မြန်မာပြည်မြောက်ပိုင်းရှိ ABSDF အမှတ် (၂) စစ်ကြောင်း အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ

RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် အမှတ် -၂ စစ်ကြောင်း (မြန်မာပြည်မြောက်ပိုင်း) မှ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ABSDF ဒု-ဥက္ကဌ၊ မဟာမိတ်အဖွဲ့စည်းများဖြစ်ကြသော အာရက္ခတပ်တော် ULA/AA မှ တပ်မှူးများ၊ KIO/KIA မှ အုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှ အရာရှိများ၊ ကျောက်ဆည်ခရိုင် အမှတ် (၃) တပ်ရင်းမှ တပ်မှူးများ၊ ABSDF အမှတ်-၂ စစ်ကြောင်း အပတ်စဉ်(၂) ဆေးသင်တန်းသူ၊ သင်တန်းသားများ၊ အပတ်စဉ် (၁၀)အခြေခံစစ်ပညာသင်တန်းသားများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor