မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

RNA_မေ(၂၅)၊၂၀၂၅ခုနှစ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော် – Ramonnya Mon Army (RMA) ကို မေလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

NMSP (AD) နိုင်ငံရေး စစ်ရေးကော်မတီဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော်၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ပူးပေါင်းထားသည့် (၂) ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့သည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor