တညောင်ရဲစခန်းတိုက်ပွဲတွင် ရဲ (၈) ဦးကျဆုံးပြီး ရဲမိသားစုဝင်များအား ဖမ်းဆီးထား

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းအား စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ကာ စခန်းတစ်ခုလုံးအား သိမ်းဆည်းပြီး မီးရှို့နိုင်ခဲ့သည့်အပြင် ရဲမိသားစုဝင်များအား ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

တညောင်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈) ဦးသေဆုံးပြီး၊ ရဲ (၂) ဦးလက်နက်ချဖမ်းဆီးခံခဲ့ကြောင်း၊ G3 (၅) လက်၊ Ma – 13 (၁) လက်နှင့် ကျည်များသိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအတွင်း စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲစခန်းအတွင်းမှ ကင်းဘန်ကာများအား အပြီးသတ်သိမ်းပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းဆည်းပြီးချိန် နံနက် ၈ နာရီ ၂၃ မိနစ်ခန့်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း (စလင်း – ပကဖ) ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor