RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင် – ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသော စီမံကိန်းရုံးတိုက်ပွဲတွင် Burma Revolution Rangers တပ်ဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ရဲဘော်၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စီမံကိန်းရုံးတိုက်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၄ နာရီမှစတင်ကာ ည ၇ နာရီထိတိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်ပြီးနောက် စစ်သုံ့ပန်း (၁၂) ဦးနှင့်အတူ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့ သိမ်းဆည်းရမိခဲ့သည်ဟု Burma Revolution Rangers မှထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲဒုတပ်ကြပ် တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတပ်ကြပ် သက်ကိုကို၊ တပ်ကြပ် ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်းတို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။
#RedNewsAgency #REDNEWS #RNA