RNA_မတ်(၁၈)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်မှ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့ရာတွင် ဒေသခံပြည်သူ (၄၀) ဦးသေဆုံးခဲ့ရရကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ပံလှကျေးရွာကို မတ်လ ၁၇ ရက်နေ့လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃) ဦး၊ မတ်လ ၁၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃၁) ဦး၊ မတ်လ ၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၆) ဦး သေဆုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများထဲတွင် ကလေးငယ်၊ အမျိုးသမီးများပါဝင်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်တွင် ဒဏ်ရာရရှိသူ (၅၀) အထက်ရှိကြောင်း၊ လက်ပံလှကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
#RedNewsAgency #REDNEWS #RNA