RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF၊ စစ်ဒေသ (၃) သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးသည် ရှေ့တန်းစစ်မျက်နှာတစ်နေရာ၌ ဧပြီလ ၄ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်အား ရဲရင့်စွာ တော်လှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
တော်လှန်တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားသော ရဲဘော်အောင်ဖြိုးဝေအား ဝမ်းနည်းခြင်းများစွာနှင့်အတူ ဂုဏ်ပြုဦးညွှတ်အလေးပြုလိုက်ကြောင်း၊ ရဲဘော်၏ တိုက်ပွဲဝင်စိတ်ဓာတ်ကိုဆက်လက်စွဲကိုင်ပြီး ခရီးဆုံးခန်းတိုင်အောင် ချီတက်ကြမည်ဟု ကတိသစ္စာအဓိဌာန်ပြုကြောင်း၊ ရဲဘော်အောင်ဖြိုးဝေ(ခ) ဗလကြီး(ခ) နတ်ဆိုး၏ စျာပနအခမ်းအနားအား ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့သည်ဟု BLDF သလ္လာဝတီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA