RNA_မေ(၃)၊၂၀၂၅ခုနှစ်။
ပဲခူးတိုင်း (အနောက်ခြမ်း)၊ ပေါင်းတည်မြို့မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲဘော်ဟောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော် စောနိုင် (အသက် ၅၆ နှစ်)၏ ဈာပနအခမ်းအနားကို ယနေ့ (မေလ ၃ ရက်) နေ့လယ်ပိုင်းက မဲဆောက်မြို့မှာ ကျင်းပခဲ့သည်။
ရဲဘော်စောနိုင်သည် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ပြီးနောက် ဗကသ၊ DPNS စသည့်အဖွဲ့အစည်းများတွင် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာချိန်တွင် ပေါင်းတည် ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ NNER၊ မင်္ဂလာဇေယျုံပညာဒါနကျောင်း၊ လယ်သမားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးစသည်တို့ကိုလုပ်ဆောင်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ပြီးနောက် မဲဆောက်မြို့ကို ရောက်ရှိနေစဉ် ဧပြီလ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့သည်။
#RedNewsAgency #REDNEWS #RNA