မိုးကုတ်နှင့်မိုးမိတ်မြို့က TNLA တပ်များဆုတ်ပေးပြီး အပစ်အခတ်ရပ်စဲမည်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၅ခုနှစ်။

TNLA အနေဖြင့် သတ်မှတ်သဘောတူထားသော ကာလအတွင်း မိုးကုတ်နျင့် မိုးမိတ်မြို့နယ်မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ပြီးတော့ မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ (၀၀း၀၀)နာရီအချိန်မှ စတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ယနေ့ TNLA ကထုတ်ပြန်လိုက်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကော်မရှင်တပ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇-၂၈)ရက်နေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။

တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ပြီးဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့မှစပြီး အပစ်အခတ်ရပ်စဲသည်ဟု ဆိုသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor