စာရေးဆရာ မောင်သာချို၏ ဈာပန

RNA_ဇူလိုင်(၁၃)၊၂၀၂၅ ခုနှစ်။

ကွယ်လွန်သူ မြန်မာစာပါမောက္ခ (အငြိမ်းစား)၊ ဒေါက်တာ ညွန့်သောင်း (စာရေးဆရာ မောင်သာချို) ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့က ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာကို အုတ်ဂူသွင်းခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ဆရာမောင်သာချိုအား ဖမ်းဆီးပြီး စစ်အာဏာမသိမ်းမီ ရေးသားခဲ့သော ဆောင်းပါးများသည် နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ တွင် လွတ်ငြိမ်းသက်သာဖြစ် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။

#RedNewsAgency #RedNews #RNA

By RNA Editor