ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

RNA_မတ် (၁၆)၊၂၀၂၆ ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့တစ်ခုလုံးကို ကိုးကန့်တပ်မတော် (MNDAA) မှ အပြည့်အဝထိန်းချုပ်ထားကြောင်းကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက Red News Agency ကို အတည်ပြု ပြောကြားသည်။
၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် တအာင်းတပ်တော် (TNLA) နှင့် MNDAA တပ်ဖွဲ့တို့ ကွတ်ခိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် မြို့ကနေ ဆုတ်ခွါသွားသည့်အတွက် ကွတ်ခိုင်မြို့တစ်ခုလုံးကို MNDAA တပ်ဖွဲ့မှ ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။

“တစ်မြို့လုံးကို သိမ်းထားတာတော့ ဟုတ်တယ်။ အားလုံးကို ထိန်းလိုက်ပြီဗျ။ တင်းမာမှုအခြေအနေကိုတော့ ကျွန်တော်လည်း သေချာမသိဘူး” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။
ကွတ်ခိုင်မြို့ပေါ်ရပ်ကွက် ၈ ခုနှင့် TNLA အထိုင်ချထားသည့် ဗျူဟာကုန်းတို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်TNLA ထိန်းချုပ်ထားသည့် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့နယ်တို့အစပ် ၁၂ မိုင်ကျေးရွာတဝိုက်ကိုလည်း MNDAA က ဆက်လက်တိုက်ခိုက်ကြောင်း တအာင်းဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Ham Khung Ta’ang ကလည်း ဖော်ပြထားသည်။
By Editor