ရေနံ့သာရဲကင်းမှ စခန်းမှူးမြတ်သွင်အောင်နှင့်အဖွဲ့ ထွက်ပြေး

RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သရက် – ကံမ – ပြည် ကားလမ်းဘေး၊ ကပစ (၁၂) နှင့် (၁၃)မိုင်အကွာ၊ ရေနံ့သာကျေးရွာရှိ ရဲကင်းစခန်း တိုက်ခိုက်ခံရစဉ် စခန်းမူး မြတ်သွင်အောင်နှင့်အဖွဲ့ထွက်ပြေးကြကြောင်း သိရသည်။

ရေနံ့သာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) တို့ ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့ နံနက် (၅)နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရဲကင်းစခန်းတိုက်ခိုက်ခံရမှုအတွင်း စခန်းမှူးနှင့်အဖွဲ့ထွက်ပြေးသွားသည့်အတွက် ဝင်ရောက်ရှင်းလင်းရာတွင် ရဲတပ်ကြပ်အဆင့် သုံးပန်း (၁) ဦးနှင့်အတူ G3 (၁)လက်၊ G3ကျည်ဘောက် (၃)ခု၊ ကျည်မျိုးဆုံ (၁၀၀၀) ကျော်၊ ကား (၂) စီး၊ ဆိုင်ကယ် (၄)စီးအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းအချို့အား သိမ်းဆည်းကာ ရဲစခန်းအား မီးရှို့ပြာချခဲ့သည်ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်းက ထုတ်ပြန်ထားသည်။

#RedNewsAgency #RedNews #RNA

By RNA Editor