RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ပညာရေး ကျန်းမာရေးအပါအဝင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန (၁၁) ခုအတွက် ဝန်ကြီးများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဒေါက်တာနေဝင်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးခန့်ဝေဖြိုး၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတင်အောင်မိုး၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်အောင်၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးတိုးဝေအောင်၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီးဌာန ဦးဇင်မင်းထွန်း၊ တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဘွဲ့ဟုပ်ထန်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ရတီအုန်း၊ ဖက်ဒရယ်ယူနစ်ရှေ့နေချုပ်ရုံး ရှေ့နေချုပ် ဦးအောင်ချစ်ညိုတို့ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ(၆၉)အရ “စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ဝင်များ’’ အား ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
#REDNEWS #RedNewsAgency










