကွက်ထိပ်က ဘောလုံးကွင်းထဲမှာ တအုံးအုံးနဲ့ပေါ့ဗျာ။ဒီနှစ်တော့ ဘာမှမရှိပါဘူး။ မြို့ထဲဘက် လမ်းမတော်ဘက်တွေမှာလည်း ဘာပွဲမှ မရှိဘူး။ လွတ် လပ်ရေးနေ့ ဟုတ်ကော ဟုတ်ရဲ့လား ဆိုပြီး သံသယ ဖြစ်မိတယ်” ဟု အလုံမြို့နယ် နေထိုင်သူတဦး ပြောသည်။

ရန်ကုန်ရှိ​မြို့နယ်အသီးသီးတွင် လွတ်လပ်ရေးနေ့ ပျော်ရွှင်ပွဲများ မရှိသလောက် နီးပါး ဖြစ်သွားခဲ့သော်လည်း ဒလမြို့နယ်ရှိ ရပ်ကွက်တချို့တွင် ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲ စီစဥ်ပေးထားသည်ကို တွေ့ရကြောင်း ဒလမြို့ခံတဦးကပြောသည်။

နှစ်စဥ် လွတ်လပ်ရေးနေ့ရောက်တိုင်း မြို့နယ် အသီးသီးရှိ ရပ်ကွက်များ၊ လမ်းများ၊ ဘောလုံးကွင်းများတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဖူဆယ်ပြိုင်ပွဲ၊ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ဘော်လီဘောပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပြေးခုန်ပစ် ပြိုင်ပွဲများ၊ အာလူးကောက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲ ပူဖောင်းဖောက်၊ ဂုန်နီအိတ်စွပ် စသည့် အားကစားနည်းများကို လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များဝင်ရောက်ယှဥ် ကစားကြကာ ပျော်ပွဲရွှင်ပွဲ များ အစဥ်အလာမပျက် ကျင်းပလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ၇၃ နှစ်​​​မြောက် လွတ်လပ်ရေး နေ့တွင် ကိုဗစ်ကြောင့် အဆိုပါ ပျော်ပွဲရွှင်ပွဲများအကန့်အသတ်ဖြင့် ကျင်းပခဲ့ရသည့် အတွက် နည်းသွားခဲ့‌သော်လည်း ယခုနှစ်ကဲ့သို့ မြို့နယ် အသီးသီး ပျော်ပွဲရွှင်ပွဲများ ငြိမ်သက် ဆတ်သုဥ်းသွားသည်အထိ မဖြစ်ခဲ့‌ကြောင်း စုံစမ်းသိရှိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *