နတ်လေရန် လေကြောင်းရန်ကာကွယ်ရေးတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)၏ ကာကင်းစခန်းတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော ကာကင်းစခန်းကို ACDF၊ CDF – Asho နှင့် NSA တို့ ပူးပေါင်းပြီး ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ခွန်ဇူရွာလမ်းခွဲ ကာကင်းစခန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းပြီး ၁၅ မိနစ်ခန့် ပစ်ခတ်စဉ် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွ ထွက်ပြေးသွားသည့်အတွက် စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးကာ (၁) ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MA (၅) လက်၊ BN 100 စိန်ပြောင်း (၁) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကထုတ်ပြန်ထားသည်။



ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) အနေဖြင့်လည်း နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်ရေးလုပ်ဆောင်စဉ် ဇွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃) ရက်တာ ကာလအတွင်း နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၁၄) ဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor