တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲဘော်များပါဝင်သော မဟာမိတ်များနှင့် တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး၊ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် (၁၈) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၂၃) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ (၆၃) ဦးသေဆုံးပြီး အရှင် (၁၈) ဦးဖမ်းဆီးရမိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။

ငဖဲမြို့နယ်၊ နတ်ရေကန်အနီး၊ ပဇီကျေးရွာမှ လိုင်ကျေးရွာ လမ်းခွဲအနီး၊ ပုသိမ်-မုံရွာကားလမ်းရှိ ပဒါန်းမြို့အဝင်ဂိတ် စသည်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ PRA-Magway အနေဖြင့် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမ်း-ပဒါန်း စစ်ဆင်ရေးတွင် တိုက်ပွဲဝင်နေသည်ဟု သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor