RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။
မကွေးတိုင်းအတွင်းအပါအဝင် မဟာမိတ်များဖြင့်ဖော်ဆောင်နေသော စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်ရေးများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်သော ဒရုန်းစစ်ဆင်ရေးများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အစဉ်အမြဲကြိုးပမ်းနေသည်ဟု ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ က ပြောကြားထားသည်။
စစ်အာဏာရှင်စနစ် အပြစ်ဖြတ်နိုင်ရေး လက်နက်ကိုင်တိုက်ပွဲများတွင် ဒရုန်းနည်းပညာဖြင့် ပါဝင်တိုက်ပွဲဝင်နေသော ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၁၂ ရက်) တွင် (၅)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အသက်နှင့်ခန္ဓာ စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြု ဦးညွတ်ကြောင်း စသဖြင့် (၅) နှစ်ပြည့် နှစ်ပတ်လည်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




ဓာတ်ပုံ – ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့
လက်ရှိကာလသည် နွေဦးတော်လှန်ရေး၏ အရေးကြီးသော ကာလဖြစ်သည်နှင့်အညီ ဒရုန်းနည်းပညာ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါလာပြီ ဖြစ်ပြီး၊ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲ၍ ဒရုန်းစစ်ဆင်ရေးများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိကြောင်း၊ UG/MOD ၏ လမ်းညွှန်ကွပ်ကဲမှုကို အပြည့်အဝခံယူပြီး တိုက်ပွဲဝင်နေသည်ဟု ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ပြောကြားထားသည်။
#REDNEWS #RNA #RedNewsAgency